Wednesday, December 6, 2017
ကျောင်းများတွင် သန့်ရှင်းသောရေ ရရှိရေး သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေးဆိုင်ရာ ဆဌမအကြိမ်မြောက် နိုင်ငံတကာလေ့လာသင်ယူမှု နှီးနှောဖလှယ်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၇ ဒီဇင်ဘာ ၁
ဆဌမအကြိမ်မြောက် နိုင်ငံတကာလေ့လာသင်ယူမှု နှီးနှောဖလှယ်ပွဲ(ILE) ပိတ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းစင်တာ-၂ (MICC-2)၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ၂၀၁၈ ခုနှစ်တွင် သတ္တမအကြိမ်မြောက် နိုင်ငံတကာလေ့လာသင်ယူမှု နှီးနှောဖလှယ်ပွဲ(ILE)ကျင်းပမည့် တောင်အာရှ ကိုယ်စားလှယ်များထံသို့လွှဲ ပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်ပစ္စည်းပေးအပ်သည်။ ထို့နောက် ဆဌမအကြိမ်မြောက် နိုင်ငံတကာလေ့လာသင်ယူမှု နှီးနှောဖလှယ်ပွဲ၏ အတွေ့အကြုံများကို ဆွေးနွေးပွဲတက် ရောက်လာကြသည့် ကိုယ်စားလှယ်များ၏ကိုယ်စား ကိုယ်စားလှယ်သုံးဦးက ရှင်းလင်း ပြောကြားကြသည်။
ဆက်လတ်၍ GIZ မှ Coordinator Mr.Alexander Adam winkscha နှင့် ယူနီဆက်ဖ်မှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Paul Edwards တို့က အမှာစကားပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက အမှာစကားပြောကြားရာ ကျောင်းများတွင် WASH နှင့်ပတ်သက်သော အလေ့အကျင့်ကောင်းများ ရေရှည် တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ပြီး(၆)ကြိမ်မြောက် ILE အစီအစဉ်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ပါကြောင်း၊ WASH in Schools နှင့်ပတ်သက် ၍ နိုင်ငံတကာ နှင့်ဒေသတွင်း တတ်ရောက်လာသူများ အချင်းချင်း အထောက်အထား အခြေပြု လက်တွေ့ကျင့်သုံးမှုများအပြင် လုပ်ငန်းစဉ်အသစ်များနှင့် လေ့လာကြီးကြပ်ခြင်းများ ဆွေးနွေးခွင့်ရရှိခဲ့ပါကြောင်း၊ Participantsများ၏ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ သွားရောက်လေ့လာရာမှ တွေ့ရှိချက်များ အချက်အလက်များကိုလည်း အလေးအနက်ထားပါကြောင်း၊ ကလေးများ ကျန်းမာပျော်ရွှင်စွာ သင်ယူနိုင်မည့် ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်နှင့် Equity Issue များအတွက် Participants များ၏ အားသာချက် အားနည်းချက်စသဖြင့် အကြံပြုချက်များအပေါ် အကောင်းဆုံး ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ WASH in Schools နှင့် စပ်လျဉ်၍ ဖြစ်ပေါ်နေသော အခက်အခဲစိန်ခေါ်နေမှုများကို အတူတကွပေါင်းစပ်ညှိနှိုင်းခွင့်နှင့် အတွေ့အကြုံများဖလှယ်ခွင့် ရရှိပြီးကောင်းစွာ လက်တွေ့အသုံးချနိုင်ခဲ့ပါကြောင်း၊ WASH in Schools အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက် ၍ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသူများ၊ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ကြသူများ၊ သက်ဆိုင်ရာ ဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးကြကြောင်းသတင်းရရှိသည်။</p>
Subscribe to:
Post Comments (Atom)
No comments:
Post a Comment