ရန်ကုန် ၂၀၁၉ ဇူလိုင် ၁၈
အခြေခံပညာ
သင်ရိုးသစ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၃ နာရီတွင်
ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်အဖွဲ့ခါင်းဆောင်များက သင်ရိုးသစ်
Grade-7 နှင့် Grade-10 တို့ အတွက် ကျောင်းသုံးဖတ်စာအုပ်
လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး
ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာ ဘာသာရပ်အလိုက်
ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာကြီး ဆရာမကြီးများက လိုအပ်ချက်အခက်အခဲများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment