Thursday, January 18, 2018
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသား စီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများ နှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းပါ ရသုံးငွေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၁၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများ နှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရသုံးငွေများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် အစီအစဉ်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းတင်ပြသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခြေခံပညာကဏ္ဍဍ၊ နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍဍ၊ အဆင့်မြင့်ပညာကဏ္ဍဍ၊ ကျောင်းပြင်ပပညာရေးနှင့် တစ်သက်တာ ပညာရေးကဏ္ဍဍနှင့် အခြား ဆက်စပ်ပညာရေးကဏ္ဍဍနှင့် သက်ဆိုင်သော ဦးစီးဌာနများ အနေဖြင့် ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဦးတည်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ကျေးလက်နှင့် ဝေးလံဒေသများတွင် အခြေခံပညာကျောင်းများ အဆင့် တိုးမြှင့် ဖွင့်လှစ်နိုင်ရေးနှင့် တက္ကသိုလ်ပညာများတွင် ဆက်လက်ပညာသင်ယူနိုင်ရေး၊ လိုအပ်သော ဆရာဆရာမများ ခန့်ထားခြင်း၊ လိုအပ်သော ဆရာ၊ ဆရာမများ ရာထူးတိုးမြှင့် ခန့်ထားခြင်း၊ ပြောင်းရွှေ့ခန့်ထားခြင်း၊ လိုအပ်သော ကျောင်းဆောင်များအား တည်ဆောက်ပေးခြင်း၊ လိုအပ်သော ကျောင်းဆောင်နှင့် တက္ကသိုလ်စာသင်ခန်း များအား ပြင်ဆင်ထိန်းသိမ်းခြင်း၊ လိုအပ်သော သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်း မြှင့်တင်ခြင်းနှင့် ကျောင်းသုံးဖတ်စာအုပ်များ ဖြန့်ဝေပေးခြင်း၊ သင်ကြားသင်ယူမှု နည်းစနစ်များအတွက် မွမ်းမံသင်တန်းများ ပို့ချခြင်း၊ စီမံခန့်ခွဲရေးမွမ်းမံသင်တန်းများ ပို့ချခြင်း၊ ကျောင်းများနှင့် တက္ကသိုလ်များမှ လိုအပ်သော စာကြည့်တိုက်များအတွက် ဖြည့်ဆည်းခြင်း၊ အားကစား၊ အနုပညာ၊ ကျောင်းထောက်ပံ့ကြေး၊ ပညာသင်ထောက်ပံ့ကြေး၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ များထောက်ပံ့ခြင်း၊ ရုံးသုံးပစ္စည်းများ၊ ယာဉ်ပစ္စည်းများ ဝယ်ယူဖြည့်ဆည်းခြင်း၊ ကျောင်းဖွံ့ဖြိုးရေးနှင့် ကျောင်းသားအိပ်ဆောင်၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးခြင်း၊ အတိုးနှုန်းများ ပေးချေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် သင်ယူမှုအခွင့်အလမ်းများ မြင့်မားရေးနှင့် အရည်အသွေး ပြည့်ဝသော ပညာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် သာမန်အသုံးစရိတ် ငွေကျပ် ၆၆၇၈၆၅ ဒသမ ၉၄၇ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် ၁၃၉၂၈၀ ဒသမ ၆၀၅ ဘီလီယံ စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၈၀၇၁၄၆ ဒသမ ၅၅၂ ဘီလီယံ တို့ကို ဘဏ္ဍဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း နှင့်အညီ စနစ်တကျ ထိရောက်ပွင့်လင်းမြင်သာစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment