Tuesday, January 23, 2018
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသို့ သင်ကြားရေးအထောက်အကူပြု ပစ္စည်းအဖြစ် SMART TVအလုံး(၁၀ဝ)လှူဒါန်းခြင်း အခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ မန္တလေးနည်းပညာကုမ္ပဏီ၏ ဦးဆောင်မှုဖြင့် အလှူရှင် (၁၆)ဦးတို့က အခြေခံပညာကျောင်းများ၌ သင်ရိုးညွှန်းတမ်း အသစ်များဖြင့် သင်ကြားရာ၌ တွဲဖက်ဘာသာရပ်များဖြစ်သော ပန်းချီ၊ ဂီတ၊ အက၊ အားကစား၊ စိုက်ပျိုးရေးစသည့် ဘာသာရပ်များအတွက် သင်ကြားသင်ယူမှု လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် သင်ကြားရေး အထောက်အကူပြုပစ္စည်း SMART TV အလုံး (၁၀ဝ)လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီ ၁၅မိနစ်တွင် ရုံးအမှတ်(၁၃)၊ သုံးထပ်ဆောင်ဧည့်ခန်းမ၌ ကျင်းပရာ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ကျေးဇူးတင်အမှာစကား ပြောကြားသည်။
ထို့နောက် အလှူရှင်များကိုယ်စား မန္တလေးနည်းပညာကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာ ဦးဇော်နိုင်နှင့် Danieli Co.,Ltd (Myanmar Branch)မှ Managing Director Mr. Mrinal Mukherjeeတို့က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းရီက အမှတ်တရစကားပြောကြားသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးနှင့် တာဝန်ရှိသူများသည် Digital SMART TV များဖြင့် သင်ကြားသင်ယူမှု လက်တွေ့သရုပ်ပြမှုကို ကြည့်ရှုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment