ပညာရေးဝန်ကြီးဌာန၊ ပညာသင်ယူမှုအခွင့်အလမ်းနှင့် အရည်အသွေးမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီ ၁၅မိနစ်တွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးသည် ယခင်က နှစ်ပေါင်းများစွာ ခေတ်နောက်ကျကျန်နေခဲ့သည့်အတွက် ပညာသင်ယူမှုအရည်အသွေးမြှင့်တင်နိုင်ရန် ဦးတည်ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းအဆင့်မြှင့်တင်ရေးဆောင်ရွက်ရာ ကျောင်းပေါင်း(၅၀၉၉)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ပေးသည့်အတွက် ပညာသင်ယူမှု အခွင့်အလမ်းများ ပိုမိုရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀ဝ၇-၂၀ဝ၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း (၇၇၇၆၂၀၄)ဦးရှိ၍ ၂၀၁၁-၂၀၁၂ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူစုစုပေါင်း (၇၉၉၃၉၅၅)ဦး ရှိပြီး ယခု ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူစုစုပေါင်း (၉၁၈၇၁၈၂)ဦးအထိ တိုးတက်များပြား လာပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းထွက်သူပပျောက်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ လိုအပ်ချက်များဖြစ်သော ဆရာ၊ စာသင်ခန်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီနှင့် အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ကျောင်းသားဆရာအချိုးမျှတရန် လိုအပ်ပါကြောင်း၊ ပညာရေးအသုံးစရိတ်များကိုလည်း ထိထိရောက်ရောက် အကျိုးရှိရှိသုံးစွဲရန် အရေးကြီးပါကြောင်း၊ မူလတန်း၊ အလယ်တန်းပြီးမြောက်ပါက ဝါသနာနှင့်အရည်အချင်းအရ သက်မွေးကျွမ်းကျင်မှု သင်တန်းများ၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာဆက်လက်သင်ယူနိုင်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူတိုင်းကို လူသားကောင်းများဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်သူများဖြစ်အောင်၊ တာဝန်ယူတာဝန်ခံတတ်သူများ ဖြစ်အောင်၊ တီထွင်ကြံဆတတ်သူများ ဖြစ်အောင်ဆောင်ရွက်ရန် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများကို ဖြည့်ဆည်းဖြေရှင်းနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများအား ညှိနှိုင်းဆွေးနွေးရန် ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာရေးဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ်၊ သင်ယူမှုအခွင့်အလမ်းနှင့် အရည်အသွေးမြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ လျာထားချက်တို့ကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများက အကြံပြုလမ်းညွှန်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
Monday, August 28, 2017
Friday, August 25, 2017
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈:ဝဝ)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိအစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးမြင့်မားသော တက္ကသိုလ်ဘွဲ့ရ လူငယ်မောင်မယ်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အားလုံးပူးပေါင်းပါဝင်သော ပညာရေးစီမံခန့်ခွဲမှုနည်းလမ်းကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲအချိန်စာရင်းနှင့် မေးခွန်းများတိကျမှန်ကန်ရေး၊ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စာစစ်လုပ်ငန်းဆောင်ရွက်ရေး၊ အောင်စာရင်းအချိန်မီ ထုတ်ပြန်နိုင်ရေးတို့ကို ဂရုတစိုက် စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အချိန်မီစနစ်တကျ ကျောင်းအပ်လက်ခံရေး၊ ဆရာဆရာမများ အင်္ဂ္လိပ်စာ ကျွမ်းကျင်မှု၊ ICT ကျွမ်းကျင်မှုများ မြှင့်တင်၍ စာများများဖတ်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများက Deep Learning သင်ယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများအားလုံး ကျွမ်းကျင်မှုနှင့် သုတေသနအရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ၊ ဘဏ္ဍဍာရေးလုပ်ငန်းများကို ဘဏ္ဍဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သုတေသန စာတမ်းဖတ်ပွဲများ၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံခြားပညာသင် စေလွှတ်မှုများကို အားပေးလျက် ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ထိရောက်ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သတင်းအချက်အလက်များကိုအချိန်နှင့်တပြေးညီအသိပေး ဖြန့်ဝေဖို့လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးဖို့ လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍ အရည်အသွေးမြင့်မားရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ယနေ့အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်းသတင်းရရှိသည်။
