Friday, August 25, 2017

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈:ဝဝ)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိအစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရည်အသွေးမြင့်မားသော တက္ကသိုလ်ဘွဲ့ရ လူငယ်မောင်မယ်များ မွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အားလုံးပူးပေါင်းပါဝင်သော ပညာရေးစီမံခန့်ခွဲမှုနည်းလမ်းကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲအချိန်စာရင်းနှင့် မေးခွန်းများတိကျမှန်ကန်ရေး၊ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စာစစ်လုပ်ငန်းဆောင်ရွက်ရေး၊ အောင်စာရင်းအချိန်မီ ထုတ်ပြန်နိုင်ရေးတို့ကို ဂရုတစိုက် စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အချိန်မီစနစ်တကျ ကျောင်းအပ်လက်ခံရေး၊ ဆရာဆရာမများ အင်္ဂ္လိပ်စာ ကျွမ်းကျင်မှု၊ ICT ကျွမ်းကျင်မှုများ မြှင့်တင်၍ စာများများဖတ်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ကြရန်နှင့် တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများက Deep Learning သင်ယူနိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများအားလုံး ကျွမ်းကျင်မှုနှင့် သုတေသနအရည်အသွေးများ တိုးတက်အောင် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း ၊ ဘဏ္ဍဍာရေးလုပ်ငန်းများကို ဘဏ္ဍဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သုတေသန စာတမ်းဖတ်ပွဲများ၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်း ရေးသားမှုများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံခြားပညာသင် စေလွှတ်မှုများကို အားပေးလျက် ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို ထိရောက်ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သတင်းအချက်အလက်များကိုအချိန်နှင့်တပြေးညီအသိပေး ဖြန့်ဝေဖို့လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ပေးဖို့ လိုအပ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍဍ အရည်အသွေးမြင့်မားရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ယနေ့အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ၊ ဌာနခွဲတာဝန်ခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြောင်းသတင်းရရှိသည်။







No comments:

Post a Comment