Tuesday, August 8, 2017

ညောင်ရွှေ သက်မွေးပညာသင်တန်းကျောင်း ကျောင်းဆောင်သစ်(၂)ဆောင်ပေးအပ်လှူဒါန်းပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ













နေပြည်တော် ၂၀၁၇ သြဂုတ် ၆

ညောင်ရွှေ သက်မွေးပညာသင်တန်းကျောင်းသို့ Amazing Hotel Group မှ ကျောင်းဆောင်သစ် (၂)ဆောင်ပေးအပ်လှူဒါန်းပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ၅၊၈၊၂၀၁၇  ရက်နေ့ ညနေ ၄ နာရီတွင် အဆိုပါကျောင်း၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူချုပ်များ၊ အလှူရှင်များ၊ ပြည်နယ်ခရိုင်/မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများတက်ရောက်ကြသည်။ ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ယခုညောင်ရွှေ သက်မွေးပညာသင်တန်းကျောင်း(NVTI)ကို ၂၀၁၆ခုနှစ် ဇွန်လ(၁)ရက်နေ့ ကစတင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ကာလတိုသင်တန်း(၄)မျိုးနှင့် ပညာရေးဝန်ကြီးဌာနနှင့်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်းပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနက တစ်လုံးထိုးအင်ဂျင် ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးဥပဒေပါ ပညာရေးကဏ္ဍဍ(၃)ခုဖြင့်သော အခြေခံပညာကဏ္ဍဍ၊ နည်းပညာ၊သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍဍ၊ အဆင့်မြင့်ပညာရေး ကဏ္ဍဍများနှင့် သင်ယူမှုအခွင့်အလမ်းကောင်းမွန်ရေး၊ ပညာရေးအရည်အသွေးမြင့်‌မားရေးနှင့် စီမံခန့်ခွဲရေးများကို ထိရောက်ပွင့်လင်းမြင်သာရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍဍတွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ကျောင်းထွက်သူပပျောက်ရေးကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းပညာသင်ယူပြီးမြောက်ရေးနှင့် မူလတန်းပညာသင်ယူပြီးမြောက်သူတိုင်း အလယ်တန်းပညာ ဆက်လက်သင်ယူပြီးမြောက်ရေး အလွန်အရေး ကြီးပါကြောင်း၊ အလယ်တန်းပညာသင်ယူပြီးမြောက်ပြီးသော ကျောင်းသားကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ နည်းပညာ၊သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး(TVET)သင်တန်းများကို ဆက်လက်တက်ရောက် နိုင်ပါကြောင်း၊ အဆင့်မြင့်ပညာကို ဆက်လက်သင်ယူလိုပါက တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ယူခွင့်ရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ အင်းလေးကန်တည်ရှိနေသောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မိမိဒေသသမိုင်း၊ အစဉ်အလာကို မြတ်နိုးစွာထိန်းသိမ်းကြမည့် လူငယ်များကို ပြုစုပျိုးထောင်ပေးဖို့ အလွန်အရေးကြီးပါကြောင်း၊ လူငယ်လူရွယ်များ လုပ်ငန်းခွင့်မဝင်ခင် လုပ်ငန်းခွင်အတွက် လိုအပ်သော သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးမှုများကို ဒေသခံပုဂ္ဂလိကကဏ္ဍဍများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဍများတွင် ကျွမ်းကျင်လုပ်သားများရရှိရေးအတွက် လိုအပ်နေသော သက်မွေးပညာသင်တန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဍလုပ်ငန်းများအောင်မြင်ခြင်းသည် နိုင်ငံတော်၏ လူမှုစီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အထောက်အကူဖြစ်ပါကြောင်း၊ ယခုလို ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းပါသော အလှူရှင်အား အလွန်ကျေးဇူးတင် ဝမ်းမြောက်ယူပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် အလှူရှင် Amazing Hotel Group ဥက္ကဋ္ဌဌ ဦးအောင်မျိုးဒင်က ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်းကိုရှင်းလင်းတင်ပြပြီး ကျောင်းဆောင်နှင့်ပတ်သက်သော စာရွက်စာတမ်းများကို နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အလှူရှင်နှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည်ရှုကာ ကျောင်းဝင်းအတွင်း သစ်ပင်စိုက် ပျိုးမည့်နေရာတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ပေါင်းပိုင်းရွာအနီးတွင် သစ်ပင်(၁၅၀ဝ)ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ညောင်ရွှေ မြို့နယ် အင်းလေးဒေသရှိ အင်းလေးဒေသအမွေအနှစ်ဟိုတယ်လုပ်ငန်းဝန်ဆောင်မှု အသက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု၍ သင်တန်းသားသင်တန်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၂၀၁၇ခုနှစ် သြဂုတ်လ ၆ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပင်းတယမြို့ ကျုံးအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု့စစ်ဆေးကာ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော စာသင်ခုံများနှင့်တိုးချဲ့စာသင်ဆောင်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment