Tuesday, January 30, 2018
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲ ကြီးကြပ်ရေးမှူးသင်တန်းကျင်းပ
ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၃၀
၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်းလုပ်ငန်းဆိုင်ရာ ဗဟိုအဆင့်စာမေးပွဲ ကြီးကြပ်ရေးမှူး သင်တန်းကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း သိင်္ဂီမြိုင်ခန်းမ၌ ကျင်းပသည်
။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာတင်ညိုက အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာဌာန ကထိက ဒေါက်တာနုနုခိုင်က Standardized Testing of N.F.P.E Programme နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန် ပညာရေးတက္ကသိုလ် ပညာရေး စိတ်ပညာဌာန ကထိကဒေါ်ခင်မျိုးသိန်းက မြန်မာစာ တတ်မြောက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာဌာန ကထိက ဒေါက်တာမိုးမိုးနိုင်က သင်္ချာတတ်မြောက်မှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန ပါမောက္ခ ဒေါက်တာခင်ပြုံးရီက အင်္ဂ္လိပ်စာတတ်မြောက်မှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ပို့ချခဲ့ကြသည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာထူးထူးအောင်က အထွေထွေတတ်မြောက်မှု စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက် အကူပြုပင်မဌာန စီမံချက်မန်နေဂျာ ဦးထွန်းကြည်က စာရင်းဇယားများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြပြီး သင်တန်းသို့တက်ရောက် လာကြသူများက အကြံပြုဆွေးနွေး တင်ပြကြသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စံထားစစ်ဆေးခြင်း လုပ်ငန်းဆိုင်ရာ ဗဟိုအဆင့် စာမေးပွဲကြီးကြပ်ရေးမှူး သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆရာ ဆရာမ (၁၀ဝ)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment