Friday, December 29, 2017

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂ္လိပ်စာနှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကျင်းပ
















နေပြည်တော် ၂၀၁၇ ဒီဇင်ဘာ ၂၈

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂ္လိပ်စာနှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီတွင် နေပြည်တော်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိမင်္ဂ္လာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်း/ခရိုင် ပညာရေးမှူးများ၊ ပါမောက္ခ(ဌာနမှူး) များနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားပြီး အင်္ဂ္လိပ်စာဘာသာ စာစစ်မှူးချုပ် ၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ၏ အင်္ဂ္လိပ်စာဖြေဆိုမှုစွမ်းရည်နှင့် ပတ်သက်၍ လည်းကောင်း၊ သင်္ခ࿿ျာဘာသာစာစစ်မှူးချုပ်၊ ရန်ကုန်တက္ကသိုလ်၊ သင်္ခ࿿ျာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာကေတီတင်က ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ၏ သင်္ခ࿿ျာဖြေဆိုမှု စွမ်းရည်နှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြသည်။ ထို့နောက် အင်္ဂ္လိပ်စာပြိုင်ပွဲတွင် ဆန်ကာတင်ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများက အင်္ဂ္လိပ်စာ စွမ်းရည်ကို သရုပ်ပြတင်ဆက်ကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဋ္ဌဌမတန်းမှ အင်္ဂ္လိပ်စာပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်လမင်းမြတ်၊ ဒုတိယဆုရရှိသူ မသွန်းဝတီလမင်း၊ တတိယဆုရရှိသူ မမြယွန်းမိုနှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ကောင်းမင်းသန့်၊ ဒုတိယဆုရရှိသူ မောင်ဟိန်းသန့်၊ တတိယဆုရရှိသူ မောင်အောင်ပိုင်ခန့်တို့အားလည်းကောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သတ္တမတန်းမှ အင်္ဂ္လိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်တည်တံ့၊ ဒုတိယဆုရရှိသူ မမေမြတ်နိုးဇင်၊ တတိယဆုရရှိသူ မအင်ကြင်းမေနှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဇာနည်ဘုန်းထက်၊ ဒုတိယဆုရရှိသူ မောင်နေစိုးလွင်၊ တတိယဆုရရှိသူ မောင်မင်းသီဟတို့အားလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက ဆဋ္ဌဌမတန်းမှ အင်္ဂ္လိပ်စာပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်လင်းမာန်ခန့်၊ ဒုတိယဆုရရှိသူ မသဉ္ဇာနှင်းယု၊ တတိယဆုရရှိသူ မကြယ်စင်ရဲထွဋ်နှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မမြတ်နိုးခင်၊ ဒုတိယဆုရရှိသူ မသံစဉ်ထက်နိုင်၊ တတိယဆုရရှိသူ မဆိုင်းနူးအောင်တို့အားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ အင်္ဂ္လိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာပိုးပိုးက ပဉ္စမတန်းမှ အင်္ဂ္လိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ညီဟိန်းဇော်၊ ဒုတိယဆုရရှိသူ မငွေကြယ်ဖူးငုံ တတိယဆုရရှိသူ မဖူးသဉ္ဇာကိုနှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်စိုးသွေးကို၊ ဒုတိယဆုရရှိသူ မစွဲအေးချမ်းထက်၊ တတိယဆုရရှိသူ မောင်ဉာဏ်ထက်ဦးတို့အားလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ သင်္ခ࿿ျာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာကေသီတင်က စတုတ္ထတန်းမှ အင်္ဂ္လိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဆောင်းမင်းထွန်း၊ ဒုတိယဆုရရှိသူ မချစ်ဆုဆုစံ၊ တတိယဆုရရှိသူ မောင်စိုင်းညွှန်းဆက်နှင့် သင်္ခ࿿ျာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်ဉာဏ်လင်းထူး၊ ဒုတိယဆုရရှိသူ မောင်ထူးထက်အောင်၊ တတိယဆုရရှိသူ မောင်သော်လင်းချစ် တို့အားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ကြသည်။ ထို့နောက် အကဲဖြတ်စစ်ဆေးခြင်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးသော တက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် အင်္ဂ္လိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ကူညီပေးသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment