Friday, August 4, 2017

ရာသီတုပ်ကွေး H1N1 အကြောင်း ကျန်းမာရေးဟောပြောပွဲကျင်းပ

 ရာသီတုပ်ကွေး H1N1 အကြောင်း ကျန်းမာရေးဟောပြောပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ ဟောပြောပွဲတွင် တက္ကသိုလ်များဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်မျိုးဟိန်းက ရာသီတုပ်ကွေး H1N1 ရောဂါအကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဟောသည်။ ဟောပြောပွဲသို့ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးအေးမြင့်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာပြုံးပြုံးအောင်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။








No comments:

Post a Comment