နေပြည်တော် ၂၀၁၉ ဇူလိုင် ၈
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency-KOICA) တို့ပူးပေါင်း၍ School Bus(၆၀)စီး လှူဒါန်းမှုဆိုင်ရာ“Improvement in Access to Education through Provision of School Buses in Myanmar’’ Projectကိုနေပြည်တော်တွင် ၂၀၁၉ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ (၃)နှစ်တာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် Record of Discussion(RoD)ကိုအခြေခံပညာဦးစီးဌာနနှင့် KOICAတို့လက်မှတ်ရေးထိုးပွဲကို ၈၊၇၊၂၀၁၉ရက်နေ့ နေ့လယ် ၃နာရီတွင် ရုံးအမှတ်(၁၃)၊ အခြေခံပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် KOICA Myanmar Office မှ Chief Representative, Ms.Lee, YounSoo က School Bus(၆၀)စီးလှူဒါန်းခြင်းဆိုင်ရာနှင့်“Improvement in Access to Education through Provision of School Buses in Myanmar’’ Project ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် KOICA Myanmar Office မှ Chief Representative, Ms.Lee, YounSooတို့ကRecord of Discussion(RoD)လက်မှတ်ရေးထိုးကြသည်။
အဆိုပါ Projectအရနေပြည်တော်ရှိ မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် တပ်ကုန်းမြို့နယ်တို့ရှိအခြေခံပညာကျောင်းများအတွက် School Bus(၆၀)စီးလှူဒါန်းမည်ဖြစ်ပြီးနေပြည်တော်ရှိမြို့နယ် (၈)မြို့နယ်မှ ပညာရေး ဝန်ထမ်းများနှင့် School Busဒရိုင်ဘာများကိုSchool Busအသုံးပြုခြင်းနှင့် ထိန်းသိမ်း ခြင်းဆိုင်ရာလမ်းညွှန်စာအုပ်ပေးခြင်း၊သင်တန်းပေးခြင်း၊ ကျောင်းသားကျောင်းသူနှင့် ဒရိုင်ဘာ များအားယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
No comments:
Post a Comment