Wednesday, December 13, 2017

(၆)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကျင်းပ














နေပြည်တော် ၂၀၁၇ ဒီဇင်ဘာ ၁၁

(၆)ကြိမ်‌မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (6th Education, Technical and Vocational Sector Coordination Group- ETVSCG) အစည်းအဝေးကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်နေ့တွင် (၅)ကြိမ်မြောက် ETVSCG ၏ အစည်းအဝေးကို ကျင်းပခဲ့ပြီး ယခုအခါတွင် အခြား ဝန်ကြီးဌာနများနှင့် ထိရောက်သော လုပ်ဆောင်မှုများကို ညှိနှိုင်းမှု ပိုမိုအားကောင်းစေရန် (၆)ကြိမ်‌မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ညှိုနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ပြီးခဲ့သည့် (၃)လအတွင်း လုပ်ဆောင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုများကို ရရှိခဲ့ပါကြောင်း၊ ゞင်းအောင်မြင်မှု များဖြစ်သည့် နိုဝင်ဘာ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့ထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင်ကျင်းပခဲ့သော 8th Model ASEM ဆွေး‌‌နွေးပွဲသို့ အာရှနှင့် ဥရောပ နိုင်ငံများမှ လူငယ် (၉၈)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြန်မာလူငယ် (၅၆)ဦးတက်‌ရောက် ကြပြီး လူငယ်များအကြား အပြန်အလှန်ဆွေးနွေးပွဲများပြုလုပ်ကြပြီး အုပ်စုတစ်ခုချင်းစီ၏ ဆွေးနွေးချက်များ အပေါ်ရရှိသည့် ထုတ်ပြန်ချက်များ အတည်ပြုခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင် ကြကြောင်း၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃)ရက်နေ့ထိလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို မြန်မာလူငယ်များအချင်းချင်း အသိပညာ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ゞင်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များနှင့်အညီ ကျင်းပခဲ့ပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍဍအသီးသီးမှ ပညာရှင်များ၊ တက္ကသိုလ်အသီးသီးတို့နှင့် ပူးပေါင်းပြီးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍဍ၏ ၂၀၁၇ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက်ခွဲ၍ အသုတ်အလိုက် အနီးကပ်နှင့် စာမေးပွဲစစ်ဆေးခြင်းများကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာတွင်လည်း သီးခြားစာစစ်ဌာန ဖွင့်လှစ်၍ အနီးကပ်သင်တန်းများ ပို့ချခြင်း၊ စာမေးပွဲဖြေဆိုခြင်းများ ဆောင်ရွက်ခဲ့ရာ သက္ကယ်ပြင်ကျေးရွာ စာစစ်ဌာနတွင် စာရင်းရှိ (၈) ဦး ရာနှုန်းပြည့်ဖြေဆိုခဲ့ပါကြောင်း၊ အခြေခံပညာကဏ္ဍဍ ဖြစ်သည့် အခြေခံစာတက်မြောက်ရေး လုပ်ငန်းကိုလည်း ကရင်ပြည်နယ် နှင့် တနင်္သ࿿ာရီတိုင်းဒေသကြီးတို့တွင် အောက်တိုဘာလမှ နိုဝင်ဘာလအထိ ရက်(၄၀)ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍဍ)ကို ဒီဇင်ဘာလ (၈) ရက်နေ့က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင်ကျင်းပခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ETVSCG ၏ ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်သည့် ပညာရေးဝန်ကြီး ဌာနအောက်ရှိ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်သာ ပညာရေးဦးစီးဌာန၊ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍဍများကို မြှင့်တင်ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဒေသအကျိုးပြု သင်တန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားတွင် ပညာရေးကဏ္ဍဍအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် အစီအစဉ်များနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်လာကြသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များမှ အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment