Tuesday, January 30, 2018
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းကျင်းပ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၃၀
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲ ကြီးကြပ်ရေးမှူး သင်တန်းကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း သိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်
Monday, January 29, 2018
ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Effective Education Management ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၉
ပါမောက္ခဆရာကြီးဒေါက်တာအောင်ထွန်းသက်၏ ထိရောက်သော ပညာရေးစီမံခန့်ခွဲမှု (Effective Education Management)ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း(အလုံ)ရှိ သီရိရတနာ ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဆရာကြီးဒေါက်တာအောင်ထွန်းသက်၊ ဒုတိယညွှန်ကြာရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး များ၊ လက်ထောက်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
Friday, January 26, 2018
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၈ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို (၂၆-၁-၂၀၁၈)ရက်နေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။
အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၆
၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ဘွဲ့ကြို+ဘွဲ့လွန်)တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ အဆင့်မြင့်ပညာဦးစီးအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားသည်။
Tuesday, January 23, 2018
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းအဖြစ် SMART TVအလုံး(၁၀ဝ)လှူဒါန်းခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ မန္တလေးနည်းပညာကုမ္ပဏီ၏ ဦးဆောင်မှုဖြင့် အလှူရှင် (၁၆)ဦးတို့က အခြေခံပညာကျောင်းများ၌ သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားရာ၌ တွဲဖက်ဘာသာရပ်များဖြစ်သော ပန်းချီ၊ ဂီတ၊ အက၊ အားကစား၊ စိုက်ပျိုးရေးစသည့် ဘာသာရပ်များအတွက် သင်ကြားသင်ယူမှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် သင်ကြားရေး အထောက်အကူပြုပစ္စည်း SMART TV အလုံး (၁၀ဝ)လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၁၅မိနစ်တွင် ရုံးအမှတ်(၁၃)၊ သုံးထပ်ဆောင်ဧည့်ခန်းမ၌ ကျင်းပရာ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ကျေးဇူးတင်အမှာစကား ပြောကြားသည်။
Monday, January 22, 2018
၂၀၁၆-ခုနှစ်အတွက် စာပေတစ်သက်တာဆု၊ စာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သော ပညာရေးဝန်ကြီးဌာနဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၁
အမျိုးသားစာပေဆုများကို နိုင်ငံတော်ကချီးမြှင့်ခြင်းသည် အမျိုးသား အမွေအနှစ်အဖြစ် ကျန်ရစ်စေမည့် စာကောင်းပေမွန်များ ထွန်းကားပွား များလာစေရေးနှင့် “အလိမ္မာစာမှာရှိသည်”ဟူသော ဆိုရိုးစကားနှင့်အညီ စာကောင်းပေမွန်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်သော မောင်းနှင်အားဖြစ် လာစေရေးအတွက်ဖြစ်ကြောင်း တက္ကသိုလ်စိန်ရတုခန်းမတွင် ယနေ့ကျင်းပ သော၂၀၁၆-ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။
Saturday, January 20, 2018
၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစတင်
ကျိုင်းတုံ ၂၀၁၈ ဇန်နဝါရီ ၁၉
၂၀၁၈ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံ စာတတ် မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေး ဆောင်ရွက်ကြမည့် ဒေသခံပြည်သူများနှင့် ပညာရေးမိသားစုများ တက်ရောက်ကြသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၁၉
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်။
Subscribe to:
Posts (Atom)