နေပြည်တော်၊ ၂၀၁၉ ဇွန် ၂၇
ICT for Education Forum ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပညာရေးနှင့် သက်ဆိုင် သည့် Sustainable Development Goal-4 ဖြစ်သည့် “တန်းတူညီမျှပြီး အားလုံး အကျုံးဝင်သော အရည်အသွေး ရှိသည့် ပညာရေးနှင့် အားလုံးအတွက် ဘဝတစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ပေးရေး” ဟူသည့်အချက်နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကို အခြေခံပြီး ပညာရေးမြှင့်တင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း။
ပညာရေးစနစ်များ၊ အသိပညာ ဗဟုသုတ ဖြန့်ဝေခြင်းများ၊ သတင်းအချက်အလက် ရယူခြင်းများ၊ အရည် အသွေးပြည့်မီပြီး ထိရောက်သည့် သင်ကြား သင်ယူမှုများနှင့် ပညာရေးဝန်ဆောင်မှုများ ပိုမိုအားကောင်း လာစေရန်အတွက် အိုင်စီတီ နည်းပညာများကို ပိုင်နိုင်စွာ အသုံးချရန် လိုအပ်ပါကြောင်း။
ယနေ့ကျင်းပသည့် ICT for Education Forum သည် My-EQIP အစီအစဉ်အရ ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်များထဲက Communication Strategy Task Team (CSTT) အဖွဲ့ခွဲ၏ လုပ်ငန်း ဆောင်တာ တစ်ခုဖြစ်ပါ ကြောင်း၊ CSTT အဖွဲ့အနေဖြင့်ဖိုရမ်မှ ဆွေးနွေးချက်ရလဒ်များကို အခြေပြုပြီး လိုအပ်သည့် စစ်တမ်းများ၊ ဆန်းစစ်ချက်များ၊ သတေသနများကို ဆက်လက်ပြုလုပ်ပြီး ပညာရေးအတွက် ICT အသုံးပြု ဆက်သွယ်ရေး မဟာဗျူဟာ တစ်ခုရေး ဆွဲ ဖော်ထုတ်သွားရမည် ဖြစ်ပါကြောင်း။
ဖိုရမ်၏ဆောင်ပုဒ်ဖြစ်သော “ICT ကို အသုံးချလို့ ပညာခေတ်ကိုဖော်ဆောင်စို့”နှင့်အညီ ပညာရေးကဏ္ဍတွင် ပညာရေးစီမံခန့်ခွဲမှု၊ သတင်းအချက်အလက် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှုများ၌ ICT နည်းပညာများကို အသုံးပြုပြီး အများပြည်သူအတွက် ပိုမိုကောင်းမွန်သည့် ပညာရေး စနစ်ကို ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် e-Government စနစ်ကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း စီမံခန့်ခွဲမှုတွင် e-Government စနစ်သို့ ပြောင်းလဲ ဆောင်ရွက်ရမည်ဖြစ်ပြီး သင်ကြားသင်ယူမှု အပိုင်း တွင်လည်း ဘဝတစ်သက်တာ ပညာသင်ယူခွင့် Life-long Learning ကို ပံ့ပိုးပေးနိုင်ရန် နေရာဒေသမရွေး၊ အချိန် မရွေးလေ့လာသင်ယူနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ICT နည်း ပညာရပ်များကို အသုံးပြုပြီး e-Education စနစ်သို့ ကူးပြောင်း ဖော်ဆောင်ရန် လိုအပ် မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကားပြော ကြားရာတွင် ICT for Education Forum သည် အနာဂတ်လူသားများအတွက် အရေးကြီးပါကြောင်း၊ ICT သည် ကမ္ဘာတွင် ရှေ့တန်းရောက်ရှိနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့်လည်း လိုက်ပါ နိုင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်း ICT ကျွမ်းကျင်သည့် လူငယ်များ မွေးထုတ်နိုင်မှသာ နိုင်ငံတကာတွင် ရင်ဘောင်တန်းနိုင်ပြီး ရှေ့တန်းရောက်လာ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သြစတြေးလျနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Ms. Esther Sainsbury က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ICT နည်းပညာတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ပေးနေမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြခန်းများကို လှည့်လည်ကြည့်ရှု ကြသည်။
ထို့နောက် ဖိုရမ်ကို ဆက်လက်ကျင်းပရာ ပညာရေးမူဝါဒနှင့်စီမံခန့်ခွဲခြင်း အတွက် အိုင်စီတီနည်းပညာ၊ ပညာရေးဝန်ကြီးဌာန အိုင်စီတီ အဆင်သင့်ဖြစ်မှု၊ ဆန်းစစ်လေ့လာမှုနှင့် လက်ရှိအခြေအနေ သုံးသပ် လေ့လာမှု၊ ပညာရေးဝန်ကြီးဌာန သတင်းအချက် အလက်စင်တာနှင့် စနစ်ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်၊ ပညာရေးစံနှုန်းနှင့်မူဝါဒများ ဆိုင်ရာ အိုင်စီတီနည်းပညာ၊ ပညာရေးနည်းပညာနှင့် သတင်းအချက်အလက် စနစ်များ၊ မြန်မာ့ဆိုက်ဘာလုံခြုံရေးစိန်ခေါ်မှုများနှင့် အချက်အလက်လုံခြုံမှုနှင့် အိုင်စီတီဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုစသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလို သည်များကို မေးမြန်းကြသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံးမှ တာဝန်ရှိ သူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အဆိုပါ ဖိုရမ်ကို ဇွန်လ ၂၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment