နေပြည်တော်၂၀၁၉ ဇူလိုင် ၂၄
လူတိုင်းအကျုံးဝင်ပညာရေးဆိုင်ရာ
နှီးနှောဖလှယ်ပွဲ (မသန်စွမ်းကလေးများအတွက် အကျုံးဝင်မှု) Seminar on
Inclusive Education-Inclusion for Children with Disabilities ကို ယနေ့
နံနက် ၉ နာရီတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် နိုင်ငံသား များ၏မွေးရာပါ အခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်နှင့်အညီ အခြေခံပညာကို နိုင်ငံသားတိုင်း သင်ယူတတ်မြောက်ရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး ပညာသင်ယူခွင့်ရရှိရေး အတွက် မသန်စွမ်းသူများအပါအဝင် လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်၊ အထူးပညာရေးအစီအစဉ်နှင့် ပညာရေး အထူးဝန်ဆောင်မှု အစီအစဉ်များအရ ကျောင်းပညာရေးသို့မဟုတ် ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးတစ်ခုခု တွင် အခြေခံပညာ သင်ယူနိုင်ခွင့်ရရှိရေး၊ အခမဲ့မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ပြီး အဆင့် ဆင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးမူဝါဒများ နှင့်အညီ မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိစေရေး၊ ကျောင်း နေမြဲ၍ ကျောင်းထွက်သူမရှိစေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။
ပညာသင်ထောက်ပံ့ကြေးပေး
မသန်စွမ်းကလေးများအနေဖြင့် အခြားသော ကလေးငယ်များနည်းတူ ပညာသင်ယူခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် လှူအဖွဲ့ အစည်းတွင် ပါဝင်စောင့်ရှောက်ခွင့်များ ခံစားရရှိစေရန်အတွက် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအားလုံး ပူးပေါင်း ၍ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကချင်၊ မ္တလေး၊ စစ်ကိုင်း၊ ရန်ကုန်ရှိအခြေခံပညာကျောင်း များ၌ မသန်စွမ်းမူလတန်းကျောင်းသား ၈၄၃ ဦး၊ အလယ်တန်းကျောင်းသား ၃၅၂ ဦး၊ အထက်တန်းကျောင်းသား ၈၆ ဦးဖြင့် စုစုပေါင်း ၁၂၈၁ ဦး ပညာ သင်ယူလျက်ရှိပါကြောင်း၊ ၎င်းတို့အား ပညာသင် ထောက်ပံ့ကြေးအနေဖြင့် မူလတန်းအဆင့်အား တစ်လလျှင် ကျပ် ၅၀၀၀ (တစ်နှစ်လျှင် ကျပ် ကျပ် ၅၀၀၀၀)၊ အလယ်တန်းအဆင့်အား တစ်လလျှင် ကျပ် ကျပ် ၈၀၀၀ (တစ်နှစ်လျှင် ကျပ် ကျပ်၈၀၀၀၀)၊ အထက်တန်း အဆင့်အား တစ်လလျှင် ကျပ် ၁၀၀၀၀ (တစ်နှစ်လျှင် ကျပ် ၁၀၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးလျက် ရှိပါကြောင်း။
၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှုတွင်လည်း အမြင် မသန်စွမ်းသူ ၂၄ ဦး ဖြေဆိုရာတွင် လေးဦးအောင်မြင်ခဲ့ပါကြောင်း၊ အကြား မသန်စွမ်းသူ ၁၅ ဦး ဖြေဆိုရာတွင် နှစ်ဦး အောင်မြင်ခဲ့ပါကြောင်း၊ ကိုယ်လက် မသန်စွမ်းသူ ၁၁၁ ဦး ဖြေဆိုရာတွင် ၂၆ ဦး အောင်မြင်ခဲ့ပါကြောင်း၊ အရည် အသွေးရှိသောပညာရေးဖြင့် လူတိုင်း အကျုံးဝင်ပညာရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အရေးအကြီးဆုံး မှာ တတိယတန်းပြီးသော ကျောင်းသား ကျောင်းသူများအားလုံး ဖတ်တတ်၊ တွက်တတ်၊ ရေးတတ်ရန် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများက ပျော်ရွှင်စွာ ပညာရေးကို တန်ဖိုးထားသင်ကြားသင်ယူ ပေးနိုင်မှသာ သင်ယူတတ်မြောက်ရန် ခက်ခဲသော ကျောင်းသား ကျောင်းသူ များကို သင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြင့် သင်ယူပြီးမြောက်မှု စွမ်းရည်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း။
ပြုစုပျိုးထောင်ပေးရန်လိုအပ်
ဆန်းသစ်တီထွင် ဖန်တီးနိုင်သော စွမ်းရည်များရရှိရေးနှင့် တစ်သက်တာ သင်ယူလေ့ကျင့်ပြီး ပရော်ဖက်ရှင်နယ် ဖြစ်လာစေရေးတို့ကို ပြုစုပျိုးထောင် ပေးရန် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် Paul Edwards UNICEF (Deputy Representative) က နှီးနှောဖလှယ်ပွဲနှင့်ပတ်သက် ၍ ဖြည့်စွက်အမှာစကားပြောကြားသည်။
ယင်းနောက် အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ကြပြီး နှီးနှောဖလှယ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ ကြောင်း သိရသည်။

No comments:
Post a Comment