Monday, January 29, 2018

ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Effective Education Management ခေါင်းစဉ်ဖြင့် ဟောပြောပို့ချ












ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၉

ပါမောက္ခဆရာကြီးဒေါက်တာအောင်ထွန်းသက်၏ ထိရောက်သော ပညာရေးစီမံခန့်ခွဲမှု (Effective Education Management)ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် (၁၀) နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း(အလုံ)ရှိ သီရိရတနာ ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဆရာကြီးဒေါက်တာအောင်ထွန်းသက်၊ ဒုတိယညွှန်ကြာရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး များ၊ လက်ထောက်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတင်မောင်ထွန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်စေရန်၊ ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်သူများ ဖြစ်စေရန်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင်ဆန်းသစ်နိုင်စွမ်းရှိသူများ ဖြစ်လာစေရန်၊ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူမရှိရေး၊ မည်သည့်ခွဲခြားမှုမျှ မရှိရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်နှင့် ထိရောက်သော ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့ကို လေ့ကျင့်ကြိုးစား ​ဆောင်ရွက်ကြရန် ပြောကြားသည်။ ပါမောက္ခဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က ဟောပြောပို့ချရာတွင် ပညာရေးအရည် အသွေးပြည့်ဝမှုနှင့် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သောစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအတွက် လိုအပ်သော ဆောင်ရွက်ရမည့်အချက်များ၊ ကျောင်းအုပ်များက ထိရောက်သော ကျောင်းအရည်အသွေး ပြည့်ဝရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် ၊ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်ရန်၊ သင်ကြားသင်ယူမှု ဝန်းကျင်ကောင်း ဖန်တီးရန်နှင့် ဆရာ ဆရာများ၏ အသိပညာနှင့် တတ်ကျွမ်းမှု မြင့်မားရန်၊ ပူးပေါင်းဆောင်ရွက်မှု၊ ကူညီဖြည့်ဆည်း ဆောင်ရွက်မှု၊ ကျင့်ဝတ်၊ မျှော်မှန်းချက်၊ ပေါင်းစပ် ညှိနှိုင်းစောင့်ရှောက်မှု၊ စိတ်အားထက်သန်မှု၊ တာဝန်ယူ၊ တာဝန်ခံမှု၊ စီမံကိန်းရေးဆွဲ၍ အချိန်နှင့်တစ်ပြေးညီ စီမံခန့်ခွဲ ဦးဆောင်မှု စသည့်ကျောင်းအုပ်များ၊ မြို့နယ်/ တိုင်း/ တိုင်းဒေသကြီး ပညာရေးမှူးများက မိမိတတ်ကျွမ်းသည့်ပညာဖြင့် ကျောင်းသား ကျောင်းသူများအား အရည်အသွေး ပြည့်ဝထိရောက်သော ပညာရေးအခွင့် အလမ်းထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပါမောက္ခဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ပြန်လည်ဆွေးနွေး ဖြေကြားကြောင်း သိရှိရသည်။

No comments:

Post a Comment