Tuesday, April 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်လဲလှယ်ပွဲသို့ တက်ရောက်

နေပြည်တော် ၂၀၁၉ မတ် ၂၁
မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ဥရောပသမဂ္ဂ၏ အထောက်အပံ့ ယူရို ၂၂၁ သန်းဖြင့် ဆောင်ရွက်မည့် ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့် စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ် (Financing Agreement for Enhancing the Education and Skills base in Myanmar လဲလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Kristian Schmidt ၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး . H.E. Mr. Jaroslav Dolecek ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. John Nielsen ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ ပူးပေါင်းဆောင်ရွက်မှု အကြီး Dr. Johann Hesse နှင့် စီမံချက်မန်နေဂျာများ၊ Asian Development Bank (ADB)၊ International Institute for Democracy and Electoral Assistance (I-IDEA)၊ International Monetary Fund (IMF)၊ United Nations Educational, Scientific and Cultural Organization (UNESCO) ESifhGoPA Worldwide Consultant Group တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt တို့က ပညာရေးနှင့် ကျွမ်းကျင်မှုအခြေခံများ မြှင့်တင်ရေးစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့မှောက်၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Kristian Schmidt တို့က ပညာရေးနှင့် ကျွမ်းကျင်မှု အခြေခံများမြှင့်တင်ရေး စီမံချက်နှင့်စပ်လျဉ်းသည့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်ကို အပြန်အလှန်လဲလှယ်ကြသည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ အဆိုပါငွေကြေးအထောက်အပံ့ ယူရို ၂၂၁ သန်းတွင် ဘတ်ဂျက်အထောက်အပံ့ ယူရို ၁၇၅ သန်းနှင့် ဖြည့်စွက် အထောက်အပံ့ ယူရို ၄၆ သန်းပါဝင်ကြောင်း သိရပြီး အခြေခံပညာ၊ အလယ်တန်းနှင့် အထက်တန်းပညာရေး ပြုပြင်ပြောင်းလဲမှုနှင့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ၊ အလုပ်ရုံနှင့် ကျောင်းသားအဆောင် များ ဆောက်လုပ်ခြင်း၊ ဆရာလမ်းညွှန်များ၊ ကျောင်းသုံး ပုံနှိပ်စာအုပ်များရိုက်နှိပ်ခြင်း၊ ဆရာ ဆရာမများ အရည်အသွေးပြည့်ဝရေးအတွက် သင်တန်းများပေးခြင်းနှင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးပြုပြင်ပြောင်းလဲမှု (PFM Reform) လုပ်ငန်းများကို ADB ၊ World Bank၊ I-IDEA တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment