နေပြည်တော် ၂၀၁၉ ဇွန် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြေခံပညာရေးမိသားစုများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ၂၆၊ ၆ ၊ ၂၀၁၉ ရက်နေ့ ညနေ(၆)နာရီတွင် ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးမိသားစုများ တက်ရောက်ကြသည်။
ရှေးဦးစွာ
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံဆရာ ဆရာမများ၊
ရပ်ဝေးဒေသမှလာရောက်တာဝန်ထမ်းဆောင်နေကြသည့်ဆရာဆရာမများနှင့် ပညာရေး
ဝန်ထမ်းများအားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများသည်
နိုင်ငံအတွက်အလွန်အရေးကြီးပါကြောင်း၊ အခြေခံအချက်အလက်၊ သုတေသန၊
အစီရင်ခံစာများ စနစ်တကျပြုလုပ်၍ (KG+12) သူငယ်တန်းအပေါင်း တစ်ဆယ့်နှစ်တန်း
ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ ယုံယုံကြည်ကြည်နှင့်
အောင်မြင် အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
မိမိတို့ကျောင်းသားကျောင်းသူများအား အလွတ် ကျက်မှတ်မှုစနစ်မှ (၂၁)ရာစု
ကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်ခြင်း၊ တီထွင်ဖန်တီး
နိုင်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ခြင်း၊
ပြေပြစ်စွာဆက်သွယ်ဆက်ဆံနိုင်ခြင်း၊ စူးစမ်းလေ့လာမှုကို အခြေခံကာ
ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်နိုင်ခြင်းအစရှိ သည့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများရရှိအောင်
ဆရာဆရာမများက အကောင်ထည်ဖော် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊
စာမေးပွဲအောင်မြင်ရေး၊ ရမှတ်များများ ရရှိရေးထက် သင်ယူပြီးရင်း
သင်ယူနိုင်ဖို့အတွက် တစ်သက်တာသင်ယူချင်စိတ်ကို အားပေးကြရ မည်ဖြစ်ပါကြောင်း၊
ဒေသတွင်း စီးပွားရေးအင်အားကြီးနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏ ဘာသာ
စကားကိုလည်း နားလည်တတ် ကျွမ်းရန်လိုအပ်ပါကြောင်း၊
မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှချန်မထားဘဲ
ကျောင်းသားကျောင်းသူများအားလုံး အရည်အသွေးရှိသော
ပညာများသင်ယူခွင့်ရရှိအောင် ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊
ကျောင်းသားကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်ပပျောက်ရေး၊
ဆေးလိပ်သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ အရက်သေစာသောက်သုံးမှု ကင်းစင်
ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့်ညီညွတ်သော
နေထိုင်မှုပုံစံများ လိုက်နာ ကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်
လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊
ကျောင်းသားလူငယ်များကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာ ပေးရေးနှင့်
ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေးတို့ကို အသိပညာပေး
ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊
တိုင်းရင်းသားဘာသာစကား၊ စာပေ၊ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်
တင်ခြင်းများနှင့် အားပေးဖြည့်ဆည်း ဆောင်ရွက်စေလိုပါကြောင်း၊ ရုံးသုံး
မြန်မာဘာသာစကားကို တတ်ကျွမ်းရန်လည်း အရေးကြီးပါကြောင်း၊
အရည်အသွေးရှိသောပညာရေးစနစ် အောင်မြင် နိုင်ရေး အတွက်
မိဘ၊အုပ်ထိန်းသူ၊ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
ပြည်နယ်အစိုးရအဖွဲ့ အစည်းများနှင့် အားလုံးညီညီညွတ်ညွတ်
ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း
စသည်ဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက်
တက်ရောက်လာသော ဆရာ၊ဆရာများက သိရှိလိုသည်များကို မေးမြန်းတင်ပြရာ
ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်
ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်ချက်များ
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့်
ပြည်ထောင်စုဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ
ကျိုင်းတုံမြို့တက္ကသိုလ်သို့ ရောက်ရှိပြီး ကျိုင်းတုံတက္ကသိုလ်၊
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးကော လိပ်များမှ
ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်၊
ဒုတိယကျောင်းအုပ်ကြီးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများ၊
စီမံဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍
အဆင့်မြင့်ပညာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် သင်ကြားရေး၊ စီမံခန့်ခွဲရေး
ဆိုင်ရာကိစ္စရပ်များ ပိုမိုကောင်းမွန်အောင်
ဆောင်ရွက်နိုင်ရေးတို့ကိုဆွေးနွေးမှာကြားသည်။
ထို့နောက်
ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ
ကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက်
ပါမောက္ခချုပ်များ၊ကျောင်းအုပ်ကြီးများနှင့်တက်ရောက်လာသူများက အဆင့်မြင့်
ပညာကဏ္ဍဆိုင်ရာ ဆောင်ရွက်နေမှုအခြေအနေများကိုတင်ပြ၍
သိရှိလိုသည်များကိုမေးမြန်းရာ
ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်
ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပြီး လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း
သတင်း ရရှိသည်။
No comments:
Post a Comment