မန္တလေး ၂၀၁၉ သြဂုတ် ၄
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊
ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံ ရှင်းလင်းပွဲကို
ယနေ့ နံနက် ၈ နာရီခွဲတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌
ဆက်လက်ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်
၂၀၁၈ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း တိုက်ရိုက်ဝင်ခွင့်ပြုသော
ရန်ကုန်မြို့မှ တက္ကသိုလ် (၈)ကျောင်းနှင့်
မန္တလေးမြို့မှတက္ကသိုလ်(၈)ကျောင်းတို့ကလည်းကောင်း၊ အခြားတက္ကသိုလ်များ
အနေဖြင့် ပုံမှန်အတိုင်း တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်ရေးအဖွဲ့သို့ဝင်ခွင့်လျှောက်ထား ခြင်းဖြင့်လည်းကောင်း
စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် တိုက်ရိုက်ဝင်ခွင့်ပြုသော
ရန်ကုန်မြို့မှ တက္ကသိုလ် (၈)ကျောင်း၊ မန္တလေးမှတက္ကသိုလ်(၈) ကျောင်းနှင့်
ဆေးနှီးနွယ်တက္ကသိုလ်များအတွက်ဝင်ခွင့်ပုံစံ (၁)ခုတည်း ဖြင့်သာ စိစစ်
သုံးသပ်ပြီး ပြင်ဆင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း။
တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားဦးရေမှာ ၂၀၁၅-၁၆ ပညာသင် နှစ်တွင် ၈၄၀၃၆၄ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၈၇၅၆၅၉ ဦး၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၉၆၇၇၃၄ ဦးဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသားဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရိုးရိုးဘွဲ့/ မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၀၁၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ရိုးရိုးဘွဲ့/ မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၂၂၀၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ရိုးရိုးဘွဲ့/မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၀၄၇၃ ဦး ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ယူသည့် နိုင်ငံခြားသား ကျောင်းသားဦးရေမှာ လည်း ၂၀၁၆ ခုနှစ်တွင် ၃၀၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၃၂၄ ဦးရှိပြီး ၂၀၁၈ ခုနှစ်တွင် ၄၃၉ ဦးဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံရှိ တက္ကသိုလ်များတွင် လာရောက် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာမှ ပါမောက္ခ၊ ပညာရှင်များဦးရေ မှာလည်း ၂၀၁၆ ခုနှစ်တွင် ၁၁၆ဦး၊ ၂၀၁၇ ခုနှစ်တွင် ၉၉ ဦး နှင့် ၂၀၁၈ ခုနှစ်တွင် ၈၅ ဦး ဖြစ်ပါကြောင်း။
တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားဦးရေမှာ ၂၀၁၅-၁၆ ပညာသင် နှစ်တွင် ၈၄၀၃၆၄ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၈၇၅၆၅၉ ဦး၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၉၆၇၇၃၄ ဦးဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသားဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရိုးရိုးဘွဲ့/ မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၀၁၈၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ရိုးရိုးဘွဲ့/ မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၂၂၀၃ ဦး၊ ၂၀၁၈ ခုနှစ်တွင် ရိုးရိုးဘွဲ့/မဟာဘွဲ့/ ပါရဂူဘွဲ့ရဦးရေ ၁၅၀၄၇၃ ဦး ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ယူသည့် နိုင်ငံခြားသား ကျောင်းသားဦးရေမှာ လည်း ၂၀၁၆ ခုနှစ်တွင် ၃၀၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၃၂၄ ဦးရှိပြီး ၂၀၁၈ ခုနှစ်တွင် ၄၃၉ ဦးဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံရှိ တက္ကသိုလ်များတွင် လာရောက် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံတကာမှ ပါမောက္ခ၊ ပညာရှင်များဦးရေ မှာလည်း ၂၀၁၆ ခုနှစ်တွင် ၁၁၆ဦး၊ ၂၀၁၇ ခုနှစ်တွင် ၉၉ ဦး နှင့် ၂၀၁၈ ခုနှစ်တွင် ၈၅ ဦး ဖြစ်ပါကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း
စုစုပေါင်း(၃၂၂)မျိုးဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊
အလုပ်အကိုင်အခွင့်အလမ်း အတွက် တက္ကသိုလ်များ၌ Job Fair ပွဲများကို ၂၀၁၅-၁၆
ပညာသင်နှစ်တွင် ၃၁ ကြိမ်၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၇၃ ကြိမ်၊ ၂၀၁၇-၁၈
ပညာသင်နှစ်တွင် ၆၀ ကြိမ် ကျင်းပဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ထို့ပြင်
နိုင်ငံခြားသို့ ပညာသင်စေလွှတ်ခြင်း၊ သုတေသနစာတမ်းဖတ်ကြားခြင်း၊ အလုပ်ရုံ
ဆွေးနွေးပွဲ၊ လေ့လာရေးခရီးစဉ်သွားရောက်ခြင်းတို့တွင်လည်း ၂၀၁၆ ခုနှစ်တွင်
၂၆၄၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၂၅၅၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၂၅၅၉ ဦးရှိပါကြောင်း၊
ဆရာ ဆရာမများက သုတေသနစာတမ်းများရေးသားမှုကို အားပေး ဆောင်ရွက်လျက်ရှိရာ ဆရာ
ဆရာမများအနေဖြင့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းရေးသား ခြင်း၌လည်း
၂၀၁၆ ခုနှစ်တွင် သုတေသနစာတမ်း ၂၅၄၅ စောင်၊ ၂၀၁၇ ခုနှစ်တွင် သုတေသန စာတမ်း
၃၄၃၄ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၄၆၂၆ စောင် အထိ ရေးသားလာပါကြောင်း။
သင်ရိုးညွှန်းတမ်းများမြှင့်တင်ခြင်း၊
သင်ကြားသင်ယူမှုနည်းလမ်း များ သင်တန်းပေးခြင်း၊ အင်္ဂလိပ်
ဘာသာစကားစွမ်းရည်မြှင့် တင်ခြင်း၊ ကျောင်းဆောင်များ၊ အိပ်ဆောင်များ၊
အိမ်ရာများ၊ သင်ထောက်ကူပစ္စည်း များ၊ စာကြည့်တိုက်၊ အားကစားကွင်း၊
အားကစားရုံ၊ အိုင်စီတီ၊ အင်တာနက်၊ ဝိုင်ဖိုင်ဆိုင်ရာ စသည်များဖြည့်
ဆည်းခြင်း၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများနှင့်ပူးပေါင်း၍
တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်း သား ကျောင်းသူများ
သင်ယူတတ်မြောက်မှုနှင့်ကျွမ်းကျင်မှုအရည်အသွေးမြင့်မားရေး
ဦးတည်ဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများကိုလည်း ကျင်းပခြင်း၊
ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်း၊ ဘွဲ့သင်တန်း
အသစ်များဖြစ်သည့် ခရီးသွားစီမံခန့်ခွဲမှုသင်တန်း၊
ငါးမွေးမြူရေးဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း၊ စွမ်းဆောင် ရည်အခြေပြု
ဆရာ၊ ဆရာမ၊ ဝန်ထမ်းခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းတို့ကို
စီစဉ်ဆောင်ရွက်ခြင်း၊ ဝက်ဆိုက်များပြုလုပ်ခြင်း၊ e-Payment
ဖြင့်ကျောင်းအပ်လက်ခံခြင်း၊ အရည်အသွေးရှိသော အဝေးသင် တက္ကသိုလ် ပညာရေးအတွက်
ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်း၊ နိုင်ငံတကာနှင့်
ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်၍ တာဝန်ယူသည့်
နည်းလမ်းများဖြင့် လက်တွေ့ကျကျ အကျိုးရှိထိရောက် ပွင့်လင်း မြင်သာစွာ
လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက်
မည်ကဲ့သို့ပူးပေါင်းကူညီ ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ကြရမည်ကို
ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်း။
ကမ္ဘာပေါ်တွင်
စီးပွားရေးဖွံ့ဖြိုးတိုးတက်၍ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်သော်လည်း
အားနည်းချက်၊ မညီမျှမှု၊ စိတ်ဖိစီးမှု၊ ပါဝင်ခွင့်မရမှု၊
လုံးဝသည်းမခံခြင်းနှင့်အကြမ်းဖက်မှုများသည် လူ့အဖွဲ့အစည်းများအတွင်း
ပိုမိုများပြားလာနေသည်ကို သတိပြုရန် အရေးကြီးပါကြောင်း၊
ရေရှည်တည်တံ့ခိုင်မြဲဟန်ချက်ညီမှု မရှိသော
စီးပွားရေးထုတ်ကုန်များနှင့်အသုံးပြုမှုများကြောင့်
ကမ္ဘာကြီးပူနွေးလာခြင်း၊ သဘာဝပတ်ဝန်းကျင်များပျက်စီး ခြင်း၊
သဘာဝဘေးအန္တရာယ်များ ပိုမိုများပြားလာခြင်းတို့ ဖြစ်ပေါ်နေပါကြောင်း၊
လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်သည့်
စံသတ်မှတ်ချက်များမှာ အခက်အခဲစိန်ခေါ် မှုများနှင့်ရင်ဆိုင်နေရပါကြောင်း၊
ယနေ့ ၂၁ ရာစုတွင် မတူကွဲပြားသည့် လူ့အဖွဲ့အစည်းများတွင်လည်း လူမှု
သဟဇာတဖြစ်မှုနှင့် ယုံကြည်မှုတို့သည် အရေးကြီးသကဲ့သို့ Artifical
Intelligence နည်းပညာဖွံ့ဖြိုးတိုးတက်မှု နှင့်
ရာသီဥတုဖောက်ပြန်မှုတို့၏အကျိုးဆက်ကြောင့် အရည်အသွေးရှိသော ပညာရေးဖြင့်
တစ်သက်တာသင် ယူရန်နှင့် ကျွမ်းကျင်မှုစွမ်းရည်ရှိရန်လည်း
အရေးကြီးပါကြောင်း၊ OECD မှထုတ်ဝေသော Trends Shaping Education 2019
အစီရင်ခံစာတွင် အထူးသဖြင့် ကမ္ဘာ့စီးပွားရေးအင်အားသည် အာရှဒေသ သို့မဟုတ်
မြန်မာ နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးသည့်
နိုင်ငံများအဖြစ်သို့ ဦးတည်ဖွံ့ဖြိုးတိုးတက် လာနေပါကြောင်း၊ ထို့ကြောင့်
ဂလိုဘယ်လိုက်ဇေးရှင်း၊ ဒီမိုကရေစီ၊ လုံခြုံရေး၊
သက်ကြီးဦးရေတိုးပွားလာခြင်း၊ ၂၁ ရာစုယဉ်ကျေးမှု
စသည်တို့၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော အရည်အသွေးရှိသည့် ပညာရေးစနစ်
ဖြစ်ထွန်းလာရန် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်
ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်နှင့် ပါမောက္ခချုပ်များ
ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ၊
ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊
အတွေ့အကြုံရှင်းလင်းပွဲသို့တက်ရောက်လာကြသူများက
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြ သည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ
ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က “Teaching for
Tomorrow”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ
ပါမောက္ခချုပ် ဦးကျော်စွာစိုးက “Effect of Digitalization on Higher
Education”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ်
ဒေါက်တာမောင်မောင်နိုင်က “Internationalization of Higher
Education”ခေါင်းစဉ် ဖြင့်လည်းကောင်း၊
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်စိုးက
“University link for Industry Engagement” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
မန္တလေးနည်းပညာတက္ကသိုလ် မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “Comprehensive
University”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်
နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “Internal
Quality Assurance” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ
ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး က “Research Capacity Building in
Universities” ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အုပ်စုငယ်များခွဲ၍
ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ် တစ်ဦးက
ဆွေးနွေးရရှိချက်အား ဆွေးနွေးတင်ပြကြပြီး အတွေ့အကြုံရှင်းလင်းပွဲ
တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းအစီအစဉ်များချမှတ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment