Friday, August 18, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည် ၁၂ နာရီတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးကဏ္ဍဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍဍ၊ အဆင့်မြင့်ပညာကဏ္ဍဍ၊ နည်းပညာနှင့်သက်မွေး ပညာကဏ္ဍဍ၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍဍများ ၏ဆောင်ရွက်နေမှုများကို အသေးစိတ်ပြောကြားသည်။ ထို့ပြင် သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီအနေဖြင့် လိုအပ်သည့် အကြံဉာဏ်များပေးစေ လိုပါကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် အနာဂတ် နိုင်ငံတော်အတွက် လူသားစွမ်းရည်ပြည့်ဝသူများ မွေးထုတ်ပေးရေး၊ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များမွေးမြူတတ်ရန်၊ တာဝန်ယူ တာဝန်ခံမှုများရှိစေရေး၊ Creativity and innovation ကောင်းသော လူငယ်လူရွယ်များမွေး ထုတ်ပေးရန်နှင့် ပညာရေးကဏ္ဍဍပိုမိုတိုးတက်အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးညီလှငယ်က ကော်မရှင်၏လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးကြောင်း သတင်းရရှိသည်။





No comments:

Post a Comment