Wednesday, December 4, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. John Nielsen အား လက်ခံတွေ့ဆုံ

နေပြည်တော်၂၀၁၉ ဒီဇင်ဘာ ၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E. Mr. John Nielsen အား ယနေ့ညနေ ၄ နာရီတွင် ရုံးအမှတ်(၂၁)၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာ-ဒိန်းမတ်နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာနရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။






No comments:

Post a Comment