Thursday, January 4, 2018

၂၀၁၈ ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ









နေပြည်တော် ၂၀၁၈ ဇန်နဝါရီ ၃

၂၀၁၈ ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိအစည်းအဝေးခန်းမ၌ ကျင်းပရာ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ကော်မတီဝင်များ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ( ၇၁ )နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီဥက္ကဋ္ဌဌက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူးက သဝဏ်လွှာ ပြုစုရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက (၇၁)နှစ်မြောက် သဝဏ်လွှာအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment