Thursday, August 29, 2019

တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ရင်သွေးငယ်များအား ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၉ သြဂုတ် ၂၃
ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် တာဝန်ထမ်းဆောင်နေသော  ဝန်ထမ်းများ၏ ရင်သွေးငယ် များအား ပညာသင်ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ၂၃-၈-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ တွင်ကျင်းပသည်။ ရှေးဦးစွာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာသင်ထောက်ပံ့ပစ္စည်းများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အထက်တန်းကျောင်းသား ကျောင်းသူများကိုယ်စား မောင်မင်းခန့်ကျော်နှင့် အလယ်တန်းကျောင်းသား ကျောင်းသူများကိုယ်စား သော်ဝတီဆု အားလည်းကောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက မူလတန်းကျောင်းသား ကျောင်းသူများကိုယ်စား မမိုးအိအိသိမ့် အားလည်းကောင်း၊ ဝန်ကြီးရုံးစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုက KG တန်းကျောင်းသား ကျောင်းသူများ ကိုယ်စား မောင်ရှင်းခန့်ပိုင် အားလည်းကောင်း ပညာသင်ထောက်ပံ့ပစ္စည်းများကို အသီးသီးပေးအပ်သည်။ ထို့နောက် မိဘများကိုယ်စား ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာငြိမ်းဝေက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝန်ကြီးရုံးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီးများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment