နေပြည်တော် ၂၀၁၉ ဇူလိုင် ၆
ရွှေပါရမီ ပဲနို့အာဟာရဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝန်း ကျောင်းသား ကျောင်းသူ ကလေးငယ်များအား ပဲနို့ အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၂၉၃ ကျောင်း၌ စီမံချက်စတင်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ပန်း တောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တိုင်းဒေသ ကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေး ငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ရွှေနဒီဘုန်းတော် ကြီးသင် ပညာရေးကျောင်းဝင်းအတွင်း ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းသို့ ဦးစိုးသိန်း - ဒေါ်ဆင်နု (နဒီရွှေဝါကုမ္ပဏီ) မိသားစုက လှူဒါန်းခဲ့သည့် ပဲကုန်ကြမ်းသန့်စင်ကြိတ်ခွဲစက်အား ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူတစ်ဦးက ပဲနို့ထုတ်လုပ် ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသသည်။
ဝါးပင်မျိုးစုံစိုက်ပျိုးပေး
ထို့နောက် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူကလေးငယ်များအား ပဲနို့ အာဟာရ တိုက်ကျွေးလှူဒါန်းခြင်း စီမံချက်စတင်ခြင်း အထိမ်းအမှတ်နှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့က ဝါးပင်မျိုးစုံကို အဆိုပါကျောင်းဝင်း အတွင်း သတ်မှတ်နေရာအသီးသီး၌ စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝန်း ကျောင်းသား ကျောင်းသူ ကလေးငယ် များအား ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၉၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးငယ် ၃၀၀၀၀ ကျော်အား ပဲနို့ အာဟာရတိုက်ကျွေးနိုင်ရေး အခမ်း အနားကို ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးခြင်းသည် ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းရန်နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြု ပါကြောင်း၊ အသက် (၈)နှစ်အရွယ်အထိ ကလေးငယ်များအားလုံး ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရန်နှင့် ဦးနှောက်ဖွံ့ဖြိုး တိုးတက်ရန်အတွက် နိုင်ငံတိုင်းတွင် အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံအားပေး ဆောင်ရွက်နေချိန်လည်း ဖြစ်ကြောင်း၊ ယနေ့ကျောက်ပန်းတောင်းမြို့၌ ပဲနို့ အာဟာရတိုက်ကျွေးခြင်း စီမံချက် လုပ်ငန်းအဆင့်ဆင့်တွင် ပါဝင်ဆောင်ရွက် ကြသော အလှူရှင်များ၊ အဖွဲ့အစည်းများ ကို ပညာရေးဝန်ကြီးဌာနအနေ ဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ကော်မတီများ ဖွဲ့စည်းဆောင်ရွက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ် ကလေးဆိုသည်မှာ မွေးစမှ အသက်(၈)နှစ်အထိ ကလေးငယ်များအားလုံး အကျုံးဝင်ပါကြောင်း၊ ကလေးငယ်များ တွင် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက် ခွင့်၊ ပါဝင်ခွင့်နှင့် ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်များရှိပါကြောင်း၊ ထိုအခွင့်အရေး များကို ဖော်ဆောင်ပေးနိုင်ရန် ရှေးဦး အရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဖော်ဆောင် ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများ ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကော်မတီများက စနစ်တကျကြီးကြပ် ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို အပြည့်အဝ ဖော်ဆောင်ရန် မိဘများ၊ မိသားစုဝင်များ၊ ဆရာ ဆရာမများ၊ လူမှုအဖွဲ့အစည်းများ နှင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်ထားသော လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်း (၈)ရပ်တွင် ကျောင်းတွင်း အာဟာရတိုက်ကျွေးခြင်းလုပ်ငန်းစဉ်ပါဝင်ကြောင်း၊ ယခု အခမ်းအနားသည် ထိုလုပ်ငန်းစဉ်အရ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားတွင် အစိုးရ၊ လွှတ်တော်၊ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ပြည်သူများ စုံညီစွာပါရှိသည့်အတွက် ဝန်ကြီးဌာန၏ ရည်မှန်းချက်အောင်မြင် ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေး ကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တတလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က မ္တလေးတိုင်းဒေသကြီး အစိုးရအနေဖြင့် နို့တိုက်ကျွေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံ ပညာကျောင်းပေါင်း ၂၉၃ ကျောင်းကို ပဲနို့အာဟာရတိုက်ကျွေးနိုင်ရေး ဆောင် ရွက်ပေးခြင်းအတွက် ကျေးဇူးတင် ပါကြောင်းနှင့် ရေရှည်တည်တံ့နိုင်ရေး အတွက် အားလုံးပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ပဲနို့အာဟာရ တိုက်ကျွေး
ဆက်လက်၍ ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပဲနို့ အာဟာရ၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သော ကျောင်းသား ကျောင်းသူ ၁၅၀၀ ကျော်အား ပဲနို့အာဟာရကို တိုက်ကျွေး ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment