နေပြည်တော် ၂၀၁၉ ဒီဇင်ဘာ ၇
ပညာရေးဝန်ကြီးဌာန၊ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Myanmar Kindness Foundationတို့ပူးပေါင်း၍ လူငယ်လူရွယ်များအလုပ်အကိုင် အခွင့်အလမ်းများရရှိရန်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ကာလတိုသက်မွေးပညာသင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မိုင်းနားရွှေ့ပြောင်းနေထိုင်သူများစခန်း(KBC) ၌ကျင်းပသည်။
ရှေးဦးစွာသင်တန်းသားသင်တန်းသူများက“ i have a dream “ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိုင်းနား စခန်းအတွင်းရှိကျောင်းပြင်ပရောက်လူငယ်များအတွက် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် သက်မွေး ပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများဖြစ်သော House Wiring သင်တန်း၊ Sewing သင်တန်း၊ Hospitality Basic Courses သင်တန်းများကိုMHTi- Myanmar Hospitality& Tourism Institute နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မြစ်ကြီးနား)ရှိဆရာ၊ဆရာမများပူးပေါင်း၍ (၅-၁၁-၂၀၁၉)မှ (၆-၁၂-၂၀၁၉)ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခဲ့ပါကြောင်း၊ သင်တန်းသို့ မိုင်းနား(KBC) စခန်း၊ ဝိုင်းမော်မြို့၊ ပူတာအိုမြို့၊ မိုးကောင်းမြို့၊ ဖားကန့်မြို့၊မိုးညှင်းမြို့၊ မန်စီမြို့နှင့် မြစ်ကြီးနားမြို့ အနီးအနားရှိကျေးရွာများမှ သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ပြီး House Wiring သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၁)ဦး၊ Sewing သင်တန်းတွင် တက်ရောက်ပြီးစီးသူ(၁၇)ဦးနှင့် Hospitality Basic Courses သင်တန်းတွင် တက်ရောက်ပြီးစီးသူ (၃၅)ဉီး၊ စုစုပေါင်း(၈၃)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့်
သင်ယူမှုအခွင့်အလမ်းများတိုးချဲ့နိုင်ရေးပံ့ပိုးဆောင်ရွက် နေသကဲ့သို့
အရည်အသွေးပြည့်ဝသည့် TVET သင်ကြားသင်ယူလေ့ကျင့်ရေးစနစ်
ဖြစ်ပေါ်လာစေရေးကိုလည်းဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ IDP
စခန်းနှစ်ခုဖြစ်သည့် (မိုင်းနား KBC နှင့် မိုင်းနား RC)
စခန်း(၂)ခုလုံးရှိလူငယ်များနှင့်
တွေ့ဆုံဆွေးနွေးချက်အရလူငယ်များတက်ရောက်လိုသည့် စက်ချုပ်သင်တန်း၊
ကွန်ပျူတာသင်တန်း၊ ကားမောင်းသင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ ကားပြင်သင်တန်း၊
မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း၊ အလှပြင်သင်တန်း၊
အင်္ဂလိပ်စကားပြောသင်တန်း၊ မုန့်ဖုတ်သင်တန်း၊ လျှပ်စစ်သွယ်တန်းခြင်း
သင်တန်းများကိုထပ်မံဖွင့်လှစ်နိုင်ရေးကချင် ပြည်နယ် အစိုးရအဖွဲ့နှင့်
ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သက်မွေးပညာသင်တန်းကိုအရည်အချင်းရှိစွာ
သင်ယူတတ်မြောက်ပြီးပါကဒေသအတွင်း၊ နိုင်ငံအတွင်း၌
အလုပ်အကိုင်ကောင်းများရရှိကာ တစ်ဦးချင်းဝင်ငွေတိုးတက်ရရှိစေပြီး လူနေမှုဘ၀
ပိုမိုတိုးတက် ကောင်းမွန်လာ စေမည်ဖြစ်ပါကြောင်း၊ သင်ယူတတ်မြောက်ပြီးသည့်
သက်မွေးပညာရပ်အပေါ်အခြေခံ၍ ပိုမိုအဆင့်မြင့်သော သက်မွေး
ပညာရပ်များကိုဆက်လက်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ
ကချင်ပြည်နယ်အတွက် ကျွမ်းကျင် လုပ်သားနှင့်အသိပညာရှင် အတတ်ပညာရှင်များ
ရရှိလာစေနိုင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့်
လူ့စွမ်းအားအရင်းအမြစ်များလည်း ရရှိလာစေနိုင်မည်ဖြစ်ပါကြောင်း၊ယခုကဲ့သို့
လိုအပ်ချက်အခြေပြု သက်မွေးပညာ သင်တန်းများဖွင့်လှစ်
နိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြသောအစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းအားလုံးကို
ကျေးဇူးတင်ပါကြောင်းစသဖြင့် ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဝမ်းမြောက်စကားပြောကြား သည်။
ယင်းနောက်
Myanmar Kindness Group Foundation မှဒေါ်ခင်မာလာ၊ MHTi- Myanmar
Hospitality& Tourism Institute မှ
ကျောင်းအုပ်ကြီးဦးအောင်မြစိုးတို့ကသင်တန်းသားသင်တန်းသူတို့အား
နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး၊ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းအလိုက်
ထူးချွန်ကျောင်းသားကျောင်းသူများအား သင်တန်းဆင်းလက်မှတ်များ
ချီးမြှင့်ပေးအပ်ရာ သင်တန်းသား သင်တန်းသူများက လက်ခံရယူကြသည်။
ယင်းနောက်
Myanmar Kindness Group Foundation မှ အမှတ်တရလက်ဆောင်များပေးအပ်ပြီး
ပြည်ထောင်စုဝန်ကြီးကရွှေ့ပြောင်းစခန်းများမှ KG နှင့် GRADE(1)
ကျောင်းသား၊ကျောင်းသူများအား ကျောပိုးအိတ်များ လက်ဆောင်ပေးအပ်သည်။
ထို့နောက်
သင်တန်းသားသင်တန်းသူများကိုယ်စားမိုင်းနားရွှေ့ပြောင်းနေထိုင်သူများစခန်း(KBC)
တာဝန်ခံ ဦးဇော်လုံးကကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက်
သင်တန်းသားသင်တန်းသူများက ကချင်တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေကြပြီး
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊
ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များက စာတွေ့လက်တွေ့ သင်တန်း ခန်းမများကို
လှည့်လည်ကြည့်ရှုကြသည်။
ထိုမှတဆင့်
ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၃)အခြေခံပညာ
အထက်တန်းကျောင်းသို့ရောက်ရှိပြီးကချင်ပြည်နယ်ရှိအခြေခံပညာဆရာဆရာမများ၊
ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊
စီမံခန့်ခွဲရေးလုပ်ငန်းများပိုမိုထိရောက်အောင်မြင်ရေး၊ အခက်အခဲများနှင့်
လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကိုရင်းနှီးစွာ
တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment