Saturday, January 13, 2018
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး M.Ed ဘွဲ့ရဆရာဆရာမများနှင့်တွေ့ဆုံ
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် M.Ed ဘွဲ့ရ ဆရာဆရာမများ တွေ့ဆုံပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၁၀နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်တွေ့ဆုံဆွေးနွေး၍ အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပညာရေးတွင် အခြေခံပညာရေးကဏ္ဍဍ သည် အလွန်အရေးကြီးပါကြောင်း သုတေသန အချက်အလက်များကို အခြေခံ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရာတွင် အတွေ့အကြုံရင့်ကျက်မှုနှင့် အရည်အသွေးပြည့်ဝသော ဆရာဆရာမများဖြင့်သာ လူသားကောင်းများ ပြုစုပျိုးထောင် မွေးထုတ်သွားရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ဆရာ၊ ဆရာမများ ပိုမိုမွေးထုတ်နိုင်ရေးအတွက် (၂) နှစ်သင် ပညာရေးကောလိပ်မှ (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ရန်အတွက် M.Ed ဘွဲ့ရ Educator များ လိုအပ်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မူလတန်းပညာ သင်ယူနေသူတိုင်း မူလတန်းပညာ သင်ယူပြီးမြောက်ရေး အလေးထားဆောင်ရွက်နေပါကြောင်း မူလတန်းပညာရေးသည် အခြေခံပညာရေး၏ အရေးအကြီးဆုံးအတန်းဖြစ်ပါကြောင်း မူလတန်းပညာရေးတွင် Grade-1, Grade-2, Grade-3 အတန်းများက ပိုအရေးကြီးပါကြောင်း၊ မွေးစကစပြီး ၈ နှစ်အရွယ်အတွင်း အခြေခံ စာဖတ် စာရေး အတွက်များ ကျွမ်းကျင်အောင် သင်ကြားပေးနိုင်ပါက ကလေးငယ်၏ ဘဝတစ်သက်တာအတွက် စာဖတ် စာရေး အခြေခံသင်္ချာ ကျွမ်းကျင်တတ်မြောက်စေမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူသားကောင်းများဖြစ်အောင် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်အောင်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆတတ်အောင် ပြုစု ပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးကြစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment