Saturday, August 5, 2017

အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့် အခြေခံပညာဦးစီးဌာနအောက်ရှိ သင်ကြားရေးဝန်ထမ်းများ၊ စီမံရေးရာဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပြောင်းရွှေ့ခန့်ထားခြင်းများဆောင်ရွက်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေးကောလိပ်များမှ သင်ကြားရေးနှင့် စီမံရေးရာဝန်ထမ်း ၁၃၈၁ဦး၊ အခြေခံပညာဦးစီးဌာနမှ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဝန်ထမ်း ၂၄၇၈ ဦးတို့အား ရာထူးတိုးမြှင့်ခြင်းနှင့် ပြောင်းရွှေ့ခန့်ထားခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များမှ ကထိကရာထူး(ပြောင်းရွှေ့ခြင်း) ၈၄ဦး၊ နည်းပညာတက္ကသိုလ်များရှိ လက်ထောက်ကထိကမှ ကထိကရာထူး(တိုးမြှင့်ခြင်း) ၉၉၂ဦး၊ ကွန်ပျူတာတက္ကသိုလ်များရှိ လက်ထောက်ကထိကမှ ကထိကရာထူး (တိုးမြှင့်ခြင်း) ၁၆၃ဦး၊ ကွန်ပျူတာတက္ကသိုလ်များရှိ လက်ထောက်ကထိကရာထူး(ပြောင်းရွှေ့ခြင်း) ၂၁ဦး၊ နည်းပညာတက္ကသိုလ်များရှိ လက်ထောက်ကထိကရာထူး(ပြောင်းရွှေ့ခြင်း) ၄၀ဦးနှင့် ပညာရေးကောလိပ်များမှ ကထိကရာထူး(ပြောင်းရွှေ့ခြင်း) ၁၁ဦး၊ ကထိကရာထူး(တိုးမြှင့်ခြင်း) ၄၀ဦး၊ လက်ထောက်ညွှန်ကြားရေးမှူးရာထူး (တိုးမြှင့်ခြင်း) တစ်ဦး၊ ဌာနခွဲမှူးရာထူး (ပြောင်းရွှေ့ခြင်း) သုံးဦး၊ ဌာနခွဲမှူးရာထူး (တိုးမြှင့်ခြင်း) ငါးဦး၊ မော်ကွန်ထိန်းရာထူး (တိုးမြှင့်ခြင်း) တစ်ဦး၊ စာကြည့်တိုက်မှူးရာထူး(ပြောင်းရွှေ့ခြင်း) တစ်ဦး၊ လက်ထောက်ကထိကရာထူး (ပြောင်းရွှေ့ခြင်း) ၁၆ဦး၊ ဦးစီးအရာရှိရာထူး(ပြောင်းရွှေ့ခြင်း) သုံးဦးတို့ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ယနေ့ရက်စွဲဖြင့် အမိန့်စာများထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ထို့အတူ အခြေခံပညာဦးစီးဌာနအောက်ရှိ သင်ကြားရေးဝန်ထမ်းများနှင့် စီမံရေးရာဝန်ထမ်းများအား ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်မှ မြို့နယ်ပညာရေးမှူးအထိ အနေကြာပြောင်းရွှေ့သူ ၂၇ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူးအထိ ရာထူးတူပြောင်းရွှေ့သူ ၅၂၃ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူး/ ခရိုင်ပညာရေးမှူးအထိ ပြောင်းရွှေ့သူ ၆၈ဦး၊ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူး/ ခရိုင်ပညာရေးမှူးအထိ ရာထူးတိုးသူ ၁၈၆၀ တို့ကိုလည်း ရာထူးတိုးမြှင့် ပြောင်းရွှေ့ခန့်ထားပေးလိုက်ကြောင်း သိရသည်။

No comments:

Post a Comment