နေပြည်တော် ၂၀၁၉ မတ် ၁၅ ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)လုပ်ငန်းတာဝန်များရှင်းလင်းခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲတွင်ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၁)ရှိအစည်းအဝေးခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ နည်းပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉)အတွေ့အကြုံရှင်းလင်းခြင်းနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းခြင်းကိုမြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်ကလည်းကောင်း၊ အဂတိလိုက်စားမှုအဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်းကို ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းကလည်းကောင်း၊ တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်ခြင်းကိုရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင် ကလည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးခြင်းကိုလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာ စိုင်းကျော်နိုင်ဦးကလည်ကောင်း ရှင်းလင်းပြောကြားကြသည်။ ထို့နောက်တက်ရောက်လာကြသူများကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးအကြံပြုကာမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးကြသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများစုစုပေါင်း (၁၆၀)ဦးတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment