Thursday, August 10, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲကျင်းပ





ရန်ကုန် ၂၀၁၇ သြဂုတ် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ Learning Hub ခန်းမ၌ ကျင်းပသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍဍပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းပေါင်း ၄၆၀ဝ၆ ကျောင်းရှိပါကြောင်း၊ ဆရာ ဆရာမ ပေါင်း (၃)သိန်း ၆ သောင်းကျော်ရှိပြီး ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါ အဝင် ကျောင်းသား ကျောင်းသူ မူလတန်း အလယ်တန်း အထက်တန်း စုစုပေါင်း (၉)သန်းခွဲရှိပါကြောင်း၊ ကျေးလက်နှင့် ဝေးလံသောဒေသများတွင် ကျောင်းအဆင့်များကိုတိုးမြှင့်ပေးလျက်ရှိပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တွင် ကျောင်းပေါင်း (၅၀၉၉)ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး သင်တန်းကျောင်း စုစုပေါင်း(၅၉)ကျောင်းရှိပြီး နှစ်စဉ်သင်တန်းသား နှစ်သောင်းသာလျှင် မွေးထုတ်ပေးနိုင်ပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိ စေရန်အတွက် နည်းပညာနှင့်သက်မွေးပညာကျောင်းများကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ကာလတို ကျွမ်းကျင်မှု သင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍတွင် တက္ကသိုလ် ဒီဂရီကောလိပ်ပေါင်း(၁၇၀)ကျော်ရှိပြီး (၁၃၂)ကျောင်းသည် ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ဦးရေ ၇ သိန်း ၈ သောင်းနီးပါးရှိပြီး ၅ သိန်းနီးပါးသည် အဝေးသင်တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ယူလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့် အခွင့်အရေးရရှိရေးနှင့် ကျောင်းသားကျောင်းသူတိုင်း သင်ယူပြီးမြောက်မှုနှုန်း မြင့်မားရေးနှင့် အလယ်တန်း အထက်တန်း ဆက်လက်ပညာသင်ယူနိုင်ရေးကို ဆောင် ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍတွင် အရည်အသွေးပြည့်ဝသော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ်များပြုစုပျိုးထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍဍအနေဖြင့် နှစ်စဉ် ဆရာ ဆရာမများ၏လိုအပ်ချက် များကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို ဦးစားပေးအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍဍ ပိုမိုတိုးတက်အောင်မြင်ရေးအတွက် မိသားစုစိတ်ဓာတ်ဖြင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။



No comments:

Post a Comment