Friday, April 5, 2019

ပညာရေးဝန်ကြီးဌာန စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၄
ပညာရေးဝန်ကြီးဌာန တတိယအကြိမ် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို  ၄၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၈:၃၀)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး HE Mr John Nielsen, Development Counsellor, Ms. Hanne Carus ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) အကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးပေးသည့်အတွက် ဒိန်းမတ်နိုင်ငံနှင့် ဒိန်းမတ်သံရုံးကို ပညာရေးဝန်ကြီးဌာန၏ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊  စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဦးစီးဌာနများမှ အရာထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အခြခံပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးနှင့် အဆင့်မြင့်ပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဗဟိုဌာန တည်ထောင်ရန်လည်း စီစဉ်ဆောင်ရွက်နေပါကြောင်း၊ တက္ကသိုလ် သင်ရိုးညွှန်းတမ်းအား ၂၁ ရာစုပညာရေးစနစ်နှင့်အညီ ပြင်ဆင် ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ School-Industry Partnership(SIP)အစီအစဉ်၊ National Vocational Foundation Certificate(NVFC) အစီအစဉ်၊  တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ် ကြီးများအကြား အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များရရှိစေရန်နှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် Communication for Management- C4M App ဒီဇိုင်း ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း စသည်ဖြင့် အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)မှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက  ဒုတိယအကြိမ် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှု အစည်းအဝေးမှ အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ထားရှိမှုအခြေအနေ၊ ဒုတိယခြောက်လပတ် CDF Budget & Workplan မှ အောင်မြင်မှုများ၊  တတိယခြောက်လပတ်(၂၀၁၉ခုနှစ်၊ ဧပြီလ၁ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ) CDF Budget & Workplan များနှင့် ၂၀၁၉ ခုနှစ် မတ်လအထိ ဘတ်ဂျတ်သုံးစွဲခဲ့မှု အခြေ အနေများကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အကြံပြုဆွေးနွေးကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment