Monday, December 25, 2017

၂၀၁၇ ခုနှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ ဆုနှင်းသဘင် အခမ်းအနားကျင်းပ








ရန်ကုန် ၂၀၁၇ ဒီဇင်ဘာ ၂၄

၂၀၁၇ ခုနှစ် ပညာတန်ဆောင်စာပေပြိုင်ပွဲ ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ်၌ ကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားတွင် ရန်ကင်းပညာရေးကောလိပ်မှ ကျောင်းသား ကျောင်းသူများက "ထာဝစဉ်ထွန်းလင်းနေမည့် ပညာတန်ဆောင်" သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဌ ဆရာကြီး ဒေါက်တာဦးသန်းဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ယင်းနောက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဌ ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် တာဝန်ရှိသူများက ပညာတန်ဆောင် ဂုဏ်ထူးဆောင်ဆုရဆရာကြီး (၂)ဦး ကမ္ဘာ့ဆရာများနေ့ဂုဏ်ပြုခံ ဆရာကြီး(၂)ဦး၊ ဆရာမ (၁)ဦး၊ အမျိုးသားစာပေဆုနှင့်စာပေဗိမာန်စာမူ ဆုရ(၄)ဦး၊ အထူးဂုဏ်ပြုဆု (ကျောင်းသားငယ်ကို အသက်စွန့်ကယ်တင်သူ စွန့်စားထူးချွန် အာစရိယဆု) ရရှိသူ(၁)ဦး၊ စာပေပြိုင်ပွဲ ဘာသာရပ် (၇)မျိုးတွင် ပထမဆုရရှိသူ(၇)ဦး၊ ဒုတိယဆုရရှိသူ(၇)ဦး၊ တတိယဆု ရရှိသူ(၇)ဦး၊ မူလတန်းဆင့် ရုပ်ပြစာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူ(၇)ဦးတို့အား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် ဆုရရှိကြသူများကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် အလက ရွာတန်းရှည်မှ အထွေထွေလုပ်သား ဦးကျော်သူရဦးနှင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမက မူလွန် ကန်သာယာ၊ သုံးခွကျေးရွာမှ စတုတ္ထတန်းကျောင်းသား မောင်ဓနထွန်းတို့က ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment