Wednesday, January 17, 2018
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Dell EMC နှင့် Technoland Computer Trading Co., L.td ကွန်ပျူတာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်း အဝေးခန်းမတွင် ကျင်းပသော Dell EMC and Technoland Computer Trading Co., Ltd မှ လှူဒါန်းသော ကွန်ပျူတာလှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနသို့ ကွန်ပျူတာ (၁၀) လုံးနှင့် UPS (၁၀) လုံး လှူဒါန်းသည့် Dell EMC and Technoland Computer Trading Co., Ltd သို့ များစွာကျေးဇူး တင်ရှိပါကြောင်း၊ နောင်အနာဂတ်တွင်လည်း ပညာရေးကဏ္ဍဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ICT နည်းပညာသည် ပညာရေးကဏ္ဍဍ စီမံခန့်ခွဲရေး သာမက၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူမှု ပိုမိုထိရောက် စေရန်အတွက်များစွာ အထောက် အကူဖြစ်စေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမျိုးသားပညာရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၁) တွင်လည်း ICT Tools များ ပညာရေးကဏ္ဍဍတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုသွားနိုင်ရေး လုပ်ငန်းစဉ်အား ဖော်ပြထားရှိပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဝန်ကြီး ဌာနသို့ ICT ပစ္စည်းများ လှူဒါန်းခြင်းသည် ပညာရေးကဏ္ဍဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေသည်နှင့် အချိန်ကိုက်ပင် ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းထားသည့် ကွန်ပျူတာများအာ အကျိုးရှိထိရောက်စွာ အသုံးပြုသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Dell EMC နှင့် Technoland Computer Trading Co., Ltd တို့မှ ကွန်ပျူတာနှင့် UPS များ လွှဲပြောင်းပေးအပ်ခြင်းအား ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ လက်ခံရယူခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment