Saturday, January 20, 2018

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ





ရန်ကုန် ၂၀၁၈ ဇန်နဝါရီ ၁၉

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ် မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သိင်္ဂ࿿ီမြိုင်ခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဥက္ကဌ ဒေါက်တာဦးသန်းဦးနှင့် ဒုတိယဥက္ကဌ ဒေါက်တာ တင်ညိုတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးစိတ်ပညာဌာန ပါမောက္ခ ဒေါက်တာ ခင်ပြုံးရီက Administration Guidelines for N.F.P.E Standardized Test နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ် ပညာရေးစိတ်ပညာဌာန ကထိက ဒေါက်တာ နုနုခိုင်က Standardized Testing of N.F.P.E Programme နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာထူးထူးအောင်က စံထားစစ်ဆေးလွှာအသုံးပြု၍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး နှစ်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်းလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ ဆရာ ဆရာမ (၁၂၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment