Tuesday, January 16, 2018

ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD)သင်တန်း အပတ်စဉ်(၁)ဖွင့်ပွဲကျင်းပ






ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၁၅

ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD)သင်တန်း အပတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။ သင်တန်းဖွင့်ပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် (Dip ECCD)သင်တန်း သင်ကြားရေးအဖွဲ့ခေါင်းဆောင်(၁) ပညာရေး စိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာ နိုင်နိုင်မော်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ (Dip ECCD)သင်တန်း သင်ကြားရေးအဖွဲ့ခေါင်းဆောင်(၂) ပညာရေးသဘော တရားဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာစုစုသွင်က သင်တန်းစည်းကမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန် ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD)သင်တန်း အပတ်စဉ်(၁)သင်တန်းသို့ သင်တန်းသား သင်တန်းသူ(၁၂၃)ဦး တက်ရောက် လျက်ရှိပြီး ဇန်နဝါရီလ(၁၅)ရက်မှ အောက်တိုဘာလအထိ (၁၀)လကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြာင်း သိရသည်။

No comments:

Post a Comment