Tuesday, July 2, 2019

ရန်ကုန် ၂၀၁၉ ဇွန် ၂၉ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပသည်။

ရန်ကုန် ၂၀၁၉ ဇွန် ၂၉
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်တို့က အမှာစကားပြောကြားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပါမောက္ခချုပ်များကော်မတီကို ၂၀၁၈ ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၁)နှစ်နှင့် (၂)လ ကျော်ပြီဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များကော်မတီ၏လုပ်ငန်းတာဝန်များအနက် အဆင့်မြင့်ပညာကျောင်း များ၏သင်ကြားရေးစွမ်းရည်၊ သုတေသနစွမ်းရည်နှင့် စီမံခန့်ခွဲရေးစွမ်းရည်များ စဉ်ဆက်မပြတ် တိုးတက်စေ ရေး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ အကြံဉာဏ်များပေးရန် စသည့် လုပ်ငန်းစဉ်အရ ယနေ့ အတွေ့အကြုံရှင်းလင်းပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာသို့ အဆင့်မြင့်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် သွားရောက်ခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် အတွေ့အကြံု ရှင်းလင်းပွဲပြုလုပ်ခြင်းဖြင့် အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏သင်ကြား ရေးစွမ်းရည်၊ သုတေသနနစွမ်းရည်နှင့် စီမံခန့်ခွဲရေးစွမ်းရည်များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေ ရန်အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၂၁)ကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုမဟာဗျူဟာစီမံကိန်း၏အဆင့်မြင့် ပညာကဏ္ဍတွင် မဟာဗျူဟာ(၁)အနေဖြင့် အဆင့်မြင့်ပညာရေး၏အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုအားကောင်းစေ ခြင်း၌ လုပ်ငန်းစဉ်(၁)တွင် အလေ့အကျင့်ကောင်းများကို မှတ်သားထားရန်နှင့် မိတ်ဖက်များထူထောင်ရန် နိုင်ငံခြားလေ့လာရေးခရီးစဉ်များစေလွှတ်ခြင်း အစီအစဉ်ပါဝင်ပါကြောင်း၊ ယင်းအစီအစဉ်အရ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအား ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဆင့်မြင့်ပညာကဏ္ဍ၌ ကျင့်သုံးနေသည့် အလေ့အကျင့်ကောင်းများနှင့်ထိတွေ့မှုရှိစေရန် လေ့လာရေးခရီးစဉ်များကို စီစဉ်စေလွှတ်လျက်ရှိပါကြောင်း၊ ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသောအခါ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်ပြီး ရရှိလာသည့်အတွေ့အကြုံများကို အဆင့်မြင့်ပညာကျောင်းများသို့ ဖြန့် ဝေပေးရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ဧပြီမှ ယနေ့အထိ (၃)နှစ်တာကာလ အတွင်း နိုင်ငံတကာသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေး၊ ညီလာခံများသို့ (၃၃၁၈)ဦး စေလွှတ် ခဲ့ပါကြောင်း။
နိုင်ငံခြားလေ့လာရေးခရီးစဉ်သွားရောက်ခဲ့သည့် ဆရာကြီး ဆရာမကြီးများသည် မြန်မာနိုင်ငံ အဆင့်မြင့်ပညာကျောင်းများနှင့် နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသနဗဟိုဌာနများနှင့်မိတ်ဖက်များ အဖြစ်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခွင့်အလမ်းများကို စူးစမ်းလေ့လာဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မြင့်ပညာကျောင်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အထူးသဖြင့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုနယ်ပယ် အကြောင်းကို စူးစမ်းလေ့လာရန်လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များမှ စာတမ်း(၁၉၇၆)စောင်၊ နည်းပညာတက္ကသိုလ်များမှ စာတမ်း(၁၄၅၈)စောင်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ စာတမ်း(၂၃၆၃)စောင်၊ နည်းပညာတက္ကသိုလ်များမှ စာတမ်း(၂၂၆၃)စောင် ရေးသားနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အတွေ့အကြုံရှင်းလင်းပွဲတွင် ဆွေးနွေးသည့်ခေါင်းစဉ်များသည် အတွေ့အကြံုရှိသည့် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၏ရှင်းလင်းဆွေးနွေးမှုဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုသည့် အကြံ ပြုချက်များရရှိမည်ဟု ယုံကြည်ပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက အတွေ့အကြုံရှင်းလင်း ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗြိတိသျှကောင်စီမှ ပညာရေးဒါရိုက်တာ Ms.Rebecca Picton က “Global for Local Benefit” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “ဗီယက်နမ်အမျိုးသားတက္ကသိုလ်များ ထူထောင်ခြင်းအတွေ့အကြုံများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူ တာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဦးကျော်စွာစိုးက “တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ကွေ့ကျိုးပြည် နယ်နှင့်အန်ဟွေ့ပြည်နယ်များရှိ တက္ကသိုလ်များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ခြင်းအပေါ် သုံးသပ် တင်ပြခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Thoughts and Ideas after Going Global”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က “ASEAN High Performance Computing(HPC) Taskforce’s Activities” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒေါက်တာ ကေသီ လွင်က “International Experiences on Higher Education Development Programs”ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က “Germany နိုင်ငံ နှင့် South-East-Asia နိုင်ငံများ၏အဆင့်မြင့်ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက “Preparation for Effective Teaching” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပညာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူက “Glocal China: Builder of Global Universities with Local Values”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်သန့်စင်က “Open and Distance Education of SEAMEO SEAMOLEC member countries”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)ဒေါက်တာစိုးသူက“Myanmar’s Higher Education Reform: Which Way Forward ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရရှိချက်အား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် အမျိုးသားပညာရေးမူဝါဒကော်မရှင် ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်ပညာရေး ပုဂ္ဂလိကကျောင်းများဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။






No comments:

Post a Comment