နေပြည်တော် ၂၀၁၉ ဇွန် ၂
ပညာရေးစာရင်းအင်း
ဖွံ့ဖြိုးတိုးတက်မှုအမျိုးသားအဆင့် မဟာဗျူဟာအသိပေး မိတ်ဆက်ခြင်း
အခမ်းအနားကို ၂၅၊ ၆၊ ၂၀၁၉ ရက်နေ့ နံနက်(၉:၁၅)နာရီတွင် နေပြည်တော်
ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊
ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ UNESCO
Myanmar Office မှ Head of office, Ms. Min Jeong Kim, UNESCO -UIS ,
Bangkok မှ Programme Specialist, Mr. Roshan Bajracharya၊ ဖွံ့ဖြိုးမှု
မိတ်ဖက်အဖွဲ့အစည်းများနှင့် ဧည်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောရာတွင်
ပညာရေးစာရင်းအင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားအဆင့်မဟာဗျူဟာ
(National Strategy for Development of Educational Statistics- NSDES)
အသိပေးမိတ်ဆက်ခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၁၂ခုနှစ်တွင်
ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ ပြန်လည်သုံးသပ်ရေးလုပ်ငန်း (Comprehensive
Education Sector Review-CESR) ကို အဆင့်(၃)ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပြီး
ကုန်ကျငွေတွက်ချက်ပြီးသော အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းရေးဆွဲခဲ့ပြီး
၂၀၁၆ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ မူဝါဒများကို
ချမှတ်နိုင်ရန်အတွက် တိကျသည့် စာရင်းအင်းအချက်အလက်များ လိုအပ်ပါကြောင်း၊
NSDES ကို ရေးဆွဲရာမှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး
ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Strategy Development
Plan-MSDP)နှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education
Sector Plan-NESP) တို့ကို ခြေခံပြီး စာရင်းအင်းဖွံ့ဖြိုးတိုးတက်မှုအတွက်
အမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for the Development of
Statistics-NSDS) နှင့်ကိုက်ညီအောင် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊
(Sustainable Development Goal4 - SDG4) အကောင်အထည်ဖော်နိုင်မှုကို
တိုင်းတာရန်အတွက် ညွှန်ကိန်းများရှိပြီး ညွှန်ကိန်းတွေကို
မြန်မာနိုင်ငံ၏ပညာရေး စောင့်ကြည့်အကဲဖြတ်သော ညွှန်ကိန်းများနှင့်
ပေါင်းစည်းနိုင်ရန် အမျိုးသားပညာရေး ညွှန်ကိန်းမူဘောင် (National Education
Indicators Framework-NEIF) ကို ရေးဆွဲခဲ့ပါကြောင်း၊ NSDES သည် NEIF ကို
အကောင်ထည်ဖော်ရန် အထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ NSDES သည်
မြန်မာနိုင်ငံ၏ပညာရေး စာရင်းအင်းစနစ်မှာရှိနေသည့် စိန်ခေါ်မှုတွေကို
ကျော်လွှားနိုင်ရန်၊ အပြောင်းအလဲများကို ဟန်ချက်ညီညီဆောင်ရွက်နိုင်ရန်
လမ်းညွှန်ပေးမှာဖြစ်ပါကြောင်း၊ NSDES ပြုစုရာမှာ
ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် ယူနက်စကိုနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊
ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကို အသိအမှတ်ပြု
ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် UNESCO
Myanmar Office မှ Head of office, Ms. Min Jeong Kim က
အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အမှတ်တရ
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး အခမ်းအနားကို အစီအစဉ်တိုင်း
ဆက်လက်ကျင်းပကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment