Sunday, December 24, 2017

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အမှတ် (၆၄) ပြည်သူပိုင် အခြေခံပညာမူလတန်းကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်








နေပြည်တော် ၂၀၁၇ ဒီဇင်ဘာ ၂၃

          နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အမှတ် (၆၄) ပြည်သူပိုင် အခြေခံပညာ မူလတန်းကျောင်း ပြည်သူပိုင်ကျောင်းမြေနှင့် (၁၂၀ x ၃၁ x ၂၅ ) ပေ RC နှစ်ထပ် ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီတွင် အဆိုပါကျောင်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
          ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ Global Grand Group of Companies ဥက္ကဋ္ဌဌ ဦးသိန်းထွေးတို့က အမှတ်(၆၄) ပြည်သူပိုင် အခြေခံပညာ မူလတန်းကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အလှူရှင် Global Grand Group of Companies ဥက္ကဋ္ဌဌ ဦးသိန်းထွေးတို့က ကဗ္ဗည်းမော်ကွန်းတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင် Global Grand Group of Companies ဥက္ကဋ္ဌဌ ဦးသိန်းထွေးတို့က ကဗ္ဗည်း မော်ကွန်းတိုင်အား နံ့သာရည် ပက်ဖျန်းကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် အမှတ် (၆၄) ပြည်သူပိုင် အခြေခံပညာ မူလတန်းကျောင်းဆောင်သစ် အပါအဝင် ကျောင်းသုံး စာသင်ခုံနှင့် ပရိဘောဂများကို လှူဒါန်းသော Global Grand Group of Companies ဥက္ကဋ္ဌဌ ဦးသိန်းထွေးနှင့် မိသားစုအား ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံသည့်အခါ မည်သည့်ခွဲခြားမှုမျှ မရှိဘဲနှင့် ကျောင်းအပ်လက်ခံ ပေးနေသလို ကျောင်းထွက်သူ မရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းထွက်နှုန်း လျော့နည်းရေး၊ အတန်းကူးပြောင်းနှုန်း မြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင်ရွက်နေပါကြောင်း၊ အစိုးရမူလတန်း၊ အထက်တန်းကျောင်း စုစုပေါင်း (၄၆၄၆၈) ကျောင်းရှိပါကြောင်း၊ ဥပဓိရုပ် မကောင်းသော အန္တရာယ်ရှိသော ကျောင်းသား ဦးရေအတွက် လိုအပ်သော ကျောင်းဆောင် အရေအတွက်သည် နှစ်စဉ် ငါးထောင်ကျော် လိုအပ်လျက် ရှိပါကြောင်း၊ အချို့ကျောင်းများသည် ကျောင်းသားဦးရေ တိုးလာသည့်အတွက် ကျောင်းဆောင်သစ်များ၊ စာသင်ခန်းများ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ゞင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်ကလည်း ခွင့်ပြုဘဏ္ဍဍာငွေ အရ ဆောင်ရွက် ပေးနေပါကြောင်း၊ ကလေးငယ်များ၏ အနာဂတ်လှပရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ကျား၊ မတန်းတူ ညီမျှရေးတို့အတွက် ပညာရေးသည် အရေးကြီးပါကြောင်း၊ အရေးကြီးဆုံးဖြစ်သည့် ပညာရေးကို အကောင်အထည်ဖော်နိုင်ရန် လူတိုင်းသည် အနည်းဆုံး အခြေခံပညာကိုသင်ယူပြီး မြောက်ရမှာ ဖြစ်ပါကြောင်း၊ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ ကျောင်းထွက်သူ မရှိစေရေးအတွက် Grade 1 ၊ Grade 2 ၊ Grade 3 တွင် ဆရာ၊ ဆရာမများက စာသင်ခန်း ထဲတွင်ရှိသော ကျောင်းသား၊ ကျောင်းသူများအားလုံးကို စာဖတ်တတ်အောင်၊ စာရေးတတ်အောင်၊ အခြေခံသင်္ခ࿿ျာ အတွက်အချက်ကောင်းအောင် သင်ကြား၊ သင်ယူလေ့ကျင့်ပေးရန် အရေးကြီးပါကြောင်း၊ မူလတန်း ကျောင်းသုံး ဖတ်စာအုပ်များကို ပြုစုရာတွင်လည်း JICA နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးအရည်အသွေး ကောင်းရန်အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူလူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ Global Grand Group of Companies ဥက္ကဋ္ဌဌ ဦးသိန်းထွေးက လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ အခြေခံပညာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

          အဆိုပါ ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အလှူရှင်မိသားစုများနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment