Tuesday, December 5, 2017

ငါးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ








ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၁



ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ငါးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ငါးထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး စက်ခလုတ်နှိပ်၍ ကမ္ဗည်းမော်ကွန်းအား နံ့သာရေပက်ဖျန်းကြသည်။

ဆက်လက်၍ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက TTC ဟုခေါ်သည့် ဆရာဖြစ်သင်ကောလိပ်ကို ၁၉၃၁ ခုနှစ် ဇူလိုင်လ တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်၏ လက်အောက်ခံအဖြစ် လေ့ကျင့်ရေး ကျောင်းကိုလဲ ၁၉၃၁ ခုနှစ်မှာပင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ လေ့ကျင့်ရေးကျောင်း ဖွင့်လှစ်ရခြင်းသည် ဆရာဖြစ်ကောလိပ်တွင် သင်ယူနေသော ဆရာလောင်းများ၏တတ်မြောက်ပြီးသည့် သင်ကြားနည်းများကို လက်တွေ့လေ့ကျင့်နိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ပြင် သင်ကြားနည်းစနစ်များကို တီထွင်ပြီး စမ်းသပ်လေ့ကျင့်မှု ပြုလုပ်နိုင်ရန်ဖြစ်ပါကြောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၅၈၅၅)ဦး ဖြစ်ပြီး ၁၉၉၈-၁၉၉၉ ပညာသင်နှစ်တွင် ၆၇၅၅ ဦးအထိ တိုးတက်ခဲ့ပါကြောင်း၊ ယခု လက်ရှိကျောင်းသားဦးရေသည် ၇၂၀ဝ နီးပါးဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေ တိုးတက် များပြားလာသည့်အတွက် လက်ရှိစာသင်ခန်းများတွင် သင်ကြားရန် လုံလောက်မှုမရှိတော့သဖြင့် ၁၉၉၉-၂၀ဝ၀ ပညာသင်နှစ်မှ စတင်၍ RC 2 လှိုင်ကို အလယ်တန်းဆင့် အတန်းများ ပြောင်းရွှေ့ သင်ကြားခဲ့ပါကြောင်း၊ နောင်နှစ်များတွင်လည်း လိုအပ်ချက်အရ မူလတန်းဆင့် အလယ်တန်းဆင့် အတန်းများပါ သင်ကြားခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ယခုအခါတွင် ကမာရွတ်မြို့နယ် ပြည်လမ်းတွင် ငါးထပ်ဆောက် ဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့မှ စတင်ပြောင်းရွှေ့ ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်မီသပ်ရပ်သည့် ကျောင်းဆောင်သစ်ကြီးကို ဆောက်လုပ် ပေးထားသည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်မိဘများက ရေရှည် ဘည်တံ့နိုင်ရန် ဝိုင်းဝန်းထိမ်းသိမ်းစာင့်ရှောက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း ငါးထပ်ကျောင်း ဆောင်သစ်အား Civil Tech Co., Ltd မှမန်နေးဂျင်းဒါရိုက်တာ ဦးအုန်းမြင့်က အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment