Friday, January 26, 2018

အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ














ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၂၆

၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ဘွဲ့ကြို+ဘွဲ့လွန်)တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ အဆင့်မြင့်ပညာဦးစီးအဆင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦးနှင့် တာဝန်ရှိသူများက ဘွဲ့ကြိုနှင့် ဘွဲ့လွန်အဆင့် Essay ပြိုင်ပွဲ၊ Impromptu Talk ပြိုင်ပွဲနှင့် Round Table Discussion ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။ ဆက်လက်၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်အဆင့်တွင် နိုင်ငံတော်အဆင့် အင်္ဂ္လိပ်ဘာသာ စကားစွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသူများ၏အမည်စာရင်းကို ကြေညာသည်။ ယင်းနောက် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီက အင်္ဂ္လိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲတွင် ကြီးကြပ်ဆောင်ရွက် ခဲ့ကြသည့် ဒိုင်လူကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါ အင်္ဂ္လိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများအနေဖြင့် အင်္ဂ္လိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်နှင့် အများရှေ့တွင် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုနိုင်စေရန်နှင့် ကျောင်းသား ကျောင်းသူတို့၏ ခွဲခြမ်းစိတ်ဖြာနိုင်မှုစွမ်းရည်၊ ပြဿနာများကို ဖြေရှင်းနိုင်သည့် စွမ်းရည်၊ ဝေဖန်သုံးသပ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းရည် တို့ကို တိုးတက်လာစေရန် ရည်ရွယ်၍ ဇန်နဝါရီ (၂၄)ရက်မှ ဇန်နဝါရီ(၂၆) ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

No comments:

Post a Comment