Tuesday, August 20, 2019

ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသောအင်တာနက် အသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၉
ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသော အင်တာနက်အသုံးပြု မှုနှင့် ကျင်လည်မှုစီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ လူငယ်များ၊ ပြည်သူများသည် Internet နှင့် Social media များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒစ်ဂျစ်တယ်နည်းပညာသည် အရေးကြီးပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကို Digital Literacy ၊ Online Safety ESifh Resilience တို့နှင့် ပတ်သက်သည်များကို သင်ကြားပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ပညာရေးမှ တစ်ဆင့် အနာဂတ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့် ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ပါကြောင်း။ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့်ပညာရေး မဟာဗျူဟာစီမံကိန်း ရေးဆွဲချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် နယ်ပယ် အသီးသီးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် ဒစ်ဂျစ်တယ်နှင့် အင်တာနက်ကျွမ်းကျင်မှုပညာရပ်ကို တတ်မြောက်ထားရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များကို နည်းပညာတတ်ကျွမ်းမှုများ အားဖြည့်ပေးနိုင်ရန် အစီအစဉ်ကောင်းဖြစ်သည့် ယခုစီမံကိန်းသည် အမျိုးသားပညာရေး မဟာဗျူဟာအတွက်သာမက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုသည့် အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ ထို့နောက် နော်ဝေသံရုံးမှ Minister Counsellor/Deputy Chief of Mission, Ms. Lisc Nordgaard က အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နော်ဝေသံရုံးမှ Minister Counsellor / Deputy Chief of Mission, Ms. Lisc Nordgaard နှင့် တာဝန်ရှိသူများက စီမံကိန်းကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် Telenor Group ၏ Senior Vice President Sustainability, Ms. Elisabeth Biering ၊ တယ်လီနောမြန်မာ၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ဒေါ်ယဉ်ယဉ်ဌေး၊ Plan International (နော်ဝေ) ၏ National Director, Ms. Kari Helene Partapuoli နှင့် Plan International (မြန်မာ)၏ Country Director, Mr. Kelland Stevenson တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ယင်းနောက် Plan International (မြန်မာ)၏ စီမံကိန်းဒါရိုက်တာ ဒေါ်လင်းလင်းအောင်၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာတင်မောင်ဝင်း၊ တယ်လီနောမြန်မာမှ ဦးမင်းသူ၊ တယ်လီနောလူငယ်ဖိုရမ် ကိုယ်စားလှယ် ကိုရာထူးပရာဆက်၊MIDO မှ ဦးဝေမျိုးထွဋ်နှင့် KMD မှ ဦးဘိုဘိုလွင်တို့က ''ဒစ်ဂျစ်တယ် မြန်မာနိုင်ငံအတွက် လက်တွဲပူးပေါင်းခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ကျင်လည်စွာ အသုံးပြုမှုအတွက် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း''ခေါင်းစဉ်ဖြင့် ဝိုင်းဝန်းဆွေးနွေးကြသည်။ ယနေ့အခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ တယ်လီနော မြန်မာနှင့်Plan International တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ လူငယ်များ ဒစ်ဂျစ်တယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များရရှိရန် နှင့် အွန်လိုင်းအသုံးပြုရာတွင် သုံးစွဲသူအချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်ပြီး မညီမျှမှုများ လျှော့ချနိုင်ရန်ရည်ရွယ်၍ ဘက်စုံ ဘေးကင်းလုံခြံုသော စာသင်ကျောင်းများ စီမံကိန်း၏ အစိတ် အပိုင်းတစ်ခုအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



No comments:

Post a Comment