Thursday, August 15, 2019

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ခုနှစ် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ ဩဂုတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၁၉ ခုနှစ် သီးခြားရာထူး တိုး/ပြောင်း ဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၂၁)၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်(၁၆) ကျောင်းမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ဆွေးနွေးသည့် Performance သည် သီးခြားတက္ကသိုလ်(၁၆) ကျောင်းတို့အတွက် ညှိနှိုင်းဆွေးနွေးရမှာဖြစ်ကြောင်း၊ အာဆီယံတွင် တက္ကသိုလ်များ က World Ranking အတွက် ပြိုင်ဆိုင်မှုပို၍ ပြင်းထန်လာသည်ကို တွေ့ရသဖြင့် Autonomous University ဦးတည်ရေး အားပေးရန် အရေးကြီးပါကြောင်း၊ Autonomous University အတွက် ဦးတည်ထားပြီး အားကောင်းရန် အားပေးပြီး လုပ်ဆောင်ခြင်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုပျိုးထောင်ရေးလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ Performance သည် Research အဓိကဖြစ်သည့်အတွက် သုတေသနများပြုလုပ်ရာတွင် ဘာသာရပ်၊ ဒေသ၊ နိုင်ငံကို အကျိုးပြုစေမည့် အသုံးချသုတေသနစာတမ်းများကို publication ပါပြုလုပ်ပြီး စာသင်ခန်းထဲတွင် ကျောင်းသားကျောင်းသူများအား မိမိရရှိလာသည့် အတွေ့အကြုံများကို ပြန်လည်သင်ကြားသင်ယူ လေ့ကျင့်ကြီးကြပ်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်(၁၆)ကျောင်းကို နိုင်ငံတော်၏ ဂုဏ်ဆောင် တက္ကသိုလ်များဖြစ်ရန်အားပေးခြင်းဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်သူများသည် သုတေသနစွမ်းဆောင်ရည်မြင့်မားသည့် အရည်အချင်းများရှိရန် အရေးပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း(National Education Strategic Plan-NESP) (၂၀၁၆-၂၀၂၁)ကိုရေးဆွဲပြီးဆောင်ရွက်ခဲ့ရာ ၄နှစ်တိုင်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ အရည် အသွေးမြင့်သည့် အဆင့်မြင့်ပညာရေးဖြစ်လာစေရန် ပညာရေးပြုပြင်ပြောင်းလဲရာတွင် အခြေခံမှစ၍ အဓိကထားဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အခြေခံပညာပြုပြင် ပြောင်းလဲမှု ပြီးစီးမှာဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်သည့် အဆင့်မြင့်ပညာရေး ဖြစ်လာစေရန်၊ တက္ကသိုလ်၏အရည်အသွေးမြင့်မားရန် Performance သည် အရေး ကြီးပါကြောင်း၊ ၃နှစ်အတွင်းမှာ တက္ကသိုလ်အဆင့်မြင့်လာခြင်းသည် ပါမောက္ခချုပ်နှင့် ဆရာဆရာမအားလုံးတို့၏ ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဖြစ်ပါ ကြောင်း၊ ယခုအစည်းအဝေးသည် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များအတွက် ဝန်ထမ်းရေးရာမူဝါဒများသည် တစ်ဦးတစ်ယောက်ကို အခြေ ပြု၍ စဉ်းစားချမှတ်ထားခြင်းမဟုတ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် လျာထား သည့်မူဝါဒများကို အကောင်းဆုံးနှင့်အသင့်တော်ဆုံး ဝိုင်းဝန်းပူးပေါင်းပြီး ဆွေးနွေး ပေးစေလိုပါကြောင်း၊ ယခုဆောင်ရွက်သည့်မှုဝါဒများသည် နောင်တွင်ဖြစ်လာမည့် တက္ကသိုလ်များ၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ၂၀၁၉ ခုနှစ် သီးခြားရာထူးတိုး/ပြောင်း ရေးဆွဲရေးမူသည် အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် (၄)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ပုဂ္ဂလိက အမြင်ဖြင့် မူဝါဒများကို မရေးဆွဲဘဲ system တစ်ခုလုံးကို ကိုယ်စားပြုပြီးရေးဆွဲကြရန်နှင့် အထက်မြန်မာပြည်(၈)ကျောင်းနှင့် အောက်မြန်မာပြည်(၈)ကျောင်းအတွက် သီးခြားရာထူးတိုး/ပြောင်းဆောင်ရွက်မည့် မူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ၂၀၁၉ ခုနှစ် သီးခြားရာထူး တိုး/ပြောင်းဆောင်ရွက်မည့် တက္ကသိုလ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment