ပညာရေးဝန်ကြီးဌာန ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်အတွက် နှစ်စဉ်ကဏ္ဍဍအလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ မင်္ဂ္လာသီရိဟိုတယ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လူမှုရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် National Education Strategy Plan(NESP) 2016-2021ကို အောင်မြင်စွာ ပြုစုနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ပညာရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးကြသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထား၍ ဘက်မလိုက်ဘဲ သာတူညီမျှ အခွင့်အရေးရအောင် ဆောင်ရွက်သွားရမှာဖြစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော စီမံကိန်းများ ပြုစုပြီး ဦးစားပေး အစီအစဉ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ဆရာဆရာမများအနေဖြင့် သင်ကြားသင်ယူမှု အရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သင်ကြားရေးကဏ္ဍဍတွင် ဆရာဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား သင်ယူတတ်မြောက်မှု ကောင်းမွန်စေရေးအတွက် အချိန်ပေး၍ ဂရုတစိုက် ရှင်းလင်းသင်ကြားသင်ယူပေးရန် လိုအပ်ပါကြောင်း၊ ကျွမ်းကျင်မှု အတွေ့အကြုံ ဗဟုသုတများ ပြည့်ဝရန်၊ စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြှင့်တင်ရေး သင်တန်းများကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်လိုက် ဖွင့်လှစ်နိုင်ရေး အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၅နှစ်ပြည့်ကလေးတိုင်း သူငယ်တန်းပညာ သင်ယူခွင့်ရရှိအောင် ဆောင်ရွက်ထားပြီးဖြစ်၍ လက်ရှိဆောင်ရွက်နေသော ကျောင်းအခြေပြု Pre-Schoolကိုသာ ဆက်လက်ဆောင်ရွက်ရန် အားပေးပါကြောင်း၊ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်း အဆင့်များကို ဆက်လက် သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များကို ဆက်လက်သင်ယူ ပြီးမြောက်ရေးနှင့် ကျောင်းသားကျောင်းသူများ၏ ဝါသနာ၊ ဆန္ဒ၊ အရည်အချင်းများအရ အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာတို့ကို ဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးသည် ဖြည့်ဆည်းဆောင်ရွက်ပေးရန် အများဆုံး အခန်းကဏ္ဍဍ ဖြစ်ပါကြောင်း၊ နှစ်စဉ်ကျောင်းအဆင့် တိုးမြှင့်ပေးနိုင်ခဲ့သော်လည်း ကျောင်းဆောင်၊ စာသင်ခန်း၊ ဆရာဆရာမ၊ သင်ထောက်ကူ စသည့်လိုအပ်ချက်များကို ချက်ချင်း မဖြည့်ဆည်းပေးနိုင်ဘဲ ဘတ်ဂျက်သဘောအရ တစ်နှစ်နောက်ကျပြီး ရရှိလာတဲ့ ခွင့်ပြုဘဏ္ဍဍာငွေအရ ခွဲဝေဖြည့်ဆည်း ဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာ သုတေသန စီမံကိန်းများကို လေ့လာပြီး မြန်မာနိုင်ငံ တိုင်းရင်းသားယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ၊ တန်ဖိုးများနှင့် လိုက်လျောညီထွေသည့် စီမံကိန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များသော ပညာရေးကဏ္ဍဍတွင် တစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်မှု၊ ဦးစီးဌာန၊ ဝန်ကြီးဌာန၏ အကောင်အထည်ဖော်နိုင်မှု စွမ်းရည်များမြှင့်တင်၍ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပြီး ပညာရေး အရည်အသွေး မြင့်မားရေးအတွက် အားလုံးပူးပေါင်းကာ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ဆွေးနွေးတင်ပြပြီး ဆွေးနွေးပွဲကို အစီအစဉ်တိုင်းဆက်လက်ကျင်းပကြောင်းသတင်းရရှိသည်။
No comments:
Post a Comment