Friday, January 19, 2018

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မှ ပညာရေးဝန်ထမ်းများအားတွေ့ဆုံ










ကျိုင်းတုံ ၂၀၁၈ ဇန်နဝါရီ ၁၉.၂၀

ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့်အဖွဲ့သည် အခြေခံပညာ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ အခြေခံပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေးနှင့် အရည်အသွေးမြင့်မားသော ပညာရေးကို လက်တွေ့ကျကျဖြည့်ဆည်း အကောင်အထည်ဖော် နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေး အကြံပြုခြင်းတို့ကို ညနေ(၄)နာရီတွင် အဆိုပါ မြို့တော်ခန်းမ၌ကျင်းပသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌဌ်ခန်းမ၌ ကျိုင်းတုံတက္ကသိုလ် အစိုးရနည်းပညာ အထက်တန်းကျောင်း နည်းပညာတက္ကသိုလ် ကွန်ပျုတာတက္ကသိုလ် ပညာရေးကောလိပ်များမှ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ ဆရာဆရာမများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူရေး၊ သုတေသန၊ စီမံခန့်ခွဲရေး လုပ်ငန်းများ ထိရောက်ပွင့်လင်းမြင်သာစွာနှင့် ဒေသ အကျိုးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး မေးမြန်း အကြံ ပြုခဲ့ကြသည်။ ယင်းနောက် နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ဆရာဆရာမများနှင့်တွေ့ဆုံကာ ဒေသအကျိုးပြုလုပ်ငန်း သုတေသနစာတမ်းများ ပြုစုကြရန် နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့်မားရေး မွန်းမံသင်တန်းများဖွင့်လှစ်ဆောင်ရွက်ရန် အင်္ဂ္လိပ်စာ အရည်အသွေး၊ ICT အရည်အသွေးများတိုးတက် ကောင်းမွန်အောင်ကြိုးစားကြရန် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတက်ရေး စဉ်ဆက်မပြတ် သင်ကြားသင်ယူ လေ့ကျင့်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment