နေပြည်တော် ၂၀၁၉ ဇူလိုင် ၂၉
ဖြောင့်မတ်တည်ကြည်မှု
မြှင့်တင်ရေးပညာရေးအစီအစဉ်(အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်များ
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ
ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဦးဟန်ညွန့်နှင့် ဒေါ်အေးအေးမူ၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UNODC ရုံးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်သက်လွင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုး၊ ဦးဟန်ညွန့်နှင့် ဒေါ်အေးအေးမူ၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ UNODC ရုံးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ကျင်းပသော
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး(Integrity Education) အစီအစဉ်
အခြေခံပညာအလယ်တန်းဆရာကိုင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားသည် ဒုတိယ
အကြိမ်မြောက်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုးပေးသော
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့
(Anti-Corruption Commission-ACC)အား အထူးပင် ကျေးဇူးတင်
ဂုဏ်ယူမိပါကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းသည် အထိရောက်ဆုံး၊
အကျယ်ပြန့်ဆုံးနှင့် အကောင်းဆုံး ရေရှည်လုပ်ဆောင်ချက်ဖြစ်သောကြောင့်
အဂတိလိုက်စားမှုကို တိုက်ဖျက်ရာ၌ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊
ကျောင်းသူများမှစတင်၍ ဖြောင့်မတ် တည်ကြည်မှုကို
မြှင့်တင်ပေးရန်ရည်ရွယ်၍ရေးဆွဲခဲ့သော ပထမအကြိမ်မူလတန်းအဆင့် ဆရာကိုင်
အုပ်ရေ (၄၀၀၀၀)အား လက်ခံရယူခဲ့ပြီး ကျောင်းများသို့ဖြန့်ဝေ သင်ကြား
လျက်ရှိပါကြောင်း၊ ၂၀၁၉ခုနှစ်၊ မတ်လအတွင်းထုတ်ပြန်ခဲ့သည့်
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC) ၏အစီရင်ခံစာတစ်ခုတွင်
“တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်
ရေးလုပ်ငန်းများတွင် အကြီးမားဆုံးသောအဟန့်အတားများအနေဖြင့် ပညာရေးနှင့်
အခြားအခြေခံ အဆောက်အအုံများချို့တဲ့မှုထက် အဂတိလိုက်စားမှု (သို့မဟုတ်)
အကျင့်ဖောက်ပြန်မှုက ပို၍ ဆိုးရွားစွာပျက်စီးစေသည်”ဟုဆိုပါကြောင်း၊ ယခုအခါ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထိထိရောက်ရောက် ဆောင်ရွက်နေခြင်းသည်
ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် လူမှုကျင့်ဝတ်များကို
လေးစားလိုက်နာကျင့်သုံးတတ်စေရန်၊ ခြိုးခြံချွေတာတတ်စေရန်၊
အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သောအကျိုးဆက်များ
ကိုယ်ကျင့်တရားပျက်ယွင်းရခြင်း၏ အကြောင်းရင်းများနှင့် အန္တရာယ်များကို
သိရှိနားလည်ပြီးပယ်ခွာတတ်စေရန်၊ နေ့စဉ်ဘဝတွင် အကောင်းအဆိုး
အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်ပြီး
ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင် အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာစေရန်
လူ့အဖွဲ့အစည်းအပေါ်မှန်ကန် ကောင်းမွန်သော အတွေးအမြင်များရရှိစေရန်နှင့်
တန်ဖိုးထားအပ်သည့်စံနှုန်းများကို နိုင်ငံသူနိုင်ငံသားများအတွင်း
ပိုမိုဖြစ်ထွန်းလာစေရန်ပြုပြင်ပြောင်းလဲမှုတစ်ရပ်ကိုဖော်ဆောင်ပေးနေခြင်းဖြစ်ပါကြောင်း၊
မြန်မာ တစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုများ
တစ်ပြိုင်နက်တိုက်ဖျက်နိုင်ရန် ဖြောင့်မတ်တည်ကြည်မှုကို
အခြေခံသောအစုအဖွဲ့များ(Integrity Pact)ဖြစ်ပေါ်လာစေရေးအတွက်
အရှိန်အဟုန်ဆောင်ရွက် နေသကဲ့သို့
အဂတိလိုက်စားမှုကာကွယ်တားဆီးရေးအဖွဲ့(Corruption Prevention
Unit-CPU)များကို ဝန်ကြီးဌာန(၁၈)ခုတို့တွင် CPU(၃၂)ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ
ပညာရေးဝန်ကြီးဌာန အတွက်လည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊
ကျောင်းနေစဉ်ကပင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးကို
သင်ကြားလေ့ကျင့်ပေးမှသာလျှင် ၎င်းတို့စိတ်ထဲတွင်စွဲမြဲလာပြီး ဘဝတစ်လျှောက်
လုံး မည်သည့်ကိစ္စမဆို ဖြောင့်မတ်တည်ကြည်မှုဖြင့်ဆောင်ရွက်သွားနိုင်သော
အလေ့အကျင့် ကောင်းများ၊ အလေ့အထကောင်းများ ရရှိသွားနိုင်မည်ဖြစ်ပြီး
နောင်လာမည့်အနာဂတ်အတွက် နိုင်ငံသားကောင်း များ၊
ကမ္ဘာ့သားကောင်းများပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း။
ထို့ကြောင့်
ကျောင်းသားကျောင်းသူလူငယ်လေးများအား တာဝန်ယူမှု၊တာဝန်ခံမှုအား
သူ့အရွယ်နှင့်သူသင်ကြားလေ့ကျင့်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံ၏
ရေရှည်အဂတိလိုက်စားမှု ကင်းစင်ရေး အုတ်မြစ်လည်းဖြစ်သည့်အလျောက်
ဤဆရာကိုင်စာအုပ်များတွင် ဖွဲ့စည်းထားသော သင်ခန်းစာများကို
အခြေခံပညာအလယ်တန်းအဆင့်ကျောင်းသားများသို့ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့်
ဆရာ၊ဆရာမများအပါအဝင် ကျောင်းသားလူငယ်အားလုံးတို့၏ ကိုယ်ကျင့်သိက္ခာ၊
ရိုးသား ဖြောင့်မတ်မှု၊ ပွင့်လင်းမြင်သာမှုများ၊ အလေ့အကျင့်ကောင်းများ
ရရှိကျင့်သုံးနိုင်ပြီး အဂတိလိုက်စားမှု
ကင်းစင်သည့်ကောင်းမွန်သည့်ပတ်ဝန်းကျင်ကိုတည်ဆောက်သွားနိုင်မှာဖြစ်ပါကြောင်း၊
အခြေခံပညာ သင်ရိုးညွှန်းတမ်း၏ အတန်းတိုင်း၌
သင်ကြားရသည့်စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်တွင် ကျောင်းသူ၊
ကျောင်းသားများ၊ လူငယ်များအားလိမ်ညာပြောဆိုမှုများကင်းဝေးရန်၊ ရိုးသားရန်၊
တစ်ပါးသူအားစာနာတတ်ရန်၊ လိမ္မာယဉ်ကျေးရန်၊ အများပိုင်
ပစ္စည်းများတန်ဖိုးထားတတ်ရန်၊ စည်းကမ်းနှင့်နေထိုင်တတ်ရန်နှင့်
လူမှုကျင့်ဝတ်စောင့်ထိန်းလိုက်နာတတ်ရန် အစရှိသည့်သင်ခန်းစာ များကို
အသက်အရွယ်အလိုက်အတန်းအလိုက် လေ့ကျင့်ပေးနိုင်သည့်သင်ခန်းစာများကို
ပြဋ္ဌာန်း သင်ကြားလေ့ကျင့်ပေးလျက်ရှိသလို လက်ဆောင်ပစ္စည်းပေးခြင်း၊ယူခြင်း၊
ငွေကြေးပေးခြင်း၊ ယူခြင်း တို့ကိုလည်းမပြုလုပ်ဖို့
တွန်းအားပေးဆောင်ရွက်နေပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏
(Anti-Corruption Commission-ACC)၏ရည်ရွယ်ချက်များအနက် ရည်ရွယ်ချက်
တစ်ခုဖြစ်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက် နေစဉ်တွင်
ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ
ကြောင်းနှင့်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး
ပညာပေးအခြေခံပညာအလယ်တန်းဆရာကိုင် စာအုပ်များကို အခြေခံပညာကျောင်းများတွင်
ထိရောက်စွာသင်ကြားသွားရေးအတွက် အဆင့်ဆင့်
လမ်းညွှန်မှုများဖြင့်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းစသည်ဖြင့်ပြောကြားသည်။
ထို့နောက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က
ဖြောင့်မတ်တည်ကြည်မှုအတွက် စာသင်ကျောင်းများမှာ သင်ယူလေ့လာနိုင်ရန်
လွယ်ကူမှု အခွင့်အရေးပေးလိုက်ြခင်းသည် အနာဂတ်မျိုးဆက်များကို
အဂတိလိုက်စားမှုကင်းဝေးသွားစေရန် အခွင့်အာဏာ
ပေးအပ်လိုက်ခြင်းနှင့်အတူတူပင်ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများမှာ
ဖြောင့်မတ် တည်ကြည်မှုဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူနိုင်ရန်
အခွင့်အရေးမရှှိခဲ့ခြင်းသည် ယနေ့ နိုင်ငံတစ်ဝန်းလုံးမှာ
အဂတိလိုက်စားမှုများ ပျံ့နှံ့နေရတဲ့အကြောင်းတရားတစ်ခုဖြစ်သည်ဟု
ယူဆနိုင်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသော ယဥ်ကျေးမှုသည် လူငယ်တို့၏
ပညာရေး၊ စာသင်ကျောင်းများမှသာ စတင်ရမှာဖြစ်ကြောင်း၊
ဖြောင့်မတ်တည်ကြည်မှု(Integrity)သည် နိုင်ငံတော်၏ ကောင်းမွန်သော အနာဂတ်ကို
ပုံသွန်းလောင်နိုင်သလို ဖြောင့်မတတတ်ကြည်မှုကို ဖောက်ဖျက်ခြင်း(Integrity
Violation)သည် အကျင့်ဖောက်ပြန်မှု သို့မဟုတ် အဂတိလိုက်စားမှု (Corruption)
ြဖစ်သွားနိုင်သည်ကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်သော
ယဥ်ကျေးမှု ထူထောင်ရာတွင် ကျောင်းသားကျောင်းသူလူငယ်များမှ
စတင်ခြင်းဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ၊
အုပ်ချုပ်ရေးယန္တရားနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ၊
အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာများပါမကျန် တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊
အဖွဲ့အစည်း အလိုက်ဖြစ်စေ ပါဝင်လာစေရန်
အလေးထားအားထုတ်နေရမှာဖြစ်ပါကြောင်းစသည်ဖြစ် ပြောကြားသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးထံ
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဥ်(အခြေခံပညာ
အလယ်တန်း)ဆရာကိုင်စာအုပ်များ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက ကော်မရှင်ဥက္ကဋ္ဌထံ
ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအား
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာ
အလယ်တန်း)ဆရာကိုင်စာအုပ်များ ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးနှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့သည်
အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
အခမ်းအနားတွင်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့
ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်(အခြေခံပညာအလယ်တန်း)
ဆရာကိုင် စာအုပ်(၄၀၀၀၀) ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
No comments:
Post a Comment