Thursday, August 29, 2019

သင်ကြားသင်ယူမှု အထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၉ ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ (Augmented Reality-AR) ခေါ် သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အားလုံး၏ပါဝင်မှုဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများကို ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန်နှင့် စွမ်းဆောင်ရည်ရှိလာစေရန် မူလတန်းသင်ရိုးညွှန်းတမ်း Grade-1, Grade-2, Grade-3 စာအုပ်များကို ဂျပန်နိုင်ငံ JICA Create ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလယ်တန်း၊ အထက်တန်းသင်ရိုးကို ADB ၏ချေးငွေနှင့် EU ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ယခုနှစ်တွင် Grade-6 စာအုပ်များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်း စာအုပ်အသစ်များကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစုနှစ်တွင် ဘာသာရပ်သင်ရိုးညွှန်းတမ်းများ၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0) နှင့် လိုက်လျောညီထွေရှိ‌စေရန် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေးနိုင်ရန် ဦးတည်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန်လေးစား ကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ စည်းကမ်းကိုလေးစား လိုက်နာတတ်ပြီး ဒီမိုကရေစီစနစ်တွင် တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် သင်ကြားသင်ယူ လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေရှိသော တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဖန်တီးနိုင်စွမ်း ရှိလာစေရန်အတွက် ကျောင်းသား ကျောင်းသူများကို အခြေခံပညာဖြစ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှစ၍ သင်ယူပြီးရင်း သင်ယူမှုကို အားပေးမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ကောင်းကျိုး၊ ကမ္ဘာကြီး၏ကောင်းကျိုးကို ဖန်တီးဆောင်ရွက်ပေးနိုင်သည့်အပြင် ကောင်းမွန်သော သဘောထားအမြင်နှင့် တန်ဖိုးထားလေးစားနိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ယူသူလူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ပါက မိမိတို့နိုင်ငံ၏ပညာရေးကို တန်ဖိုးထားလေးစားလာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု ပိုမိုကောင်းမွန်စေရန် အင်္ဂလိပ်စာအရည်အသွေးနှင့် အိုင်စီတီအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ‌ထို့ပြင် နည်းပညာသည် ကျောင်းသား ကျောင်းသူများ၏အနာဂတ်တွင် မဖြစ်မနေလိုအပ်သည်ကိုလည်း သိရှိရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နည်းပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့နည်းပညာ ကူညီပံ့ပိုးပေးသည့် အလှူရှင်များ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးထားလေးစားပါကြောင်း ပြောကြားသည်။ ထို့နောက် 360 Ed ၏ CEO နှင့် Founder ဖြစ်သူ ဒေါ်လှလှဝင်းက လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founder ဦးရန်မင်းအောင်က Grade-1 အင်္ဂလိပ်စာ ဘာသာရပ်အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးအထောက်အကူပြု Application သည် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အသံထွက်မှန်ကန်စွာဖြင့် သင်ယူလေ့လာနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် လှုပ်ရှားသက်ဝင်မှု ပိုမိုကောင်းမွန်သော လေ့လာမှုနှင့် ပတ်ဝန်းကျင်ကို ကျောင်းတွင်သာမက အိမ်တွင်ပါ သင်ယူလေ့လာနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာလေ့လာသည့်နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် စာသင်ခန်းများတွင် သင်ခန်းစာပို့ချရာ၌ ကိုးကား၍ သော်လည်းကောင်း၊ သင်ထောက်ကူအနေဖြင့်လည်းကောင်း အသုံးပြုနိုင်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း ကျောင်းကုန်းဆိပ်ကြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှ လှူဒါန်းသည့် ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

အခြေခံပညာအထက်တန်းကျောင်း ကျောင်းကုန်းဆိပ်ကြီး ကျောင်းအဆင့်တိုးမြှင့်ခြင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှလှူဒါန်းသည့် ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာအဲန်နာ ရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်တို့က ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာအဲန်နာရွှေလွှမ်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် သန့်စင်မေတ္တာအဖွဲ့မှ ဥက္ကဋ္ဌဦးနေအုပ်တို့က ရေအိမ်နှင့်စင်္ကြန်လျှောက်လမ်းများ လွှဲပြောင်းပေးအပ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အခြေခံပညာ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုရန်အတွက် ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်မူဖြစ်သည့် အခြေခံပညာအထက်တန်း Grade-10 နှင့် Grade-11 တက်ရောက်သည့် ကျောင်းသားဦးရေ(၂၀ဝ) ပြည့်ရမည်ဖြစ်ပါကြောင်း၊ အနီးဆုံး အခြေခံပညာအထက်တန်းကျောင်းနှင့် (၁၀)မိုင်ကွာဝေးရမည် ဖြစ်ပါကြောင်း၊ ယခုအဆင့် တိုးမြှင့်သည့်ကျောင်းသည် ကျောင်းသား ကျောင်းသူ(၂၆၈)ဦးရှိပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အတွက် ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျောင်းကုန်းဆိပ်ကြီးတွင် နေထိုင်သူအိမ်ခြေ(၁၀၁၄)အိမ် ကျောင်းသား ကျောင်းသူ(၁၃၂၈)ဦးရှိ၍ ရပ်ရွာအနေဖြင့် ပညာရေးကိုအားပေးပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်စေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရှိရသည့်အတွက် အားရဝမ်းသာဖြစ်မိပါကြောင်း၊ အလှူရှင်များအနေဖြင့် ကျောင်းသား ကျောင်းသူကလေးငယ်များ ကျန်းမာစွာ ပညာသင်ယူခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျောင်း၏အနေအထားအရ လိုအပ်နေသည့် သန့်စင်ခန်းများနှင့် စင်္ကြန်လျှောက်လမ်းကို လှူဒါန်းဆောက်လုပ်ပေးသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် ကျောင်းဆောင်များ၊ ဆရာ ဆရာမများ များစွာလိုအပ်လျက်ရှိပြီး မိမိတို့ တာဝန်ယူချိန်မှစ၍ ဆရာ ဆရာမများ ပိုမိုခန့်ထားခြင်း၊ ကျောင်းဆောင်များ ပိုမိုဖြည့်ဆည်းခြင်း၊ စာသင်ခုံများ၊ စာကြည့်တိုက်များစသည့် လိုအပ်ချက်များကိုဦးစားပေး ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေများကို နှစ်စဉ်တိုးတက်ခွင့်ပြုပေးလျက် ရှိသော်လည်း လိုအပ်ချက်များစွာ ရှိနေဦးမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အလှူရှင်များ၏ကူညီလှူဒါန်းမှု၊ ဒေသခံ ပြည်သူများ၏ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှုသည် များစွာအထောက်အကူဖြစ်ပါကြောင်း၊ အလှူရှင်များ၊ ပြည်သူများအနေဖြင့် ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းပါဝင်ကူညီ လှူဒါန်းပေးကြရန်အတွက်လည်း ဖိတ်ခေါ်လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန်လေးစားကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် တစ်ဦးအပေါ်တစ်ဦး အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများ ဖြစ်လာစေရန်၊ တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် သင်ကြားသင်ယူလေ့ကျင့် ပေးရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲတွင် ရမှတ်များများရရှိစေရန် သင်ယူခြင်းမျိုးမဟုတ်ဘဲ သင်ယူပြီးရင်း သင်ယူနေသည့် တစ်သက်တာသင်ယူခြင်းကို အားပေးကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိဘများအနေဖြင့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာဖွံ့ဖြိုးတိုးတက်သည့် ခေတ်ဖြစ်သည့်အတွက် လူငယ်များအနေဖြင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိမှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များကိုလည်း ပထမတန်းစားပညာရေးအဖြစ်သတ်မှတ်၍ သင်ယူကြရန်လိုအပ်ပြီး မိမိတို့ဒေသ၏ကောင်းကျိုး၊ ကမ္ဘာကြီး၏ကောင်းကျိုးကို ဖန်တီးဆောင်ရွက်ပေးနိုင်သည့် ကောင်းမွန်သောသဘောထား အမြင်ရှိသည့် ကျောင်းသားကျောင်းသူများ၊ လူငယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်ပါက မိမိတို့နိုင်ငံ၏ပညာရေးကို အများကတန်ဖိုးထား လေးစားလာမည်ဖြစ်ပါကြောင်း၊ ယနေ့ အဆင့်တိုးမြှင့်သည့်ကျောင်းသည် အထက်တန်းကျောင်းဖြစ်သည့်အတွက် အထက်တန်းကျောင်းသား ကျောင်းသူများသည် ဝါသနာပါရာကိုသာ ရွေးချယ်သင်ယူကြရန် အရေးကြီးပြီး ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့၏ကျောင်းကို အများကတန်ဖိုးထားလေးစားပြီး ဂုဏ်သိက္ခာရှိသော ကျောင်းဖြစ်လာစေရန် အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် သန့်စင်မေတ္တာအဖွဲ့မှ ဥက္ကဋ္ဌ ဦးနေအုပ်က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းကုန်းဆိပ်ကြီး အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆန်းမော်က ကျောင်းအဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ်အလံပေးအပ်သည်။ ထို့နောက် အေးမေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးက သန့်စင်မေတ္တာအဖွဲ့ ဥက္ကဋ္ဌအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး သန့်စင်မေတ္တာအဖွဲ့မှ ဒေါက်တာအဲန်နာရွှေလွှမ်းက အလှူရှင်များအား ကျေးဇူးတင်လွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Singapore Polytechnic International, SPI ၏ Deputy General Manager ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၂၂-၈-၂၀၁၉ ရက်နေ့ နံနက် ၁၁:၃၀ နာရီတွင် Singapore Polytechnic International, SPI ၏ Deputy General Manager ဖြစ်သူ Mr.Andrew Tan ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၁၉ သြဂုတ် ၂၃
အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲအား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ ဆွေးနွေးပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ပညာရေးသည် စက်မှု ၄.၀ (Industrial Revolution-IR 4.0)၏ စိန်ခေါ်မှုနှင့် တွေ့ကြုံနေရပါကြောင်း၊ ပညာရေး၏ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှုများနှင့် အလားအလာကောင်းမွန်မှုများကြောင့် စက်မှု ၄.၀ ကိုလည်းကောင်း ကျိုးပြုနိုင်စွမ်းရှိပါကြောင်း၊ တက္ကသိုလ်များတွင် သင်ရိုးညွှန်းတမ်းကို ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် စက်မှု ၄.၀ နှင့် လိုက်လျောညီထွေ ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဘာသာရပ်နယ်ပယ်များတွင် IoT, Big data analysis, cyber-physical systems or robotics တို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ကမ္ဘာပေါ်ရှိ တက္ကသိုလ်များအားလုံး ထိုကဲ့သို့ဘာသာရပ်နယ်ပယ်များနှင့် စက်မှု ၄.၀ တို့ကိုပေါင်းစပ် ဆောင်ရွက်ရန်ကြိုးပမ်းရာတွင် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေကြရပါကြောင်း၊ တက္ကသိုလ်များတွင် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအတွက် စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စက်မှု ၄.၀ နှင့်ပတ်သက်သော အခမ်းအနားများကျင်းပရန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ တက္ကသိုလ်များသင်ရိုးညွှန်းတမ်း ပြင်ဆင်ဆောင်ရွက်ရာတွင် မည်သို့ပူးပေါင်းပံ့ပိုးကူညီနိုင်သည်ကို အခြားနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာ၍ ဆောင်ရွက်သင့်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင် သင်ယူပြီးရင်းသင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ ကျောင်းသား ကျောင်းသူများအား ဉာဏ်ပညာအမြော်အမြင်ရှိစေရန် ဦးတည်သည့် စွမ်းရည်များရရှိရေး၊ လုပ်ငန်းခွင်လိုအပ်ချက်အတွက် နည်းပညာနှင့် သက်မွေးဆိုင်ရာ ကျွမ်းကျင်မှုပြည့်ဝစေရေးအတွက် သင်ယူလေ့ကျင့်ခြင်းတို့အပြင် ကောင်းမွန်သောသဘောထားအမြင်နှင့် မိမိတန်ဖိုးအား အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်၍ အများအတွက် အကျိုးပြုနိုင်အောင် အသုံးချပူးပေါင်းဆောင်ရွက်တတ်ရေး လေ့ကျင့်ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီ ကျွမ်းကျင်အောင် လေ့ကျင့်ပေးရန်၊ အသုံးချသုတေသနများ တိုးမြှင့်ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုနည်းလမ်း၊ အရည်အသွေးအာမခံမှု၊ ပုဂ္ဂလိကနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ငါးမွေမြူရေး၊ ရေနှင့်သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးဥပဒေ၊ နိုင်ငံတကာဥပဒေ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ၊ အခြေခံအဆောက်အဦ (မြို့ပြ၊ လျှပ်စစ်)၊ အော်တိုမေးရှင်း၊ ဒီဂျစ်တိုက်ဇေးရှင်း၊ ကလောက်၊ ဒရုန်း၊ အင်တာနက်၊ ဝက်နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ စက်မှုဒီဇိုင်း၊ မိုဘိုင်းနည်းပညာ၊ ဒေတာအချက်အလက်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး၊ လေကြောင်းနှင့်အာကာသနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ ဆက်သွယ်ရေးကွန်ရက်၊ မော်တော်ကားပြုပြင်ထိန်းသိမ်းခြင်း၊ လေယာဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ သက်ကြီးစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်းမှုပညာရပ်များကိုလည်း ထည့်သွင်းလေ့ကျင့် သင်ကြားပေးနိုင်ရန် လိုအပ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲအား အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။ ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေးပညာရေး မူဝါဒကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ရင်သွေးငယ်များအား ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၂၃
ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော  ဝန်ထမ်းများ၏ ရင်သွေးငယ် များအား ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ၂၃-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ တွင်ကျင်းပသည်။ ရှေးဦးစွာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာသင်ထောက်ပံ့ပစ္စည်းများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အထက်တန်းကျောင်းသား ကျောင်းသူများကိုယ်စား မောင်မင်းခန့်ကျော်နှင့် အလယ်တန်းကျောင်းသား ကျောင်းသူများကိုယ်စား သော်ဝတီဆု အားလည်းကောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက မူလတန်းကျောင်းသား ကျောင်းသူများကိုယ်စား မမိုးအိအိသိမ့် အားလည်းကောင်း၊ ဝန်ကြီးရုံးစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုက KG တန်းကျောင်းသား ကျောင်းသူများ ကိုယ်စား မောင်ရှင်းခန့်ပိုင် အားလည်းကောင်း ပညာသင်ထောက်ပံ့ပစ္စည်းများကို အသီးသီးပေးအပ်သည်။ ထို့နောက် မိဘများကိုယ်စား ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာငြိမ်းဝေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ကြီးရုံးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

တက္ကသိုလ်များ ဓမ္မာရုံ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ သြဂုတ် ၂၄
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် အထိမ်းအမှတ် တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း ပထမ အကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို မွန်းလွဲ(၁)နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း (၁၀ဝ) ပြည့်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ကို နိုင်ငံတော်အဆင့်ကျင်းပနိုင်ရန် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာပြည့်သဘင်အခမ်းအနားများကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလအထိ နိုင်ငံတော်အဆင့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားများ ကျင်းပရာတွင် ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့်အညီ အများကတန်ဖိုးထားလေးစားပြီး နိုင်ငံတကာအဆင့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်အဖြစ် အဆင့်ပြန်လည်မြှင့်တင်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ သမိုင်းကြောင်းကို ကြည့်ပါက အောင်မြင်ခဲ့သည့် သမိုင်းကြောင်းအစဉ်အလာများ ရှိသကဲ့သို့ သင်ခန်းစာများရယူရမည့် သမိုင်းကြောင်းများလည်း ရှိပါကြောင်း၊ တက္ကသိုလ်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အထောက်အကူပြုပြီး နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးခြင်းကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့်(၁၃၀၇၂) ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့အဆင့်(၇၂၂၁) ဖြစ်လာသည်အထိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများ၏ ဝိုင်းဝန်းပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမွမ်းမံ ပြင်ဆင်ရေး၊ ပညာရေးမြှင့်တင်မှုအစီအစဉ်များ ဖြည့်ဆည်းရေး ဆောင်ရွက်နိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးလုပ်ငန်း တစ်ခုအဖြစ် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်ရန် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သဖြင့် တန်ဖိုးထားဝမ်းမြောက်မိပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့လှူဒါန်းသော အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ ယခုနှစ် ဒီဇင်ဘာလမှစ၍ နှစ်(၁၀ဝ)ပြည့် အခမ်းအနားများကို (၁)နှစ်ပတ်လုံး ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို အဘက်ဘက်က ပြန်လည်ပြုပြင်မွမ်းမံရန် ကော်မတီများကိုဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ပွဲတော်ကို မိမိတို့တာဝန်ရှိသူများကသာ ဦးစီးဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းတော်ကြီးတွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သည့် နှစ်(၁၀ဝ)ပြည့် အခမ်းအနားဖြစ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။ ယင်းနောက် တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းမှ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်က ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက လုပ်ငန်းရှင်များ၊ ကျောင်းသူ ကျောင်းသားဟောင်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များမှ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူကြရာ အလှူရှင်စုစုပေါင်း (၃၂) ဦးမှ အလှူငွေပေါင်း (၁၀၅၆)သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်များဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ တက္ကသိုလ်များဓမ္မာရုံ မွမ်းမံပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ တက္ကသိုလ်များ ဓမ္မာရုံမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဆင်မည့်လုပ်ငန်း တစ်ခုချင်းအလိုက် Power Point ဖြင့်အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၁၂)ကြိမ်မြောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးတက်ရောက်

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၁

(၁၂)ကြိမ်မြောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဝိုင်းဝန်းကူညီပေးကြပါသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းနှင့်အညီ သင်ရိုးညွှန်းတမ်းများကို ပြုပြင်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (KG+12)ပညာရေးအတွက် သင်ရိုးသစ် များအားလုံးပြုစုပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ် ဖြစ်သည့် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့်ဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းယာသုံးစွဲမှု အန္တရာယ်နှင့်ဆိုးကျိုးများ၊ အရက်၊ဘီယာ သောက်သုံးခြင်းအန္တရာယ်နှင့်ဆိုးကျိုးများကို အသိပညာပေးကာ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးကိစ္စရပ်များကို လူထုလှုပ်ရှားမှု အသွင်ဖြင့် အသိပညာပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလန်းမှု လျော့နည်းပပျောက်ရေးတို့ကို  မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၊ တက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်စီစဉ် လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလဝက် ပြန်လည်သုံးသပ်မှု လုပ်ငန်း (NESP Mid-Term Review-MTR)များဆောင်ရွက်နိုင်ရန် MTR Reference Group ကို ဖွဲ့စည်းခဲ့့ပြီး အလုပ်ရုံဆွေးနွေးပွဲများကျင်းပရာ အစီရင်ခံစာ ပြုစုလျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် MTR လုပ်ငန်းအောင်မြင်အောင်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်များကို ဖြည်‌့ဆည်းပေးနိုင်မည့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန်အတွက် ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံများ ပူးပေါင်းဆောင်ရွက်မှု (Schools and Industry Prtnership-SIP)ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် သတင်း အချက်အလက်ဆက်သွယ်မှု လျင်မြန်မှန်ကန်တိကျစွာရရှိနိုင်ရန်အတွက် Communication for Management C4M App ကို မြို့နယ်များတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အားပေးလျက်ရှိပါ ကြောင်း၊ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား စေရန်အတွက် (၂)နှစ်သင် ပညာရေး ကောလိပ်များကို (၄)နှစ်သင် ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်သင်ကြားမှုကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရန်အတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းနှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဖွံဖြိုးမှုမိတ်ဖက်များက ဆွေးနွေးအကြံပြုပေးရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်လျက်ရှိသည့် ပညာရေးကဏ္ဍမှ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် နောက်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် သြစတြေးလျသံရုံး အတွင်းဝန် Mr. Tim Vistarini က မိတ်ဆက် စကားပြောကြားသည်။ ယင်းနောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ ကဏ္ဍခွဲလုပ်ငန်းအဖွဲ့(၇)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည်‌့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားကြပါသည်။ အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီး ဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊  ဖွံဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုးရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၂၁-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ  ၁:၃၀ နာရီတွင် ကိုးရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သည့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်၊


Thursday, August 22, 2019

လုံခြုံဘေးကင်းပြီးကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် မိတ်ဆက်ခြင်းအခမ်းအနားနှင့် နည်းပြသင်တန်းကျင်းပ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၀
 
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆွစ်ဇာလန်နိုင်ငံသံရုံး၊ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(Swiss Agency for Development and Cooperation-SDC)တို့ ပူးပေါင်းကျင်းပသော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ်နှင့် လုပ်ငန်းစဉ်မိတ်ဆက်ခြင်း၊ နည်းပြ သင်တန်းကျင်းပခြင်း အခမ်းအနားကို ယနေ့ နေ့လည် ၁နာရီတွင် နေပြည်တော်ရှိ grand amara ဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင်မတူကွဲပြား၊ ထူးခြားသည့်မြေမျက်နှာသွင်ပြင်၊ အရင်းအမြစ်များနှင့်အမျိုးမျိုးသော သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် အ‌ခြေအနေများအလိုက် အခြေခံပညာစာသင်ကျောင်းများ ဆောက်လုပ်ရာတွင် ပုံစံမျိုးစုံကွဲပြားလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများအားလုံး လုံခြုံဘေးကင်းပြီးသင်ယူပျော် ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ရန်နှင့် မတူကွဲပြားမှုများအလိုက် လိုအပ်ချက်များကိုအရည်အသွေးပြည့်မီစွာဖြင့် ဖြည့်ဆည်းနိုင်ရန်အတွက်အခြေခံပညာကျောင်း အဆောက်အဦများဆောက်လုပ်ရာတွင်လိုအပ်သောစံချိန်စံညွှန်းများ၊ သတ်မှတ်ချက်များနှင့်လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာလုံခြုံဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန် စာအုပ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စာသင်ကျောင်းတည်ဆောက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ၊ စာသင်ကျောင်းဆောက်လုပ်ရေးဆိုင်ရာအင်အားစုများနှင့် စာသင်ကျောင်းဆောက်လုပ်ရေး နည်းပညာလုပ်ငန်းအဖွဲ့တို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှရေးဆွဲပြုစုခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ “လုံခြုံ ဘေးကင်းပြီးကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေး လမ်းညွှန်စာအုပ်”သည် မြန်မာနိုင်ငံအတွင်း စာသင်ကျောင်း ဆောက်လုပ်ရေးစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စာအုပ်ပါလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများအားလုံးသည် အခြေခံပညာဦးစီးဌာန၏ စာသင်ကျောင်းများ တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အရည်အသွေးကောင်းမွန် စေရန် အကျိုးပြုမည်ဖြစ်ပါကြောင်း။ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အတူ စာသင်ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် သက်ဆိုင်သော တိုင်းဒေသကြီး၊ပြည်နယ် အစိုးရဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များပါဝင်သော လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေး လုပ်ငန်း လမ်းညွှန်စာအုပ် အကောင်အထည်ဖော် အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့ -SCSCG Task Force (ဗဟိုအဆင့်)ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ အတည်ပြုဖွဲ့စည်းခဲ့ပြီး လုပ်ငန်းနယ်ပယ်(၄)ခုဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ အခြေခံပညာစာသင်ကျောင်းများ ဆောက်လုပ်ရေးလုပ်ငန်းများအတွက်အဓိကထား သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အစီအစဉ်ကို အပိုင်း(၂)ပိုင်းဖြင့်ဆောင်ရွက်မှာဖြစ်ပြီး လုံခြုံ ဘေးကင်းပြီး ကလေးပျော် စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းအစီအစဉ် ပထမပိုင်းကို နေ့ဝက်မျှဆောင်ရွက်ပေးပြီး လုံခြံုဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်းဆောက်လုပ်ရေးလမ်းညွှန်စာအုပ်ဆိုင်ရာ နည်းပြသင်တန်းအစီအစဉ် ဒုတိယပိုင်းကို (၂)ရက်တာမျှ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်ပညာရေးဌာနနှင့် အခြေခံပညာစာသင်ကျောင်းဆောက်လုပ်ရေး ဌာနမှတာဝန်ရှိသူများအား နည်းပြသင်တန်း အစီစဉ်ကိုပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့်နည်းပြသင်တန်းသည်များစွာအကျိုးပြုမည်ဟု ယုံကြည်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း အကောင်းဆုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြစာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်ချက်များနှင့် အတွေ့အကြံုများကို မိမိတို့၏စာသင်ကျောင်းဆောက်လုပ်ရေးလုပ်ငန်းစဉ်များမှာ လက်တွေ့ ပြန်လည်အကျိုးပြုကြပါရန် တိုက်တွန်းပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SDC)မှ Program Manager, Mr. Mark Haeussermann မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများ၊ လုံခြုံဘေးကင်းပြီး ကလေးပျော်စံပြ စာသင်ကျောင်း ဆောက်လုပ်ရေးလမ်းညွှန်စာအုပ်အကောင်အထည်ဖော်အသုံးပြုနိုင်ရေးလုပ်ငန်းအဖွဲ့ (Safe and Child-Friendly School Construction Guidelines - SCSCG Task Force) မှတာဝန်ရှိသူများ၊ ဆွစ်ဖွံ့ဖြိုးရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(SDC)မှတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုးရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၂၁-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ  ၁:၃၀ နာရီတွင် ကိုးရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သည့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်၊

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (၁၂)ကြိမ်မြောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးတက်ရောက်

နေပြည်တော် ၂၀၁၉ ဩဂုတ် ၂၁

(၁၂)ကြိမ်မြောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန၏ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို ဝိုင်းဝန်းကူညီပေးကြပါသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး တို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်းနှင့်အညီ သင်ရိုးညွှန်းတမ်းများကို ပြုပြင်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ခုနှစ်တွင် (KG+12)ပညာရေးအတွက် သင်ရိုးသစ် များအားလုံးပြုစုပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ် ဖြစ်သည့် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့်ဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ကွမ်းယာသုံးစွဲမှု အန္တရာယ်နှင့်ဆိုးကျိုးများ၊ အရက်၊ဘီယာ သောက်သုံးခြင်းအန္တရာယ်နှင့်ဆိုးကျိုးများကို အသိပညာပေးကာ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွား ကျန်းမာရေးကိစ္စရပ်များကို လူထုလှုပ်ရှားမှု အသွင်ဖြင့် အသိပညာပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလန်းမှု လျော့နည်းပပျောက်ရေးတို့ကို  မိဘ၊ အုပ်ထိန်းသူ၊ ဆရာများ၊ တက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ရန်စီစဉ် လျက်ရှိပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကာလဝက် ပြန်လည်သုံးသပ်မှု လုပ်ငန်း (NESP Mid-Term Review-MTR)များဆောင်ရွက်နိုင်ရန် MTR Reference Group ကို ဖွဲ့စည်းခဲ့့ပြီး အလုပ်ရုံဆွေးနွေးပွဲများကျင်းပရာ အစီရင်ခံစာ ပြုစုလျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များအနေဖြင့် MTR လုပ်ငန်းအောင်မြင်အောင်  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ဒေသလိုအပ်ချက်နှင့် ပုဂ္ဂလိက ကဏ္ဍလိုအပ်ချက်များကို ဖြည်‌့ဆည်းပေးနိုင်မည့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ရရှိနိုင်ရန်အတွက် ကျောင်းများနှင့်စက်ရုံ၊အလုပ်ရုံများ ပူးပေါင်းဆောင်ရွက်မှု (Schools and Industry Prtnership-SIP)ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍတွင် သတင်း အချက်အလက်ဆက်သွယ်မှု လျင်မြန်မှန်ကန်တိကျစွာရရှိနိုင်ရန်အတွက် Communication for Management C4M App ကို မြို့နယ်များတွင် စမ်းသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အားပေးလျက်ရှိပါ ကြောင်း၊ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား စေရန်အတွက် (၂)နှစ်သင် ပညာရေး ကောလိပ်များကို (၄)နှစ်သင် ဒီဂရီကောလိပ်များအဖြစ် တိုးမြှင့်သင်ကြားမှုကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရန်အတွက် အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းနှင့် စီမံခန့်ခွဲမှုသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် ပညာရေးစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဖွံဖြိုးမှုမိတ်ဖက်များက ဆွေးနွေးအကြံပြုပေးရန်ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်လျက်ရှိသည့် ပညာရေးကဏ္ဍမှ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် နောက်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများကို ဆွေးနွေးအဖြေရှာ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် သြစတြေးလျသံရုံး အတွင်းဝန် Mr. Tim Vistarini က မိတ်ဆက် စကားပြောကြားသည်။ ယင်းနောက် ပညာရေး၊နည်းပညာနှင့်သက်မွေးပညာကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ ကဏ္ဍခွဲလုပ်ငန်းအဖွဲ့(၇)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်မည်‌့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားကြပါသည်။ အစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီး ဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများ၊  ဖွံဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

Tuesday, August 20, 2019

ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသောအင်တာနက် အသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၉
ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသော အင်တာနက်အသုံးပြု မှုနှင့် ကျင်လည်မှုစီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ လူငယ်များ၊ ပြည်သူများသည် Internet နှင့် Social media များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာသည် အရေးကြီးပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကို Digital Literacy ၊ Online Safety ESifh Resilience တို့နှင့် ပတ်သက်သည်များကို သင်ကြားပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ပညာရေးမှ တစ်ဆင့် အနာဂတ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါကြောင်း။ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့်ပညာရေး မဟာဗျူဟာစီမံကိန်း ရေးဆွဲချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် နယ်ပယ် အသီးသီးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ဒစ်ဂျစ်တယ်နှင့် အင်တာနက်ကျွမ်းကျင်မှုပညာရပ်ကို တတ်မြောက်ထားရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များကို နည်းပညာတတ်ကျွမ်းမှုများ အားဖြည့်ပေးနိုင်ရန် အစီအစဉ်ကောင်းဖြစ်သည့် ယခုစီမံကိန်းသည် အမျိုးသားပညာရေး မဟာဗျူဟာအတွက်သာမက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုသည့် အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ ထို့နောက် နော်ဝေသံရုံးမှ Minister Counsellor/Deputy Chief of Mission, Ms. Lisc Nordgaard က အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နော်ဝေသံရုံးမှ Minister Counsellor / Deputy Chief of Mission, Ms. Lisc Nordgaard နှင့် တာဝန်ရှိသူများက စီမံကိန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် Telenor Group ၏ Senior Vice President Sustainability, Ms. Elisabeth Biering ၊ တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေး၊ Plan International (နော်ဝေ) ၏ National Director, Ms. Kari Helene Partapuoli နှင့် Plan International (မြန်မာ)၏ Country Director, Mr. Kelland Stevenson တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ယင်းနောက် Plan International (မြန်မာ)၏ စီမံကိန်းဒါရိုက်တာ ဒေါ်လင်းလင်းအောင်၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာတင်မောင်ဝင်း၊ တယ်လီနောမြန်မာမှ ဦးမင်းသူ၊ တယ်လီနောလူငယ်ဖိုရမ် ကိုယ်စားလှယ် ကိုရာထူးပရာဆက်၊MIDO မှ ဦးဝေမျိုးထွဋ်နှင့် KMD မှ ဦးဘိုဘိုလွင်တို့က ''ဒစ်ဂျစ်တယ် မြန်မာနိုင်ငံအတွက် လက်တွဲပူးပေါင်းခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်စွာ အသုံးပြုမှုအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း''ခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးကြသည်။ ယနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ တယ်လီနော မြန်မာနှင့်Plan International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ လူငယ်များ ဒစ်ဂျစ်တယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များရရှိရန် နှင့် အွန်လိုင်းအသုံးပြုရာတွင် သုံးစွဲသူအချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်ပြီး မညီမျှမှုများ လျှော့ချနိုင်ရန်ရည်ရွယ်၍ ဘက်စုံ ဘေးကင်းလုံခြံုသော စာသင်ကျောင်းများ စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၁၈
ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း ဗဟိုအဆင့် ညှိနှိုင်းစည်းဝေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ကျင်းပသည့် ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတရားများ ဆွေးနွေးခြင်းထက် လက်တွေ့ကျ၍ တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများဆိုင်ရာ လမ်းပြမြေပုံ၊ ဗဟာဗျူဟာ၊ ဦးစားပေး အဆင့်အလိုက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းကဏ္ဍအလိုက် တာဝန်ခွဲဝေ ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်များ ပေါ်ထွက်လာရေးကို အဓိကအလေးပေး ဆွေးနွေးသွားကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ-ဆရာအသင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များမှ လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုရှိမှသာ လုပ်ငန်းများ ရေရှည်တည်တံ့ကာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ပါဝင်ဆောင် ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများမှ လက်တွဲ ခေါ်ယူသွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု လမ်းကြောင်းမှန်ကန်မှု ရှိ မရှိနှင့် အောင်မြင်မှု အခြေအနေများကို စောင့်ကြည့်ခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်းကိုလည်း checklist များအသုံးပြု၍ စနစ်တကျ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။ လုပ်ငန်းများ ရေရှည်တည့်တံ့ ခိုင်မာကာ အောင်မြင်မှု ရရှိနိုင်ရေးအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးနှင့်အားကစားကဏ္ဍတို့မှ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်တွင် ရင်းနှီးစွာချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသည့် ပညာရေးကိုဦးတည်၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် သင်ယူမှုဝန်းကျင်ကောင်းဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားရေးအတွက် ကာယ၊ ဉာဏ ကျန်းမာပြီး ပျော်ရွှင်စွာဖြင့် သင်ယူနိုင်စွမ်းရှိရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ သို့သော် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာ သင်ယူသူများကို ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ရန်အတွက် သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းမြှင့်တင်ခြင်း၊ အလွတ်ကျက်မှတ်သည့် စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ကျောင်းလိုအပ်ချက်များ ဖြည့်ဆည်းခြင်းစသည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၏ ပူးပေါင်းပါဝင်ခြင်း စသည်တို့ဖြင့် ထိထိရောက်ရောက် ပွင့်လင်းမြင်သာစွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း အဓိကစိန်ခေါ်မှုများဖြစ်သည့် မူးယစ်ဆေးဝါး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုနှင့် ထိခိုက်မှုအန္တရာယ်၊ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော လူနေမှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှု၊ ဂိမ်းအလွန်အကျွံစွဲလမ်းခြင်း စသည်တို့၏ အန္တရာယ်များကို ကြုံတွေ့နေရပါကြောင်း။ ကျောင်းများ၊ တက္ကသိုလ်များတွင် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်စီမံခန့်ခွဲ ဖြေရှင်းနိုင်ရေးအတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လိုအပ်သော လုပ်ငန်းလမ်းညွှန်များပြုစုခြင်း၊ ကာလတို ဆင့်ပွားသင်တန်းများ ပို့ချလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ပြီး အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းသား၊ ကျောင်းသူများအား လူထုလှုပ်ရှားမှု အသွင်ဖြင့် အကျိုးရှိ ထိရောက်စွာ အသိပညာပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆွေးနွေး အကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက အမှာစကား ပြောကြားသည်။ အဆိုပါ ညှိနှိုင်းစည်းဝေးပွဲတွင် ကျောင်းများကို အခြေပြု၍ ကျန်းမာရေး အဆင့်မြှင့်တင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးနှင့် ဂိမ်းအလွန်အကျွံ သုံးစွဲခြင်း အန္တရာယ်လျှော့ချခြင်း၊ ဆေးလိပ်ကင်းစင်ကျောင်းများ၊ ကျောင်းသားများနှင့် အရက်စွဲအန္တရာယ်၊ မူးယစ်အန္တရာယ် ကြိုတင်ကာကွယ်၊ မျိုးဆက်ပွားကျန်းမာရေးပညာပေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တားဆီးကာကွယ်၊ ကျောင်းမုန့်ဈေးတန်းများတွင် အစားအသောက်အန္တရာယ် ကင်းရှင်းရေး၊ ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုး၊ ကျောင်းအခြေပြု ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ မိဘဆရာအသင်း၏ အခန်းကဏ္ဍ၊ ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍ၊ ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ကြီး၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာ ခေါင်းစဉ်များဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မိဘဆရာ အသင်းကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်နှင့် ကျောင်းအုပ်ကြီး ကိုယ်စားလှယ်များမှ ဝိုင်းဖွဲ့ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းမူဘောင်၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။



Saturday, August 17, 2019

နယ်သာလန်နိုင်ငံ Wageningen University ၏ Wageningen Centre for Development Innovation မှ Advisor Rural Innovation ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ၂၀၁၉ ဩဂုတ် ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ၁၅-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၆:၀၀ နာရီတွင် နယ်သာလန်နိုင်ငံ Wageningen University ၏ Wageningen Centre for Development Innovation မှ Advisor Rural Innovation ဖြစ်သူ Mr. Herman Snel ဦးဆောင်သည့်အဖွဲ့အား  လက်ခံတွေ့ဆုံသည်။







Thursday, August 15, 2019

အခြေခံဆရာ ခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၁၃အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးရှိသောပညာစနစ်ကို ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အရည်အချင်း ရှိသူ၊ တော်သူများအား ဆရာဆရာမခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့်အခွင့်အလမ်းများမြှင့်တင်ပေးခြင်း တို့ကိုဆောင်ရွက်သွားမည်ပါကြောင်း၊ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း (၄)နှစ်သင် ပညာရေးဒီဂရီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန်စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အရည်အချင်းနှင့်အတွေ့အကြုံရှိသော မူလတန်းပြ ဆရာဆရာမများကို ရာထူးတိုးစနစ်ကြောင့် ဆုံးရှုံးနေရခြင်းကြောင့် အရည်အသွေးရှိသော ပညာရေး စနစ်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ နှစ်ပေါင်းများစွာ ဆရာဆရာမ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ အားကစားကွင်းစသည်ဖြင့်လိုအပ်ချက်များ အင်မတန်များပြားသဖြင့် ၂၀၁၆ခုနှစ် ဧပြီလမှစ၍ နိုင်ငံတော်ဘဏ္ဍာ ငွေကို အကျိုးရှိထိရောက်စွာအသုံးပြု၍ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေပါကြောင်း၊ ထိုလိုအပ်ချက်များကို ဦးစားပေးအလိုက် စာရင်းများပြုစုတင်ပြရန်လိုအပ်ပါကြောင်း၊ ရရှိသည့်နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များအဆင့်ဆင့်ဖြည့်ဆည်းနိုင်ရေး ထိရောက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမခံပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ/ အဆင့်မြင့်ဆရာဆရာမများ၊ ဆရာသမဂ္ဂ၊ကျောင်းသားသမဂ္ဂများ၏တင်ပြချက်၊အသံများကိုလည်း လေးစားစွာ နားထောင်၍ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတော်အတွက်လိုအပ်နေသည့် အရည်အချင်းပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဆရာများ ခန့်ထားနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသားကျောင်းသူ၊လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အလေးထား ဦးတည်ဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များက အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများက ပြန်လည်ဆွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသည်။  ယနေ့အစည်းအဝေးသို့ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန် ရှိသူများ၊ ပညာရေးကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂ/ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၁၃ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၁၃-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံ အမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံသည်။

Technoland Computer Treading Co.,Ltd နှင့် Royal Smart Company တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၁၃၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် Technoland Computer Treading Co.,Ltd နှင့် Royal Smart Company တို့မှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်၊

အခြေခံဆရာ ခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၁၃အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးရှိသောပညာစနစ်ကို ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ အရည်အချင်း ရှိသူ၊ တော်သူများအား ဆရာဆရာမခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းနှင့်အခွင့်အလမ်းများမြှင့်တင်ပေးခြင်း တို့ကိုဆောင်ရွက်သွားမည်ပါကြောင်း၊ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း (၄)နှစ်သင် ပညာရေးဒီဂရီ ကောလိပ်အဖြစ် အဆင့်မြှင့်တင်ရန်စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အရည်အချင်းနှင့်အတွေ့အကြုံရှိသော မူလတန်းပြ ဆရာဆရာမများကို ရာထူးတိုးစနစ်ကြောင့် ဆုံးရှုံးနေရခြင်းကြောင့် အရည်အသွေးရှိသော ပညာရေး စနစ်ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နေပါကြောင်း၊ နှစ်ပေါင်းများစွာ ဆရာဆရာမ၊ စာသင်ခန်း၊ စာကြည့်တိုက်၊ သင်ထောက်ကူပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းသားအိပ်ဆောင်များ၊ အားကစားကွင်းစသည်ဖြင့်လိုအပ်ချက်များ အင်မတန်များပြားသဖြင့် ၂၀၁၆ခုနှစ် ဧပြီလမှစ၍ နိုင်ငံတော်ဘဏ္ဍာ ငွေကို အကျိုးရှိထိရောက်စွာအသုံးပြု၍ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းနေပါကြောင်း၊ ထိုလိုအပ်ချက်များကို ဦးစားပေးအလိုက် စာရင်းများပြုစုတင်ပြရန်လိုအပ်ပါကြောင်း၊ ရရှိသည့်နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်ချက်များအဆင့်ဆင့်ဖြည့်ဆည်းနိုင်ရေး ထိရောက်ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှားအယွင်းမခံပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ/ အဆင့်မြင့်ဆရာဆရာမများ၊ ဆရာသမဂ္ဂ၊ကျောင်းသားသမဂ္ဂများ၏တင်ပြချက်၊အသံများကိုလည်း လေးစားစွာ နားထောင်၍ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ မိမိတို့၏ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နိုင်ငံတော်အတွက်လိုအပ်နေသည့် အရည်အချင်းပြည့်ဝပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်ဆရာများ ခန့်ထားနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကျောင်းသားကျောင်းသူ၊လူငယ်များ ပြုစုပျိုးထောင်နိုင်ရေးအတွက် အလေးထား ဦးတည်ဆွေးနွေးညှိနှိုင်းကြစေလိုပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးကောလိပ်၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂကိုယ်စားလှယ်များက အခြေခံဆရာခန့်ထားမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး နှင့် သက်ဆိုင်ရာဌာနအလိုက်တာဝန်ရှိသူများက ပြန်လည်ဆွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြသည်။  ယနေ့အစည်းအဝေးသို့ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သက်ဆိုင်ရာတာဝန် ရှိသူများ၊ ပညာရေးကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ဆရာသမဂ္ဂ/ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် များ တက်ရောက်ကြကြောင်းသတင်းရရှိသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီအတွေ့အကြုံရှင်းလင်းပွဲကျင်းပ

နေပြည်တော် ၂၀၁၉  သြဂုတ် ၁၀
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီကကျင်းပပြုလုပ်သည့်အတွေ့အကြုံရှင်းလင်းပွဲကိုယနေ့နံနက်(၈)နာရီတွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပါမောက္ခချုပ်များကော်မတီဒုတိယဥက္ကဋ္ဌများ၊ အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ ပညာရေးကောလိပ်များနှင့်ဆေးတက္ကသိုလ်(တောင်ကြီး)တို့မှ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာဆရာမများ၊ ဌာနမှူးများ၊ ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ပါမောက္ခချုပ်များကော်မတီ၏ နိုင်ငံတကာတွင် ကျင်းပပြုလုပ်ခဲ့သော အစည်းအဝေးများ၊ ကွန်ဖရင့်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များမှ အတွေ့အကြုံများကို ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးကြပြီး မြန်မာနိုင်ငံရှိတက္ကသိုလ်အသီးသီး၏ ပညာရေးအရည်အသွေးမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည့် ဝက်ဆိုက်(Website)များရှိရမည်ဖြစ်ပါကြောင်း၊ သို့မှသာနိုင်ငံတကာတက္ကသိုလ်များနှင့် တစ်ပြေးညီချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝက်ဆိုက်တွင်လည်း ပါမောက္ခချုပ်အမှာစကား(Rector’s Message) အပြင် မိမိတက္ကသိုလ်၏ ပဋိညာဉ်စာတမ်းမူကြမ်း(University Charter-Draft) ၊ ဆက်သွယ်ရန်(Contact)နှင့်ဘာသာရပ်ဌာနများ၊ ဆရာဆရာမများအားလုံး၏ Profile တွင် ဓာတ်ပုံ၊ ဖုံးနံပါတ်၊ အီးမေးလ်များ ပြည့်ပြည့်စုံစုံပါရှိရန်လိုပါကြောင်း၊ သင်ကြားသည့်ဘာသာရပ်များ၊ Curriculum,Syllabus,Research Area, သုတေသနစာတမ်း၊ View and download စသည်များကိုဖော်ပြထားရမည်ဖြစ်ပါကြောင်း၊ မိမိတက္ကသိုလ် ရှိသင်တန်းများ၊ ကျောင်းသားအိပ်ဆောင်များ၊ စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်၊ စီမံ၊ ဘဏ္ဍာဌာနများ၊Teaching Materials များ၊ တက္ကသိုလ်ဝင်ခွင့်နှင့်ပတ်သက်သည့် မူဝါဒများ၊ မိမိတက္ကသိုလ်၏ စာကြည့်တိုက်၊ e-learning resources သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံခြားပညာသင်များ၊ လက်ရှိဖွင့်လှစ်နေသည့် သင်တန်း/ဘွဲ့/ဒီပလိုမာ/ဘွဲ့သင်တန်းများနှင့်ကျောင်းသားဦးရေများ၊ မိမိတက္ကသိုလ်၏ လက်ရှိလှုပ်ရှား ဆောင်ရွက်နေသည့် သတင်းအချက်အလက်များကိုလည်း ပြည့်ပြည့်စုံရေးသားဖော်ပြထားရန်လိုပါကြောင်း၊
မိမိတို့တက္ကသိုလ်အတွက် ဖြည့်ဆည်းဆောင်ရွက်ရန်လိုအပ်ချက်စာရင်းများကောက်ယူရာ၌အခက်အခဲ၊မပြည့်စုံမှုများအပေါ်အခြေခံ၍ ဆရာ၊ စာသင်ခန်း၊ စာသင်ခုံ၊ ပရိဘောဂများ၊ စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အိုင်စီတီနှင့်ဆက်စပ် ပစ္စည်းများ၊ သန့်စင်ခန်း၊ ပရိုဂျက်တာနှင့်ဆက်စပ်ပစ္စည်းများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ လမ်း၊ မီးတိုင်၊ ဆိုင်းဘုတ်၊အားကစားရုံ၊ အားကစားကွင်း၊ ကျောင်းသားအိတ်ဆောင်၊ ဆရာဆရာမဝန်ထမ်းအိမ်ရာစသည့် ဦးစားပေးအလိုက်လိုအပ်ချက်စာရင်းများနှင့်ခန့်မှန်းအသုံးစရိတ်များကိုပြုစုကာကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂကိုယ်စားလှယ်များ၊Senate,AB,နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ဆွေးနွေးတင်ပြ၍ အတည်ပြုချက်ရယူပြီး ပညာရေးဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့မတိုင်မီစီစစ်တင်ပြရန်လိုပါကြောင်း၊
ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းလခပေးသွင်းခြင်းနှင့် အတန်းခွဲဝေမှုများ၊ Magazine, Lecture Guide, Reference Books, Tutorial,practical, Assignment များ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ပစ္စည်းဝယ်ယူရေးလုပ်ငန်းစသည်များကို ကျောင်းသားသမဂ္ဂ၊ဆရာသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ အင်္ဂလိပ်စာ၊ အိုင်စီတီအရည်အသွေးမြင့်မားရေး၊ သင်ကြားသင်ယူမှုနည်းလမ်းများ၊ သုတေသနစီမံချက် အဆိုပြုရေးသားနည်း၊ သုတေသနလုပ်ငန်းဆောင်ရွက်နည်း၊ သုတေသနစာတမ်းပြုစုနည်း၊ သုတေသနစာတမ်းဖတ်ကြားနည်းနှင့် မွမ်းမံသင်တန်းများ၊ ဒေသနှင့်လိုက်လျောညီထွေဖြစ်သောသင်တန်း/ဒီပလိုမာ/ဘွဲ့သင်တန်းများဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်း စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့်အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းကရှမ်းပြည်နယ်အတွင်းပညာရေးဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပါမောက္ခချုပ်များကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးကဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်ကTeaching for Tomorrowခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးကျော်စွာစိုးက Effect of Digitalization ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က Internationalizationခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာသိင်္ဂ ီ က University Link for Industry Engagementခေါင်းစဉ်ဖြင့်လည်းကောင်း၊မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးကComprehensive Universityခေါင်းစဉ် ဖြင့်လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဂျာမန်ဘာသာဌာန၊ လက်ထောက်ကထိကဒေါ်သန္တာမြင့်သူစိုးကInternal Quality Assuranceခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဦးကျော်စွာစိုးနှင့် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နီလာကြူကResearch Capacity Assurance ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီးအဖွဲ့ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးစီကမိမိတို့အဖွဲ့အလိုက်ဆွေးနွေးရရှိချက်များကိုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အဖွဲ့ကိုယ်စားလှယ်များကအုပ်စုလိုက်တင်ပြချက်နှင့် ပတ်သက်၍ သိရှိလိုသူများ၏ မေးမြန်းမှုများကိုပြန်လည်ရှင်းဖြေကြားပြီးတက်ရောက်လာသူများကရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်ကိုချမှတ်ဆောင်ရွက်ကြကြောင်းသတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ခုနှစ် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ ခုနှစ် သီးခြားရာထူး တိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၁)၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်(၁၆) ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ဆွေးနွေးသည့် Performance သည် သီးခြားတက္ကသိုလ်(၁၆) ကျောင်းတို့အတွက် ညှိနှိုင်းဆွေးနွေးရမှာဖြစ်ကြောင်း၊ အာဆီယံတွင် တက္ကသိုလ်များ က World Ranking အတွက် ပြိုင်ဆိုင်မှုပို၍ ပြင်းထန်လာသည်ကို တွေ့ရသဖြင့် Autonomous University ဦးတည်ရေး အားပေးရန် အရေးကြီးပါကြောင်း၊ Autonomous University အတွက် ဦးတည်ထားပြီး အားကောင်းရန် အားပေးပြီး လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်ရေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Performance သည် Research အဓိကဖြစ်သည့်အတွက် သုတေသနများပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကို အကျိုးပြုစေမည့် အသုံးချသုတေသနစာတမ်းများကို publication ပါပြုလုပ်ပြီး စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူများအား မိမိရရှိလာသည့် အတွေ့အကြုံများကို ပြန်လည်သင်ကြားသင်ယူ လေ့ကျင့်ကြီးကြပ်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်(၁၆)ကျောင်းကို နိုင်ငံတော်၏ ဂုဏ်ဆောင် တက္ကသိုလ်များဖြစ်ရန်အားပေးခြင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်သူများသည် သုတေသနစွမ်းဆောင်ရည်မြင့်မားသည့် အရည်အချင်းများရှိရန် အရေးပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကိုရေးဆွဲပြီးဆောင်ရွက်ခဲ့ရာ ၄နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အရည် အသွေးမြင့်သည့် အဆင့်မြင့်ပညာရေးဖြစ်လာစေရန် ပညာရေးပြုပြင်ပြောင်းလဲရာတွင် အခြေခံမှစ၍ အဓိကထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အခြေခံပညာပြုပြင် ပြောင်းလဲမှု ပြီးစီးမှာဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့်ပညာရေး ဖြစ်လာစေရန်၊ တက္ကသိုလ်၏အရည်အသွေးမြင့်မားရန် Performance သည် အရေး ကြီးပါကြောင်း၊ ၃နှစ်အတွင်းမှာ တက္ကသိုလ်အဆင့်မြင့်လာခြင်းသည် ပါမောက္ခချုပ်နှင့် ဆရာဆရာမအားလုံးတို့၏ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဖြစ်ပါ ကြောင်း၊ ယခုအစည်းအဝေးသည် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များအတွက် ဝန်ထမ်းရေးရာမူဝါဒများသည် တစ်ဦးတစ်ယောက်ကို အခြေ ပြု၍ စဉ်းစားချမှတ်ထားခြင်းမဟုတ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် လျာထား သည့်မူဝါဒများကို အကောင်းဆုံးနှင့်အသင့်တော်ဆုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆွေးနွေး ပေးစေလိုပါကြောင်း၊ ယခုဆောင်ရွက်သည့်မှုဝါဒများသည် နောင်တွင်ဖြစ်လာမည့် တက္ကသိုလ်များ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ၂၀၁၉ ခုနှစ် သီးခြားရာထူးတိုး/ပြောင်း ရေးဆွဲရေးမူသည် အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် (၄)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ပုဂ္ဂလိက အမြင်ဖြင့် မူဝါဒများကို မရေးဆွဲဘဲ system တစ်ခုလုံးကို ကိုယ်စားပြုပြီးရေးဆွဲကြရန်နှင့် အထက်မြန်မာပြည်(၈)ကျောင်းနှင့် အောက်မြန်မာပြည်(၈)ကျောင်းအတွက် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် မူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ၂၀၁၉ ခုနှစ် သီးခြားရာထူး တိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြောင်း သတင်းရရှိသည်။

ELCM စီမံကိန်း ဒုတိယအဆင့်အလုပ်ရုံဆွေးနွေးပွဲ ပြီးမြောက်ခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၉
ELCM စီမံကိန်း ဒုတိယအဆင့်အလုပ်ရုံဆွေးနွေးပွဲ ပြီးမြောက်ခြင်းအထိမ်းအမှတ်အခမ်းအနားကို ၉-၈-၂၀၁၉ ရက်နေ့ ညနေ(၆း၃၀)နာရီတွင် ညောင်ရွှေမြို့ Aureum Palace Hotel ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ELCM စီမံကိန်းကတစ်ဆင့် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုကာလတွင် လူငယ်နှင့်လူကြီးများ ဦးဆောင်၍ အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ELCM စီမံကိန်းတွင်ပါရှိသည့် လုပ်ငန်းစဉ်များသည် လက်တွေ့ကျသည့် ပူးပေါင်းဆောင်သော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ capacity building workshops ကို စီစဉ်ပြုလုပ်ပေးကြသူအများစုသည် မြို့ကြီးများတွင်သာ အဓိကပြုလုပ်လေ့ရှိကြသည့်အတွက် နယ်တက္ကသိုလ်များမှ ဆရာ ဆရာမအနည်းငယ်သာ ပါဝင်ခွင့်ရလေ့ရှိပါကြောင်း၊ ယခုELCM စီမံကိန်းသည် သာမာန်အလုပ်ရုံဆွေးနွေးပွဲများ စီစဉ်ကျင်းပသည့်ပုံစံများကခွဲထွက်ပြီး ဝေးလံသည့်နယ်စပ်မြို့များသို့ အရောက်သွား၍ စီစဉ်ကျင်းပသည့်အတွက် အလွန်ကောင်းမွန်သည့် စီစဉ်မှုပုံစံဖြစ်ပါကြောင်း၊ ပထမအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဦးဆောင်မှုနှင့် သက်ဆိုင်သည့်အခက်အခဲများနှင့် စာသင်ခန်းတွင်း စီမံခန့်ခွဲမှုနှင့်သက်ဆိုင်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများနှင့်အတူ လက်တွေ့ကျကျ စဉ်းစားတင်ပြထားသည်ကို တွေ့ရပါကြောင်း၊ လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် ဖြစ်လာစေရေး ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ Comprehensive & Autonomous တက္ကသိုလ်စနစ်တွင် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသည့် အမေရိကန်ပြည်ထောင်စုမှ တက္ကသိုလ်များ၏ ပညာရေးနှင့် စီမံခန့်ခွဲမှုစနစ်ကို လေ့လာခြင်းသည်လည်း ယနေ့မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမေရိကန်ပညာတော်သင် မြန်မာနိုင်ငံသားလူငယ်များက ဦးဆောင်ပြီး အမေရိကန်နိုင်ငံ၏ပညာရေးစနစ်နှင့် ပတ်သက်သောအကြောင်းအရာ၊ အယူအဆနှင့် အတွေးအခေါ်များကို မိမိတို့ဆရာ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြခြင်းသည် လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ ထူထောင်ရေးအတွက် အထောက်အကူပြုသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဖြည့်စွက်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young က အမှာစကားပြောကြားသည်။ ယင်းနောက် NothernIllnois University ဥက္ကဋ္ဌ Dr.Lisa Freeman ၏ သဝဏ်လွှာကို ELCM စီမံကိန်းဒါရိုက်တာ ဦးရဲပြည့်သူက ဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က ထူးချွန်ဆရာဆရာမများ၊ စီမံကိန်းတွင်ပါဝင်ကူညီသူများနှင့် အလှူရှင်များအား ဆုချီးမြှင့်သည်။ ထို့နောက် ELCM စီမံကိန်းမှ အလုပ်ရုံဆွေးနွေးပွဲရလဒ် စစ်တမ်းကောက်ယူမှု အစီရင်ခံစာအား ပါဝါပွိုင့်ဖြင့် တင်ပြသည်။ ယင်းနောက် ELCM စီမံကိန်းမှ ဒါရိုက်တာကိုအာကာကျော်က အလုပ်ရုံဆွေးနွေးပွဲပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အမှတ်တရလက်ဆောင် ပန်းချီကားများကို ပေးအပ်ကြသည်။ ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ယဉ်ကျေးမှုအရာရှိ Dr.Sylvia Young နှင့် သံရုံးမှတာဝန်ရှိသူများ၊ ELCM စီမံကိန်းနှင့်ဆက်စပ်တက္ကသိုလ်(၁၈)ခုမှ သက်ဆိုင်ရာဆရာ ဆရာမများ၊ ပညာတော်သင်ပြန် မြန်မာပညာရှင်များ၊ သက်ဆိုင်ရာနယ်ပယ်များမှ မြန်မာပညာရှင်များ၊ အလှူ့ရှင်များ၊ စီမံကိန်း၏နှစ်ရှည်စေတနာ့ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ELCM စီမံကိန်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အမေရိကန်အစိုးရပညာတော်သင်ပြန် မြန်မာများနှင့် Taxila Institute တို့ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း ဘားအံ၊ လွိုင်ကော်၊ ကလေး၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ ပင်လုံစသော မြန်မာနိုင်ငံနယ်စပ်မြို့(၆)မြို့ရှိ တက္ကသိုလ်(၁၈)ခုမှ ဆရာ ဆရာမ(၂၁၆)ဦးအား ပညာရေးခေါင်းဆောင်မှုနှင့် စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်များ မြှင့်တင်ပေးသော သင်ကြားပေးသော စီမံကိန်းတစ်ရပ်ဖြစ်သည်။ ELCM စီမံကိန်း၏ ဒုတိယအဆင့်သည့် ပထမအဆင့်အလုပ်ရုံဆွေးနွေးပွဲ တစ်ပွဲချင်းစီတွင် တက်ရောက်ခဲ့သော ဆရာ ဆရာမ(၃၆)ဦးအနက် တက္ကသိုလ်တစ်ခုလျှင် စွမ်းဆောင်ရည်ရမှတ် အများဆုံးရရှိခဲ့သော ဆရာ ဆရာမများအား ရွေးချယ်ကာ အင်းလေးဒေသတွင် ဒုတိယအဆင့် အလုပ်ရုံဆွေးနွေးပွဲကို(၂)ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နေ့လယ် (၁)နာရီတွင် တောင်ကြီးတက္ကသိုလ်၌ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီတို့က စီစဉ်ကျင်းပသည့် ဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ Effective Leadership in higher Educationခေါင်းစဉ်ဖြင့် ဟောပြောသည့် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ခရမ်းကိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ RC နှစ်ထပ် ကျောင်းဆောင်သစ်အား လွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၇

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ (၁၃၀ပေ X ၃၀ပေ) RC နှစ်ထပ် ကျောင်းဆောင်သစ်အားလွှဲပြောင်းအပ်နှံခြင်းနှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ၇၊၈၊၂၀၁၉ ရက်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါကျောင်း၌ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီ ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းနှင့် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက် ပေးကြသူများအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရန်အတွက် ကျောင်းရှိရေး၊ ဆရာဆရာမရရှိရေး၊ ဘေးကင်းလုံခြုံစိတ်ချရပြီး ကလေးပျော်သည့်ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်သော စာသင်ခန်းများရရှိရေး လိုအပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် ကျောင်းဆောင်ပေါင်း ၄၅၀၀၀ ဝန်းကျင်ခန့်လိုအပ်လျက်ရှိနေရာယခု ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းအဆောက်အဦးပေါင်း ၄၇၉၉ ခုကိုတည်ဆောက်ပေးနိုင်ခဲ့ ပါကြောင်း၊ ကျောင်းသား ကျောင်းသူများပညာရည်တိုးတက်မြင့်မားရေးအတွက် မိဘများအနေဖြင့် ဆရာဆရာမများ၊ကျောင်းအုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေမြဲရေး၊ မူလတန်း ပညာသင်ယူပြီးမြောက်ရေး၊ တတိယတန်းကျောင်းသားကျောင်းသူတိုင်း အခြေခံအဖတ်၊အရေး၊အတွက် ကောင်းမွန်စွာတတ်မြောက်ရေး ဆောင်ရွက်နေပါကြောင်း၊ စနစ်သစ်ပညာရေးပြုပြင်ပြောင်းလဲမှုသည် ရလဒ်ကို ဦးတည်သည့် ပညာရေး မဟုတ်ဘဲ မိမိကိုယ်တိုင်တတ်မြောက်မှုကိုသာပြိုင်သည့်စနစ်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဖို့ သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်းသင်ယူဖို့သာဖြစ်ပါကြောင်း၊ စာမေးပွဲကိုအားမပေးသော်လည်း A အဆင့်ရရှိသည့်ကလေးက A+အဆင့်ရရှိရေး၊ B အဆင့်ရရှိသည့်ကလေးက A အဆင့်ရရှိရေး၊ C အဆင့်ရရှိသည့်ကလေးက B အဆင့်ရရှိလာရေး မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီးတဖြေးဖြေးနှင့်ကျောင်းသားကျောင်းသူများ၏ အရည်အသွေးကိုပိုမိုတိုးတက်လာအောင် သင်ကြားသင်ယူ ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ဆရာဆရာမများအနေဖြင့် မိမိတို့ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်းဆောင်ရွက် တတ်အောင်၊ တာဝန်ယူတာဝန်ခံပြီးဆောင်ရွက်တတ်အောင်၊ ဆန်းသစ်တီထွင် ဖန်တီး ဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊
ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်သည့် စနစ်သစ်သင်ရိုးများအားဂျပန်မှ JICA(CREATE) အဖွဲ့ကလေ့လာဆန်းစစ်ကြည့်ရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade-2 ) ဒုတိယတန်းကျောင်းသုံးဖတ်စာအုပ်(သင်္ချာ)အသစ်နှင့် ယခင်ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အဟောင်းတွင် ကျောင်းသားကျောင်းသူများသည် ကျောင်းသုံး ဖတ်စာအုပ်(သင်္ချာ)အသစ်ကိုပိုမိုကြိုက်နှစ်သက်ကြသည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီးမေးခွန်းစစ်မေးရာတွင် ရမှတ်ပိုမို ကောင်းမွန်ပါကြောင်း၊ သင်္ချာဖတ်စာအုပ်အသစ်ဖြင့် သင်ကြားသင်ယူပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများကို ပိုမိုဖြေဆိုနိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်စာအုပ်အသစ်ကို စိတ်ဝင်စားမှု မြင့်မားလာပြီးပိုမိုအသုံးပြုလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ ကျောင်းသားကျောင်းသူများ အကြိုက်နှစ်သက်ဆုံး ကျောင်းသုံးဖတ်စာအုပ်အသစ်များမှာ မြန်မာစာ(၂၅.၉ ရာခိုင်နှုန်း)၊ ပန်းချီ(၂၅.၈ ရာခိုင်နှုန်း)၊ အင်္ဂလိပ်စာ(၁၆.၉ ရာခိုင်နှုန်း)၊ ကာယပညာ(၈.၁ ရာခိုင်နှုန်း)၊ သင်္ချာ(၈.၀ ရာခိုင်နှုန်း) ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် သင်ထောက်ကူပစ္စည်းများ အသုံးပြုသင်ကြားသင်ယူလေ့ကျင့်ခြင်းများဖြင့် ကျောင်းသုံး ဖတ်စာအုပ် အသစ်များအပေါ် ကျောင်းသား ကျောင်းသူများ၏ စိတ်ဝင်စားမှုနှင့် အကောင်းမြင်သဘောထားများပိုမိုမြင့်မားလာပါကြောင်း၊ စာသင်ခန်းတွင်လည်း ပိုမိုအသုံးပြုကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဆရာဆရာမများ၏ စစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုစွမ်းရည်များပိုမိုကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊မိဘများအနေဖြင့် မိမိတို့ကလေး၏ ပညာရေးအခြေအနေကို သိရှိအောင်ကြိုးစားပြီး ပိုမိုထူးချွန်တိုးတက်လာအောင် ဆရာဆရာမများ၊ ကျောင်းအုပ်များ၊ ပညာရေးမိသားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့များအားလုံးနှင့်တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောပိုးအိတ်(၁၀၀)ကိုပေးအပ်လှူဒါန်းရာ GRADE-6 ကျောင်းသားကျောင်းသူလေးများကလက်ခံရယူကြသည်။ ဆက်လက်၍ လင်းရာဇာဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးတင့်လွင်ဦးကကျောင်းဆောင်သစ်ကိုလွှဲပြောင်းပေးအပ်၍ စာရေးခုံအစုံ(၂၀၀)အတွက် ငွေကျပ်(၁၀)သိန်းကိုပေးအပ်လှူဒါန်းရာကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်ယုကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ယနေ့အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူးနှင့်ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် တာဝန်ရှိသူများ၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ(၄၈)ကျောင်းမှ ကျောင်းကိုယ်စားလှယ် ဆရာဆရာမ (၁၅၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှုအရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍပြုပြင်ပြောင်းလဲရေး၏ အဓိကအသက် သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် စာသင်ခန်း ထဲတွင် သင်ကြားသင်ယူမှုများတွင် လက်တွေ့နယ်ပယ်နှင့်လိုက်လျောညီထွေ ရှိစေလိုပါကြောင်း၊ သုတေသနများ ပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကို အကျိုးပြုစေမည့် အသုံးချသုတေသနများကို ပြုလုပ်စေလိုပါကြောင်း၊ အသုံးချ သုတေသနများကိုလည်း အကောင်းဆုံးလုပ်ရန် လူတိုင်းမှာအခွင့်အရေးရှိပါကြောင်း နှင့် သုတေသနများလုပ်ဆောင်ခြင်းကို အားပေးပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်အပါအဝင် (၈)ကျောင်းနှင့် မန္တလေးတက္ကသိုလ်အပါအဝင်(၈) ကျောင်းသည် သုတေသနများပြုလုပ်ခြင်းကို အားကောင်း စေလိုပါကြောင်း၊ ၃နှစ်တာကာလအတွင်း ကျွန်တော်တို့နိုင်ငံမှာ အကောင်းဆုံးဆိုသည့် တက္ကသိုလ်ကျောင်းများအနက် ရန်ကုန် တက္ကသိုလ်သည် ၂၀၁၆ခုနှစ်၌ ကမ္ဘာ့အဆင့်(၁၃၀၇၂)ရှိခဲ့ရာမှ ၂၀၁၉ခုနှစ်၌ ကမ္ဘာ့အဆင့်တွင် (၇၁၉၉) အထိ အဆင့်တိုးတက်လာခြင်းသည် ဆရာကြီးဆရာမကြီး များ၊ ကျောင်းသားကျောင်းသူများတို့၏ စွမ်းဆောင်ရည်ကြောင့်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ၏ ပူးပေါင်းပါဝင်မှုဖြင့် လိုအပ်ချက်များကို စနစ်တကျ တင်ပြကြရန် လိုအပ်ပါကြောင်း၊ ကိုယ်တာဝန် ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ ဒေသနှင့်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမျှော်မှန်းပြီး၊ ဦးတည်ပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်များအဖြစ် ဦးတည်နိုင်ရေးသည် အရေးကြီးပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲ ရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သတင်း ရရှိသည်။