နေပြည်တော် ၂၀၁၉ ဇူလိုင် ၂
နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး
ပြောင်းလဲရေးလုပ်ငန်းစဉ် အစီအစဉ်(၂) (TVET Reform Program Phase II)
ဆောင်ရွက်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့််
လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ German Development Bank (KfW)
တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုမည့် ထောက်ပံ့ခြင်းဆိုင်ရာ
သဘောတူညီချက်(Financing Agreement)နှင့် သီးခြားသဘောတူညီချက်(Separate
Agreement) များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၊၇၊၂၀၁၉ ရက်နေ့ မွန်းလွဲ
(၁း၃၀)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁)
အစည်းအဝေးခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံ၏ နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဂျာမနီနိုင်ငံအစိုးရနှင့် KfW တို့၏ ပံ့ပိုးကူညီမှုအပေါ် ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုပါကြောင်း၊ KfW ၏ အထောက်အပံ့ဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်၊ရွှေပြည်သာ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ရွာမ)တို့တွင် လည်း TVET Reform Program Phase I ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ (TVET Reform Program Phase II) အား စတင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါ ကြောင်း၊ နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အောက်ရှိ သိပ္ပံ၊ကျောင်း၊ သင်တန်းဌာန များတွင် အမှန်တကယ်လိုအပ်နေသည့် အဆင့်မြင့်သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးမှုအစီ အစဉ်ဖြစ်သည့်အတွက် TVET ကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံ၏ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ၍ လုပ်ငန်းခွင်၊ စျေးကွက်နှင့် ကိုက်ညီသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း များလည်း ပိုမိုရရှိလာစေမည်ဖြစ်ပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် Dr. Katharina Spiess, Head of Development Cooperation, KfW နှင့် Dr.Christine Heimburger, Director,East Asia and Pacific, KfW တို့က အမှာစကားပြောကြား သည်။
ယင်းနောက် ယူရို(၁၀)သန်းခန့် ထောက်ပံ့မည့် သဘောတူညီချက်များအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် Dr. Katharina Spiess, Head of Development Cooperation, KfW တို့ရှေ့မှောက်တွင် နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့် Dr.Christine Heimburger, Director,East Asia and Pacific, KfW တို့က လက်မှတ်ရေးထိုးကြသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ Dr. Katharina Spiess, Head of Development Cooperation, KfW နှင့် Dr.Christine Heimburger, Director,East Asia and Pacific, KfW ၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်နှင့်တာဝန်ရှိသူများ၊ KfW မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပညာရေးဝန်ကြီးဌာန နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံ(မန္တလေး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း( မန္တလေး၊ တောင်ကြီး) အစိုးရ နည်းပညာအထက်တန်းကျောင်း၊ နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)တို့တွင် သင်ကြား မှုအခွင့်အလမ်းများ ပိုမိုမြှင့်တင်နိုင်ရန်နှင့် အရည်အသွေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ ယူရို(၈)သန်းခန့် သက်ထောက်ကူပစ္စည်းများ၊ သင်ကြားရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို စနစ်တကျ ဖြည့်ဆည်း နိုင်မည့်အပြင် ယူရို(၂)သန်းခန့်ဖြင့် အဆိုပါဖြည့်ဆည်းမည့် သင်ထောက်ကူပစ္စည်းများနှင့် သက်ဆိုင် သော ဆရာဆရာမ အရည်အသွေးမြှင့်တင်မှုသင်တန်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment