ရန်ကုန် ၂၀၁၉ ဇွန် ၂၈
(၁၉)
ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ်
အစည်း အဝေးကို ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌
ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က (၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံကျင်းပရခြင်းနှင့် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က (၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံကျင်းပရခြင်းနှင့် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ယင်းနောက်
မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒေါက်တာ
ဒေါ်ကြည်ကြည်လှက Academic Programme Committee အဖွဲ့အင်အားကို
ဖြည့်စွက်ဖြည့်ဆည်းရန်နှင့် သုတေသနစာတမ်း ရွေးချယ်ခြင်းနှင့်
စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့
ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းက လုပ်ငန်းကော်မတီများ
အတည်ပြုထုတ်ပြန်ရန်နှင့် Office Team ဖွဲ့စည်ဆောင်ရွက်ရန်ကိစ္စ
နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့
အတွင်းရေးမှူး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသိန်းဝင်းက လုပ်ငန်းကော်မတီများ၏အဖွဲ့အလိုက် ဆောင်ရွက် ရမည့်
အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ
ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်ဌေးက
လုပ်ငန်းအဖွဲ့အလိုက် ကုန်ကျစရိတ်အသေးစိတ်လျာထားချက်ကိစ္စနှင့် စပ်လျဉ်း၍
လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြ သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြ သည်။
ယင်းနောက်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးကနိဂုံးချုပ်အမှာ စကားပြောကြားရာတွင်
အာရှသိပ္ပံကောင်စီ(SCA)သည် အာရှသိပ္ပံကောင်စီအဖွဲ့ဝင် အာရှဒေသတွင်းရှိ (၁၈)
နိုင်ငံက အာရှဒေသဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနညီလာခံကို
အလှည့်ကျနှစ်စဉ်ကျင်းပလျက်ရှိပါ ကြောင်း၊ သုတေသီများသည် အာရှဒေသတွင်း
ပူးပေါင်းဆောင်ရွက်ခွင့်နှင့် အမြင်ချင်းဖလှယ်ခွင့်များရရှိစေ နိုင်ရန်၊
အာရှဒေသရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်စေရန်နှင့် မျိုးဆက်သစ်
လူငယ်သုတေသီများ ပေါ်ထွန်းလာစေရေး အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး
မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ်
လက်ခံကျင်းပခြင်းဖြစ်ပါကြောင်း၊ ညီလာခံ၏ဦးတည်ချက်အနေဖြင့်
အာရှသိပ္ပံကောင်စီ၏(၁၉)ကြိမ်မြောက် ညီလာခံအတွက် Theme ကို Sustainable
Development Goal ဦးတည်ချက်(၁၇)ရပ်ကို လွှမ်းခြုံစေမည့် Research and
Innovation for sustainable Development in Asia ကိုရွေးချယ်၍ အဆိုပါ Theme
နှင့် အကျံုးဝင်သော သုတေသနနယ်ပယ် Sub-theme များချမှတ်၍ သုတေသနစာတမ်းများ၊
ပိုစတာများ၊ စိစစ်ရွေးချယ်ခြင်းများ ကြိုတင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ
ပညာရှင်များပါဝင်သော ကော်မတီကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။
အာရှသိပ္ပံကောင်စီ(SCA)၏
(၁၉)ကြိမ်မြောက် ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန် ယူ၍ ၂၀၁၉
ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့မှ (၅)ရက်နေ့အတွင်း နေပြည်တော် Grand Amara Hotel
တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ညီလာခံကျင်းပအောင်မြင်နိုင်ရေးအတွက်
လုပ်ငန်းကော်မတီများဖွဲ့စည်း အတည်ပြုရန်လိုအပ်ပါကြောင်း၊
ဘဏ္ဍာငွေများကိုလည်းအဖွဲ့တစ်ဖွဲ့ချင်းစီအလိုက်ပြန်လည်စိစစ်ပြီး ခန့်မှန်း
တွက်ချက်ပေးကြစေလိုကြောင်း၊ လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မည့်
အစီအစဉ်များကို စနစ်တကျ ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊
ပြည်တွင်းသုတေသနပညာရှင်များအနေဖြင့် သုတေသနစာတမ်း
များပေးပို့နိုင်စေရန်အတွက် အထူးအားပေးဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊
ရရှိလာသည့် နိုင်ငံတကာ သုတေသနစာတမ်းများနှင့် ပြည်တွင်းသုတေသနစာတမ်းများကို
ပူးပေါင်းစိစစ်ပေးနိုင်ရေးအတွက် ပါမောက္ခ ချုပ်များကော်မတီနှင့်
ပညာရှင်များအသီးသီး ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ပြင်
လုပ်ငန်း လက်စွဲများ စနစ်တကျပြုစုဆောင်ရွက်တတ်စေရန်နှင့်
သင်တန်းများပို့ချရန်လိုအပ်ပါကြောင်း၊ ညီလာခံ ပြီးဆုံးပါက
ပြန်လည်သုံးသပ်သည့် အစည်းအဝေးများပြုလုပ်ပြီး အားသာချက် အားနည်းချက်များကို
သုံးသပ်ပြီး မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ညီလာခံအောင်မြင်စေရန်
မိမိတို့အနေဖြင့် လိုအပ် ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး
ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့်
ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည်
မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub
ခန်းမသို့ရောက်ရှိကြပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊
ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသား
ကျောင်းသူများနှင့်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပရေး
ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း တက်ရောက် ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment