ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတွင် တိုင်းဒေသကြီး/ ပြည်နယ်များမှ B.Ed (အမှတ်စဉ် -၂၄) သင်တန်းဆင်း ၄၈၂ ဦးကို အလယ်တန်းပြဆရာများ အဖြစ်လည်းကောင်း၊ DTEd (၁၄/ ၁၉) နှင့် PPTT (၃/၁၆) သင်တန်းဆင်း ၉၉၅၃ ဦးကို မူလတန်းပြဆရာများ အဖြစ်လည်းကောင်း ခန့်ထားပေးပြီး အဆိုပါ B.Ed, DTEd နှင့် PPTT သင်တန်းဆင်းများအားလုံးကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျောင်းအသီးသီးတွင် ဆရာ ဆရာမများအဖြစ် ခန့်ထားပေးပြီးဖြစ်ကြောင်းသိရသည်။ အခြေခံပညာဦးစီးဌာနရှိ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ ရာထူးပြောင်းရွှေ့ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ခန့်ထားရေးတို့ကို ဆောင်ရွက်ပေးခြင်း၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များတွင် BE ဘွဲ့ရရှိသူ ဆရာ ဆရာများအား ကထိကရာထူးအထိ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဆရာ ဆရာမများအား ပြောင်းရွှေ့ခြင်း ဆောင်ရွက်ရန် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရရှိသော ဆရာ ဆရာမများအား ကထိကရာထူးသို့ ရာထူးတိုးမြှင့်ခန့်ထားခြင်း၊ ဆရာ ဆရာမများအား ပြောင်းရွှေ့ခြင်းတို့ကို ဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ အရာထမ်း ၃၁ ဦးနှင့် အမှုထမ်း ၁၁၅ဦးတို့ကိုလည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ အရာထမ်းတစ်ဦးကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အရာထမ်း ၁၂၇၃ ဦးတို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာနမှ အရာထမ်းတစ်ဦးကိုလည်းကောင်း၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ အရာထမ်း ၂၁ ဦးနှင့် အမှုထမ်း၃၈ ဦးတို့ကိုလည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားပေးပြီးဖြစ်ပါသည်။
No comments:
Post a Comment