Wednesday, August 23, 2017
၂၀၁၇ ခုနှစ်၊ အဆင့်မြင့်ပညာကဏ္ဍဍ ပထမအကြိမ် မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ
ပညာရေးဝန်ကြီးဌာန၊ ၂၀၁၇ ခုနှစ် အဆင့်မြင့်ပညာကဏ္ဍဍ ပထမအကြိမ် မြန်မာဘာသာ စကားစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသား ပညာရည်အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ထူးချွန်ထက်မြက်ပြီး အခက်အခဲနှင့် စိန်ခေါ်မှုကိုရင်ဆိုင်နိုင်သော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ ပေါ်ထွက်လာရေးအတွက် ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော အရေးကြီးသည့် အရည်အသွေးတစ်ရပ်မှာ ဘာသာစကား စွမ်းရည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအတွက် အင်္ဂ္လိပ်ဘာသာ စကားစွမ်းရည် ပြိုင်ပွဲများ ကျင်းပပေးခဲ့သလို ယခုနှစ်ကစပြီး မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲကို ပထမအကြိမ်စတင်ကာ စဉ်ဆက်မပြတ် ကျင်းပနိုင်လာမည်ဖြစ်ပါကြောင်း၊ သိပ္ပံနှင့်နည်းပညာ တိုးတက်ထွန်းကားမှုနှင့်အတူ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အသိပညာနှင့် နည်းပညာဖလှယ်မှုများ မြန်ဆန်လွယ်ကူလာသည်နှင့်အမျှ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှုများကိုလည်း မလွဲမသွေရင်ဆိုင်ကြုံတွေ့ ကြရမည်ဖြစ်ကြောင်း၊ မြန်မာဘာသာစကားသည် မြန်မာနိုင်ငံအတွက် ရုံးသုံးဘာသာစကားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်ပါကြောင်း၊ ပထမအကြိမ် မြန်မာဘာသာစကားစွမ်းရည် ပြိုင်ပွဲတွင် အရေးစွမ်းရည်၊ အပြောစွမ်းရည်၊ အရွတ်အဖတ်စွမ်းရည်ဖြစ်သော စွမ်းရည်သုံးရပ်အတွက် ပြိုင်ပွဲပေါင်း (၆) မျိုး ပါဝင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းအဆင့်ပြိုင်ပွဲ၊ ဦးစီးအဆင့်ပြိုင်ပွဲများ အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ ယခုဗဟိုအဆင့်သို့ ရောက်ရှိလာကြရသောကြောင့် ကျောင်းသား ကျောင်းသူများ၏ ကြိုးစားယှဉ်ပြိုင် အားထုတ်မှုကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုပြိုင်ပွဲသည် ကျောင်းသား ကျောင်းသူများ၏ အမိမြန်မာစာ၊ မြန်မာဘာသာ စကားစွမ်းရည်ကို တရားမျှတစွာယှဉ်ပြိုင်၍ ဖော်ကျူးပြသနိုင်သည့်ပွဲဟု ဆိုရမည်ဖြစ်ပါကြောင်း၊ နောင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူအားလုံးကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ကျင်းပပေးသွားမည် ဖြစ်ပါကြောင်း စသည်ဖြင့်မှာကြားသည်။ ထို့နောက် အဆင့်မြင့်ပညာကဏ္ဍဍပထမအကြိမ် မြန်မာဘာသာစကား စွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) သို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများသည် အပြောစွမ်းရည် ကျပန်းစကား ပြောပြိုင်ပွဲ၊ အပြောစွမ်းရည် စကားရည် လုပြိုင်ပွဲများကိုအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။
Tuesday, August 22, 2017
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်အတွက် နှစ်စဉ်ကဏ္ဍဍအလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ပညာရေးဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်အတွက် နှစ်စဉ်ကဏ္ဍဍအလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မင်္ဂ္လာသီရိဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် National Education Strategy Plan(NESP) 2016-2021ကို အောင်မြင်စွာ ပြုစုနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထား၍ ဘက်မလိုက်ဘဲ သာတူညီမျှ အခွင့်အရေးရအောင် ဆောင်ရွက်သွားရမှာဖြစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော စီမံကိန်းများ ပြုစုပြီး ဦးစားပေး အစီအစဉ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ဆရာဆရာမများအနေဖြင့် သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်ကြားရေးကဏ္ဍဍတွင် ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား သင်ယူတတ်မြောက်မှု ကောင်းမွန်စေရေးအတွက် အချိန်ပေး၍ ဂရုတစိုက် ရှင်းလင်းသင်ကြားသင်ယူပေးရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်မှု အတွေ့အကြုံ ဗဟုသုတများ ပြည့်ဝရန်၊ စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်လိုက် ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၅နှစ်ပြည့်ကလေးတိုင်း သူငယ်တန်းပညာ သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ထားပြီးဖြစ်၍ လက်ရှိဆောင်ရွက်နေသော ကျောင်းအခြေပြု Pre-Schoolကိုသာ ဆက်လက်ဆောင်ရွက်ရန် အားပေးပါကြောင်း၊ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်း အဆင့်များကို ဆက်လက် သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များကို ဆက်လက်သင်ယူ ပြီးမြောက်ရေးနှင့် ကျောင်းသားကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာတို့ကို ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးသည် ဖြည့်ဆည်းဆောင်ရွက်ပေးရန် အများဆုံး အခန်းကဏ္ဍဍ ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ကျောင်းဆောင်၊ စာသင်ခန်း၊ ဆရာဆရာမ၊ သင်ထောက်ကူ စသည့်လိုအပ်ချက်များကို ချက်ချင်း မဖြည့်ဆည်းပေးနိုင်ဘဲ ဘတ်ဂျက်သဘောအရ တစ်နှစ်နောက်ကျပြီး ရရှိလာတဲ့ ခွင့်ပြုဘဏ္ဍဍာငွေအရ ခွဲဝေဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ သုတေသန စီမံကိန်းများကို လေ့လာပြီး မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ တန်ဖိုးများနှင့် လိုက်လျောညီထွေသည့် စီမံကိန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များသော ပညာရေးကဏ္ဍဍတွင် တစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှု၊ ဦးစီးဌာန၊ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်နိုင်မှု စွမ်းရည်များမြှင့်တင်၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပြီး ပညာရေး အရည်အသွေး မြင့်မားရေးအတွက် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲကို အစီအစဉ်တိုင်းဆက်လက်ကျင်းပကြောင်းသတင်းရရှိသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် National Education Strategy Plan(NESP) 2016-2021ကို အောင်မြင်စွာ ပြုစုနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထား၍ ဘက်မလိုက်ဘဲ သာတူညီမျှ အခွင့်အရေးရအောင် ဆောင်ရွက်သွားရမှာဖြစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော စီမံကိန်းများ ပြုစုပြီး ဦးစားပေး အစီအစဉ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ဆရာဆရာမများအနေဖြင့် သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်ကြားရေးကဏ္ဍဍတွင် ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား သင်ယူတတ်မြောက်မှု ကောင်းမွန်စေရေးအတွက် အချိန်ပေး၍ ဂရုတစိုက် ရှင်းလင်းသင်ကြားသင်ယူပေးရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်မှု အတွေ့အကြုံ ဗဟုသုတများ ပြည့်ဝရန်၊ စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်လိုက် ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၅နှစ်ပြည့်ကလေးတိုင်း သူငယ်တန်းပညာ သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ထားပြီးဖြစ်၍ လက်ရှိဆောင်ရွက်နေသော ကျောင်းအခြေပြု Pre-Schoolကိုသာ ဆက်လက်ဆောင်ရွက်ရန် အားပေးပါကြောင်း၊ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်း အဆင့်များကို ဆက်လက် သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များကို ဆက်လက်သင်ယူ ပြီးမြောက်ရေးနှင့် ကျောင်းသားကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာတို့ကို ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးသည် ဖြည့်ဆည်းဆောင်ရွက်ပေးရန် အများဆုံး အခန်းကဏ္ဍဍ ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ကျောင်းဆောင်၊ စာသင်ခန်း၊ ဆရာဆရာမ၊ သင်ထောက်ကူ စသည့်လိုအပ်ချက်များကို ချက်ချင်း မဖြည့်ဆည်းပေးနိုင်ဘဲ ဘတ်ဂျက်သဘောအရ တစ်နှစ်နောက်ကျပြီး ရရှိလာတဲ့ ခွင့်ပြုဘဏ္ဍဍာငွေအရ ခွဲဝေဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ သုတေသန စီမံကိန်းများကို လေ့လာပြီး မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ တန်ဖိုးများနှင့် လိုက်လျောညီထွေသည့် စီမံကိန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များသော ပညာရေးကဏ္ဍဍတွင် တစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှု၊ ဦးစီးဌာန၊ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်နိုင်မှု စွမ်းရည်များမြှင့်တင်၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပြီး ပညာရေး အရည်အသွေး မြင့်မားရေးအတွက် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲကို အစီအစဉ်တိုင်းဆက်လက်ကျင်းပကြောင်းသတင်းရရှိသည်။
အမျိုးသားစံချိန်စံညွှန်းကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ
ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကျင်းပသော အမျိုးသားစံချိန်စံညွှန်းကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးအောင်ထူး၊ ဦးကျော်လင်း၊ ဦးဝင်းမော်ထွန်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ ဥက္ကဋ္ဌဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားစံချိန်စံညွှန်း ကောင်စီအဖွဲ့ဝင်များကို ပြန်လည်၍ဖွဲ့စည်းရန်အတွက် အဖွဲ့ဝင်နေရာများတွင် ကောင်စီအဖွဲ့ဝင်အသစ်များ ပြန်လည်အစားထိုး အဆိုပြုဖွဲ့စည်းပုံစာရင်းတင်ပြရန်၊ အမျိုးသားစံချိန်စံညွှန်း ကောင်စီမှ ဆက်လက်ဆောင်ရွက်ရမည့် ရေတိုလုပ်ငန်းများနှင့် ရေရှည်လုပ်ငန်းစဉ်များကို စနစ်တကျဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ယနေ့အစည်းအဝေးမှ အတည်ပြုချမှတ် ဆောင်ရွက်သည့် စံချိန်စံညွှန်များသည် အမျိုးသားကျန်းမာရေး၊ အစားအသောက် ဘေးကင်းရေး၊ အမျိုးသားလုံခြုံရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးများနှင့် ပတ်သက်သည့် အရေးကြီးသော စံချိန်စံညွှန်းများဖြစ်သည့်အတွက် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွား ရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အမျိုးသားပို့ကုန် မြှင့်တင်နိုင်မည့်လုပ်ငန်းများကိုလည်း တွန်းအားပေး ဆောင်ရွက်သွားရန်နှင့် တပြိုင်တည်းတွင်လည်း စံချိန်စံညွှန်းဆိုင်ရာဥပဒေ၏ နည်းဥပဒေ (မူကြမ်း)ကိုလည်း ဆက်လက်ပြီးရေးဆွဲသွားရန်လိုအပ်ပါကြောင်း၊ စံချိန်စံညွှန်းဆိုင်ရာ ဥပဒေ (မူကြမ်း)အသစ်ကိုလည်း အကြံပြုဆွေးနွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ လျှင်မြန်စွာအကောင် အထည်ဖော်နိုင်ရေး အတွက် အဓိကအခန်းကဏ္ဍဍတွင် ဦးဆောင်ဦးရွက်ပြုနေသည့် အမျိုးသားစံချိန်စံညွှန်းကောင်စီဝင် များအနေဖြင့် တင်ပြထားသည့်လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာခဲ့ကြသော ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသားစံချိန်စံညွှန်း သတ်မှတ်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင် သည့် ဥပဒေ (မူကြမ်း)နှင့် ပက်သတ်၍ ဆောင်ရွက်ထားရှိမှု တင်ပြချက်အပေါ်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
Sunday, August 20, 2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ၊ ထန်းတပင်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကျောက်တိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် အဆိုပါကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည့်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး ခရိုင် မြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဧည့်သည်တော်များတက်ရောက်ကြသည်။ ရှေးဦးစွာ ကျောက်တိုင်ရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူလေးများက “ မြန်မာ့ကျောင်း ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်မှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်မှာစကားပြောရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးများ အားလုံးသင်ယူခွင့် မြင့်မားစေရေးအတွက် ကျောင်းအဆင့်များကို တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးသတ်မှတ်ချက်မူများနှင့် ကိုက်ညီသော အခြေခံပညာကျောင်း (၅၀၉၉) ကျောင်းကို အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုလို ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒေသခံမိဘအုပ်ထိန်းသူ ပြည်သူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးများသည် ပညာရေးနှင့်ဆက်စပ်နေ၍ မူလတန်းပညာသင်ယူနေသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍ အလယ်တန်း၊အထက်တန်းဆင့်များကို ဆက်လက်သင်ယူပြီးမြောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အဆင့်မြင့်ပညာရေးတို့ကို ဆက်လက်သင်ယူနိုင်ရန် ပြည်သူနှင့်အတူ ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်သူပပျောက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများ၊ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များကိုလည်း ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပညာသင်နှစ်တွင် ပထမတန်း(Grade-1) ကျောင်းသုံးဖတ်စာအုပ်အသစ်များနှင့်ဆရာကိုင်စာအုပ်များဖြင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားရေး အတွက် JICA နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာ ဆရာမများ၏ သင်ကြားသင်ယူစွမ်းရည် တီထွင်ကြံဆမှုစွမ်းရည်များ ပိုမိုမြင့်မားစေရန်အတွက် (၂) နှစ်သင် ပညာရေးကောလိပ်များကို (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေး စီမံချက်များဖြင့် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးစီစဉ်နေပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍတွင်လည်း ကျောင်းသား ကျောင်းသူ(၅)သိန်း နီးပါးတက်ရောက် သင်ယူနေသည့် အဝေးသင်တက္ကသိုလ်ပညာရေးကို အရည်အသွေးမြှင့်တင်နိုင်ရေးစီစဉ်နေပြီး အသက်မွေးဝမ်းကျောင်း သင်တန်းများကို တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံပြီး တီထွင်ကြံဆနိုင်သော လူသားကောင်းများ ဖြစ်လာစေရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး အထောက်အကူပြု ဖော်ဆောင်ရွက်နိုင်မည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်နိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တောင်ငူ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါက်တာဥမ္မာထွန်းက တောင်ငူမြို့နယ်၏ ပညာရေးအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ကျောင်းသုံးဗလာစာအုပ်များကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဦးနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ မိဘတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရွာသာယာ ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲသို့ တက်ရောက်ဖွင့်လှစ်ကြသည်။ ထိုမှတဆင့် ပညာရေးဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင်ခန်းမ၌ တောင်ငူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးမိသားစုများနှင့်တွေ့ဆုံကာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေးမှာကြားပြီး ပြန်လည်မေးမြန်းဆွေးနွေးအကြံပြု တင်ပြမှုများကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Friday, August 18, 2017
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည် ၁၂ နာရီတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးကဏ္ဍဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍဍ၊ အဆင့်မြင့်ပညာကဏ္ဍဍ၊ နည်းပညာနှင့်သက်မွေး ပညာကဏ္ဍဍ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍဍများ ၏ဆောင်ရွက်နေမှုများကို အသေးစိတ်ပြောကြားသည်။ ထို့ပြင် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီအနေဖြင့် လိုအပ်သည့် အကြံဉာဏ်များပေးစေ လိုပါကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် အနာဂတ် နိုင်ငံတော်အတွက် လူသားစွမ်းရည်ပြည့်ဝသူများ မွေးထုတ်ပေးရေး၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များမွေးမြူတတ်ရန်၊ တာဝန်ယူ တာဝန်ခံမှုများရှိစေရေး၊ Creativity and innovation ကောင်းသော လူငယ်လူရွယ်များမွေး ထုတ်ပေးရန်နှင့် ပညာရေးကဏ္ဍဍပိုမိုတိုးတက်အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်က ကော်မရှင်၏လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)