Saturday, December 30, 2017

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ

















စစ်ကိုင်း ၂၀၁၇ ဒီဇင်ဘာ၂၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၉-၁၂-၂၀၁၉ နေ့လည်(၁)နာရီတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲခြင်းနှင့် အရည်အသွေး ပြည့်ဝသော ပညာရေးကို ဖော်ဆောင်ရာတွင် ကျောင်းနေနှုန်းမြင့်မားရေး ကျောင်းထွက်သူမရှိရေး ပညာသင်ယူတတ်မြောက်မှု အရည်အသွေးပြည့်ဝရေးတို့ အရေးကြီးသည့်အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ မူလတန်းကျောင်းနေအရွယ်အားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရေးကို အလေးထားအကောင်အထည်ဖော်နေပါကြောင်း၊ Grade1, Grade2, Grade3 ကျောင်းသား၊ ကျောင်းသူအားလုံးကို ဆရာဆရာမများက စာဖတ်နိုင်ရန် စာရေးနိုင်ရန် အခြေခံသင်္ခ࿿ျာတွက်နိုင်ရန် သင်ကြားသင်ယူ လေ့ကျင့်ပေးပါက တစ်သက်လုံးအတွက် စာရေးနိုင်စာဖတ်နိုင်တွက်ချက်နိုင်မည်ဖြစ်ပါကြောင်း မူလတန်းပညာ သင်ယူပြီးမြောက်ပါကလည်း အလယ်တန်း၊ အထက်တန်းဆက်လက်ပညာသင်ယူရန်နှင့် ဝါသနာပါသော အသက်မွေးဝမ်းကြောင်းသင်တန်း (သို့မဟုတ်) တက္ကသိုလ်ပညာရေးတက်ရောက်၍ ဘွဲ့ဒီဂရီတစ်ခုခုရပြီးပါက တန်ဘိုးရှိသောဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါကြောင်း ထို့ကြောင့် အရည်အသွေးမြင့်ပညာရေးကို ဖော်ဆောင်ရာတွင် ပညာရေးတက္ကသိုလ်၏ အခန်းကဏ္ဍဍသည် အလွန်အရေးကြီးပါကြောင်း အရည်အသွေးရှိသော BEdဘွဲ့ရဆရာဆရာမများ မွေးထုတ်နိုင်ရေးအတွက် တက္ကသိုလ်ဆရာ/ ဆရာမများ အနေဖြင့် အထူးပြုဘာသာရပ်ကျွမ်းကျင်မှုအပြင် အင်္ဂ္လိပ်စာ၊ ICT အရည်အသွေးများ တိုးတက်အောင်ဆောင်ရွက်ကြရန်နှင့် စာများများဖတ်၍ သုတေသနစာတမ်း၊ သုတေသနလုပ်ငန်းများ၊ ထိရောက်အကျိုးရှိအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း သင်တန်းတက်နေသည့် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများအနေဖြင့် ဘွဲ့ရသည့်အခါ ကိုယ်တာဝန်ကျရာကျောင်းမှ ကျောင်းသား/ကျောင်းသူများအား လူသားကောင်းများဖြစ်အောင်၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင်၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင်၊ တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးမှာကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment