Friday, December 29, 2017
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကျင်းပ
မန္တလေး ၂၀၁၇ ဒီဇင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူး များနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ ဆိုင်ရာဆွေးနွေးပွဲသင်တန်းကို (၂၉-၁၂-၂၀၁၇) ရက်နေ့ နံနက် ၉:၃၀ နာရီတွင် မန္တလေးမြို့ အမှတ် (၁၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယခုဆွေးနွေးပွဲသင်တန်းတွင် စာစစ်ဌာနများ လျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးသည့်ကာလနှင့် တစ်နေ့တာ ဆောင်ရွက်ရမည့် အချိန်ဇယားများ၊ စာဖြေသူများ စာရင်းပြုစုရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီး ကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန်စည်းကမ်းချက်များ အစရှိသည့် လုပ်ငန်းလက်စွဲပါ အချက်များကို ညှိနှိုင်းဆွေးနွေး၍လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲ လုပ်ငန်းဆိုင်ရာများကို ယခင်နှစ်အတွေ့အကြုံများအရ အားသာ ချက်များကို ပိုမိုကောင်းမွန်စေရေးနှင့် အားနည်းချက်များလျော့နည်းလာအောင် ပြင်ဆင်၍အောင်မြင်စွာကျင်းပနိုင်ရေး စနစ်တကျပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စာမေးပွဲပြီး၍ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးကောင်းမွန်ပြီး လက်ရှိသင်ကြားပို့ချနေ သည့်ဘာသာရပ်နှင့် ကိုက်ညီသော ဆရာ/ဆရာမဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လုပ်ငန်း အောင်မြင်ရေးအတွက် မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီဖေးမ၍ တန်ဖိုးထားဆောင်ရွက်ရန် လိုပါကြောင်း စာမေးပွဲတွင် မသမာဖြေဆိုမှုများ လုံးဝမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။ ယနေ့အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုဂ္ဂလိကကျောင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment